ပိုလန်နိုင်ငံရဲ့ နှင်းကျပြီး အေးစိမ့်လှတဲ့ ညချမ်းမှာ မြ၀န်းရံနဲ့ ပြည်မိုးငြိမ်းတို့ စတင်ဆုံစည်းခဲ့ပြီး အလောင်းအစား တစ်ခု လုပ်မိခဲ့ကြတယ်။
အကောင်းမြင်ဝါဒတွေနဲ့သာ ကမ္ဘာလောကကြီးကို တည်ဆောက်ချင်တဲ့ ပြည်မိုးငြိမ်း။
အေးချမ်းတွေ နေရာတွေ အများကြီး ရှိတယ်လို့ ခံယူထားသူ။
အခြားသူတွေရဲ့ နာကျင်မှုတွေကို ၀င်ခံစားကြည့်ပြီး နာကျင်စရာ သမိုင်းတွေကို စိတ်၀င်စားတဲ့ မြ၀န်းရံ။
ဘယ်နေရာမှ နာကျင်စရာတွေနဲ့ မကင်းလွတ်ဘူးလို့ လက်ခံထားသူ။
ကမ္ဘာပေါ်မှာ ဆိုးယုတ်မှုနဲ့ ကင်းလွတ်ပြီး ငြိမ်းချမ်းတဲ့ နေရာ ရှိ မရှိ အလောင်းအစား လုပ်ကြတယ်။
ပြည်မိုးငြိမ်းပြောတဲ့ နေရာတစ်ခုက တကယ်ပဲ ငြိမ်းချမ်းမှု ရှိမရှိ ဆိုတာကို မြ၀န်းရံက ရှာဖွေရမယ်။
အကယ်၍ အဲ့ဒီနေရာက ငြိမ်းချမ်းမှု ရှိခဲ့ရင် မြ၀န်းရံ ရှုံးပြီ။
နာကျင်စရာ ဆိုးယုတ်မှုတွေ ရှိခဲ့ရင် ပြေမိုးငြိမ်း ရှုံးပြီ။
အလောင်းအစားကတော့
မြ၀န်းရံ ရှုံးရင် ပြေမိုးငြိမ်းကို လက်ထပ်ရမှာ ဖြစ်ပြီး
ပြေမိုးငြိမ်းရှူံးရင်တော့ သူ အင်မတန် မြတ်နိုးတဲ့ သဘာ၀ပတ်၀န်းကျင် ဒီဇိုင်းပညာရှင် အလုပ်ကို တစ်သက်လုံး စွန့်လွှတ်ရမယ်။
ဆရာမ ဂျူး ဆိုတဲ့ အတိုင်း
စာအုပ်ကတော့ ပြောစရာ မရှိလောက်အောင်ကို
စိတ်၀င်စားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဆရာမ ဂျူးရဲ့ စာအုပ်တွေထဲမှာ
ဇာတ်လမ်းစစချင်း စိတ်၀င်စားမှု အားကောင်းစေတဲ့ ၀တ္ထုထဲ ဒီ " ပိုချစ်ရတဲ့သူ ကိုယ် ဖြစ်ပါစေ " နဲ့ " နံရံရဲ့ အခြားတစ်ဖက် " က ထိပ်ဆုံးက ပါမယ် ထင်တယ်။
ကျွန်မ တအားကြိုက်တယ်။
အထဲက ဇာတ်လမ်းကလဲ စိတ်၀င်စားမှု
ကောင်းတယ် ဆိုပေမဲ့ ကျွန်မအတွက်တော့
" ဆုံနေရက်နဲ့ လွမ်းလေခြင်း " လို တစ်ခန်းမှ မလွတ်ဘဲ စိတ်၀င်စားနေတာတော့ မဟုတ်။
နဂိုက စာဖတ်ရင် အပျင်းဓာတ်ခံပါတဲ့ ကျွန်မအတွက်သာပါ။
အခြားသူတွေ အတော်များများ နှစ်သက် သဘောကျမဲ့ စာအုပ်ကောင်းတစ်အုပ်ဆိုတာကတော့ မလွဲပါဘူး။
ချိုရည်မွန်