Book Image
ဂျူး

ဂျူးသည် မြန်မာစာပေလောကတွင် အရောင်းရဆုံး စာရင်းဝင် မြန်မာအမျိုးသမီး စာရေးဆရာမ ဖြစ်သည်။ ဝေဖန်မှုတွေများစွာနှင့် ရေးသားလာခဲ့ရသော စာရေးဆရာမတစ်ဦးလည်း ဖြစ်သည်။

မာတိကာ   

ကိုယ်ရေးဖြစ်စဉ်

သူ့အကြိုက် ကဗျာ အမျိုးအစား

စာပေရေးရာ

ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

၄.၁ အခြား စာရေး ဆရာများနှင့် ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

ကိုးကား

ကိုယ်ရေးဖြစ်စဉ်

ဂျူးကို ရေနံချောင်းမြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်တို့မှ မွေးဖွားသည်။ [၁][၂]အမည်ရင်းမှာ တင်⁠တင်ဝင်း ဖြစ်သည်။ မွေးချင်း (၅)ယောက်အနက် တတိယမြောက်ဖြစ်သည်။

ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီ⁠ဘီအက်စ် ဘွဲ့ရရှိခဲ့သည်။

ရေနံချောင်း ကောလိပ် မဂ္ဂဇင်းတွင် ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတို စတင် ဖော်ပြခြင်း ခံရပြီး မန္တလေး တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းနှင့် ရှုမဝ မဂ္ဂဇင်း များတွင် ကဗျာနှင့် ဝတ္ထုတိုများ ရေးသားရင်း ထင်ရှား လာခဲ့သည်။ မဟေသီ၊ ဒဂုန်၊ ဟန်သစ်၊ ချယ်ရီ၊ ကလျာ၊ စပယ်ဖြူ မဂ္ဂဇင်း များတွင်လည်း ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်နှင့် ဆောင်းပါးများ ရေးသားသည်။ နောက် ကြာတော့ သည်လည်း မောင့်စကား၊ နံရံ၏ အခြား တဖက်မှာ၊ ပင်လယ်နှင့် တူသော မိန်းမများ၊ အစ ရှိသော ဝတ္ထုရှည် လုံးချင်း များမှာ ထင်ရှားသည်။ ဝတ္ထုတို လုံးချင်း စာအုပ်များ မှာလည်း ထင်ရှားသည်။ ရာဇဝင်ထဲမှာ မောင့်ကို ထားရစ် ခဲ့နှင့် အခြား ဝတ္ထုတိုများ၊ ကောင်းကင် မပါသော ညများ နှင့် အခြား ဝတ္ထုတို များတို့ ဖြစ်သည်။

သူ့အကြိုက် ကဗျာ အမျိုးအစား 

ဂျူး၏ သဘောအကျဆုံး ကဗျာ အမျိုးအစားက ရတုဖြစ်သည်။ နတ်သျှင်နောင်၏ ရတုများ၊ ရဝေရှင်ထွေး၏ ရတုများ၊ ဓာတုကလျာ၏ ရတုများနှင့် နဝဒေး ရတုများကို တော်တော်များများ နှစ်သက်ခဲ့သည်။ ထို့ကြောင့် ခြောက်တန်း၊ ခုနစ်တန်း လောက်ကစ၍ ရတုစပ်နည်း ပေါင်းစုံကို စိတ်ဝင်တစား လေ့လာခဲ့သည်။

စာပေရေးရာ

စတုတ္ထတန်း အရွယ်တွင် မိခင် ဖြစ်သူက စာရေးဆရာ ဓူဝံ၏ မာလာ ဝတ္ထုကို ပေးဖတ် ခဲ့သည်။ ထိုအချိန်မှ စ၍ စာရေး ဆရာနှင့် ဝတ္ထု အတတ် ပညာကို စိတ်ဝင်စားကာ စာရေးဆရာ ဖြစ်ချင် ခဲ့သည်။ မူလ ရည်ရွယ်ချက်မှာ တက္ကသိုလ် ဆရာမ လုပ်ကိုင်ရင်း စာရေးဆရာ ဖြစ်ရန် ရည်ရွယ်ခဲ့သည်။ ဆယ်တန်း ဖြေပြီးချိန်တွင် ဆရာဝန် ဖြစ်ရန် မရည်ရွယ် သော်လည်း မိခင်၏ တိုက်တွန်းချက် အရ ဆေး တက္ကသိုလ်သို့ တက်ရောက် ခဲ့သည်။ ၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြ ခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝ ရုပ်စုံမဂ္ဂဇင်းပါ သက်ငင်ချစ် (ချစ်ကိုယ်တွေ့) ဝတ္ထုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အမှတ်တရ ဝတ္ထုဖြင့် အောင်မြင်သော စာရေးဆရာ (ဝေဖန်ခံရသော စာအုပ်) ဖြစ်လာသည်။[၁][၃] ၁၉⁠၉၄ ခုနှစ်တွင် ကိုယ်တိုင် ထုတ်ဝေသူ ဖြစ်လာ ခဲ့ပြီး ဂျူးစာပေတိုက်ကို တည်ထောင် ခဲ့သည်။ ယနေ့အထိ ထင်ရှား လူကြိုက်များသော လုံးချင်း ဝတ္ထုများ သာမက ဝတ္ထုတို၊ ဝတ္ထုရှည်များ၊ ရုပ်ရှင် ခံစားမှု (မဟေသီ)၊ ချစ်သော ဤကမ္ဘာ ကဏ္ဍ (ကလျာ)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်းပါးများ စသည့် ဆောင်းပါးများ၊ ရုပ်ရှင် ဇာတ်ညွှန်းများပါ ရေးသားလျက် ရှိသည်။ ဂျူး ရေးသား ခဲ့သော စာအုပ်များ အနက် ကြာတော့သည်လည်း မောင့်စကား၊ ကြေမွသွားသော တိမ်တိုက်များ အကြောင်း၊ ပင်လယ်နှင့်တူသော မိန်းမများ၊ မရှိမဖြစ်မိုး၊ မြစ်တို့၏ မာယာ စသည် တို့ကို ရုပ်ရှင် ရိုက်ကူး ခဲ့ရသည်။ တစ်ဦးတည်းသော သား ဝတ္ထုကို (၁၉⁠၉၀) ပြည့်နှစ်တွင် ဗီဒီယို ရိုက်ကူးခဲ့သည်။ ဂျူး ရေးသား ခဲ့သော ဝတ္ထုများ အနက် ရိုမန်တစ် တစ္ဆေ (မြန်မာ အမျိုးသမီး စာရေး ဆရာမ ၁၂ ဦး) ကို ၁၉၈၆ ခုနှစ်က လည်းကောင်း၊ အဝေးကြည့် မှန်ပြောင်း (နားကြပ်ကိုဆောင် ကလောင်ကို ကိုင်ဆွဲ) ကို ၁၉၈၇ ခုနှစ်က လည်းကောင်း ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သည်။ စာရေး ဆရာမ ဂျူးသည် ကြည့်မြင်တိုင် မြို့နယ် အထက်ကြည့်မြင်တိုင် လမ်းတွင် နေထိုင်လျက် ရှိသည်။

ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

အမှတ်တရ (၁၉၈၇)

မြစ်တို့၏ မာယာ (၁၉⁠၉၀)

ကြေမွသွားသော တိမ်တိုက်များအကြောင်း (၁၉⁠၉၁)

ကောင်းကင်မပါသော ညနှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၁)

မရှိမဖြစ်မိုး (၁၉⁠၉၂)

နံရံ၏ အခြားတဖက် (၁၉⁠၉၃)

မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် (၁၉⁠၉၄)

ချစ်ခြင်း၏ အနုပညာနှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၄)

ကံကြမ္မာကို မယုံကြည်ကြသူများ (၁၉⁠၉၅)

မြစ်တစင်းကို ဖြတ်ကျော်ခြင်း (၁၉⁠၉၆)

ပင်လယ်နှင့်တူသော မိန်းမများ (၁၉⁠၉၆)

ရေမျှောသီး (၁၉⁠၉၇)

ကြာတော့သည်လည်း မောင့်စကား (၁၉⁠၉၇)

ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ (၁၉⁠၉၇)

ကျွန်မ၏ သစ်ပင် (၁၉⁠၉၇)

ကျွန်မဖတ်ခဲ့သော စာအုပ်များ (၁၉⁠၉၈)

ဆရာဝန် တယောက်၏ မှတ်စုများ (၁၉⁠၉၉)

ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ (၂၀၀၀)

ကြယ်စင်တံတား ကမ်းပါးနှင်းမြူ (၂၀၀၂)

သူမင်းကိုဘယ်တော့မှ (၂၀၀၈)

ကျွန်မကိုပြန်ကြည့်နေတဲ့ကျွန်မရဲ့အရိပ် (၂၀၀၈)

"ပိုချစ်ရ​တဲ့သူ ကိုယ်ပဲဖြစ်ပါ​စေ"(၂၀၁၁)

သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ (၂၀၁၈)


အခြား စာရေး ဆရာများနှင့် ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

ချစ်တယ် ကြိုက်တယ် ဆိုတာ ဘယ်လိုဟာမျိုး ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောပြစမ်းပါ နှမတော်လေးရယ်နှင့် အခြားဝတ္ထုများ (၁၉⁠၉၉)

စာဆိုနှင့် စာ (ဆောင်းပါးပေါင်းချုပ်)

ပျောက်ဆုံးနေသော (၁၉⁠၉၇)

မြန်မာဝတ္ထုတို အဖွင့် အပိုင်း (၁) (၁၉⁠၉၈)

ရာစုသစ်သို့ ပျံသန်းခြင်း (ဝတ္ထုတိုစု)

အရောင်များနှင့် ကစားခြင်း

ဥတ္တရလမင်း ခံစားသူအကြိုက် ဝတ္ထုတိုများ (၁၉⁠၉၉)

ကြည်းတော၌မိုးခေါ်ခြင်း (ဂျူး၊ နေဝင်းမြင့်)

ပျောက်ဆုံးသွားသောမိန်းမ (ဂျူး၊ဒေါက်တာမြင့်ဇော်


ကိုးကား

↑ Jump up to: ၁.၀ ၁.၁ "ဂျူး" (in Burmese)၊ Yatanarpon၊ 25 March 2011။ 17 July 2015 တွင် ပြန်စစ်ပြီး။

Jump up ↑ "50 outstanding Myanmar women"၊ Myanmar Times၊ 10 June 2013။ 17 July 2015 တွင် ပြန်စစ်ပြီး။

Jump up ↑ "Burma’s Influential Figures"၊ The Irrawaddy၊ December 2003။ 17 July 2015 တွင် ပြန်စစ်ပြီး။

Jump up ↑ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်) စာတည်း အဖွဲ့ (၂၀၀၃ ခုနှစ်၊ ဧပြီလ). နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း, ပထမ အကြိမ်, ပညာရွှေတောင် စာအုပ်တိုက်.

Jump up ↑ "" (၂၀⁠၀၀-ပြည့်နှစ်၊ ဇူလိုင်လ). ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်း အမှတ်(၆၂).


Reference from: wikipedia

Written Books

Book Review Image

အဝေးကြည့်မှန်ပြောင်းနှင့် အခြားဝတ္ထုတိုများ

ဂျူး
Book Review Image

သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ

ဂျူး
Book Review Image

အမှတ်တရ

ဂျူး
Book Review Image

ဆရာဝန်တစ်ယောက်၏မှတ်စုများ

ဂျူး
Book Review Image

သူမင်းကို ဘယ်​​တော့မှ

ဂျူး
Book Review Image

အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ

ဂျူး
Book Review Image

ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ

ဂျူး