Book Image

ဆရာဝန်တစ်ယောက်၏မှတ်စုများ

ဂျူး

ဂျူး (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/68/show

ဆရာဝန်တစ်ယောက်၏မှတ်စုများ

""""""""""""""""""""""""""""""""""

ကျနော်ကြိုက်တဲ့ စာရေးဆရာထဲမှာ ဂျူးလည်းပါတယ်။ ဂျူးဟာ ဝတၳုတို၊ ဝတၳုရှည်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါး၊ ရုပ်ရှင်ခံစားမှု၊ သီချင်းခံစားမှု၊ လူငယ်ဆိုင်ရာ ဆောင်းပါးတွေရေးတဲ့ စာရေးဆရာမတစ်ယောက် ဖြစ်ပါတယ်။ တစ်ခါတစ်ရံလည်း ကဗျာတွေရေးပါတယ် ကဗျာရေးတာတော့ နည်းပါတယ်။ ကျွန်မဖတ်ခဲ့သောစာအုပ်များကတော့ သ့ူရဲ့စာဖတ်အား ဒီဂရီကို ထုတ်ပြတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ 

တချို့သော စာသမားတွေက ဂျူးဆို မဖတ်ဘူး။ ဖတ်စရာမလိုဘူး။ ဂျူးရဲ့စာအုပ်တွေဟာ ယောကျာ်းမကောင်းပြောတဲ့ စာအုပ်တွေ၊ ဂျူးစာအုပ်တွေ ဖတ်လို့ အပျိုကြီးဖြစ်နေတာ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေကြတာအစုံပါပဲ။ ကျနော့်ဘာမှ ကန့်ကွက်စရာ မရှိပါ။ ကျနော်တို့ဟာ ကိုယ့်အတွေးနဲ့ကိုယ် ကယ်လ်ဆမ်ကွေကာ သောက်သူများသာ။ ကျနော်လည်း ဂျူးစာအုပ်တွေ တော်တော်များများကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ ဂျူးရဲ့ ဝတၳုတိုတွေပါ(ဒီလိုပြောတာ ဝတၳုရှည်တွေ နဲ့ အခြားဟာတွေ မကောင်းဘူး ပြောတာမဟုတ်ပါဘူး)။ တော်ကီဖုတ်နေတာ တော်တော်များသွားပြီ စာအုပ်အကြောင်း ပြောကြရအောင်....။



ကျနော်ဟာ ဂျူးစာအုပ်တွေ တော်တော်များများကို လွန်ခဲ့သော ၅ နှစ်ဝန်းကျင်လောက်က ဖတ်ဖူးခဲ့ပေမယ့် ဒီစာအုပ်ေလေးကိုတော့ အခုမှဖတ်ဖူးတာပါ။ ဒီစာအုပ်ရှိတယ် ထွက်ခဲ့တယ်ဆိုတာ သိရဲ့သားနဲ့ ရှာမရခဲ့ပါဘူး။ ရှားပါးလေးပေါ့။ 

ဒီစာအုပ်ကလေးကတော့ သူ(ဂျူး)ရဲ့ ဆရာဝန်ဘဝ အတွေ့အကြုံကို ပြန်လှန်ဖောက်သည်ချထားတဲ့ ဝတၳုတိုပေါင်းချုပ် စာအုပ်ပါးပါးလေးပါ။ ဒီစာအုပ်ထဲမှာ ဝတၳုတို (၆)ပုဒ် ပါပါတယ်။

၁။ လရောင်ကြောက်သူ
၂။ ဆရာဝန်တစ်ယောက်၏ မှတ်စုများ
၃။ ဆရာဝန် နှစ်ယောက်
၄။ ကျွန်မနှင့် ဆေးလိပ်
၅။ ဖျားနေတဲ့မြို့
၆။ ဆူးနှင့်ဖက် တို့်ပဲ ဖြစ်ပါတယ်။ 

၁။ လရောင်ကြောက်သူ
ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားတဲ့ မိန်းမတစ်ယောက် စိတ်ကျန်းမာရေး ဆေးရုံးပေါ်ရောက်တဲ့ ဝတၳုတိုလေးပါ။ လသာတဲ့ ညတစ်ညမှာ ဖောက်ပြန်တဲ့ ယောကျာ်းကြောင့် စိတ်ဒဏ်ရာရ။ နောက် ကလေးမွေးတော့ အသေလေးမွေး အဲ့မှာ ပိုဆိုးသွားပြီး ပိုးသတ်ဆေးသောက်။ စိတ်ကျန်းမာရေး ဆေးရုံရောက်လာ။ သူ့ယောကျာ်းဖောက်ပြန်တာ လရောင်ကြောင့်ဆိုပြီး လရောင်ကို ကြောက်နေတာ တစ်နည်းအားဖြင့် လရောင်ကို မုန်းတီးနေသူတစ်ယောက် အကြောင်း။ 

၂။ ဆရာဝန်တစ်ယောက်၏ မှတ်စုများ
မိသားစုမှာ ယောကျာ်းက အလုပ်မလုပ် အရက်သောက် မိန်းမတစ်ယောက်ရဲ့ ဈေးရောင်းလုပ်စာနဲ့ ရပ်တည်နေရတဲ့ ကလေးတွေများနေလို့ သားဆက်ခြားဖို့ သူ့့ ယောကျာ်းကိုမသိပဲ ဆရာဝန်ဆီ တားဆေးလာထိုးတာ သူ့ယောက်ကျာ်း သိသွားတော့ ဆရာဝန်ဆီလာပြီး ရန်လာတွေ့။ သားဆက်ခြားမယ့်မိန်းမရဲ့ ယောကျာ်းနဲ့ပြန်သွား။ ဈေးသည်မိန်းမလည်း ဆရာဝန်ဆီ ထပ်မရောက်လာတော့ ။ နောက် နှစ်တွေကြာတော့ ဆရာဝန်ဟာ အဲ့ဒီ ဈေးသည်မိန်းကလေး အိမ်ရှေ့မှာ ဖြတ်မိတော့ ကလေးတွေ အများကြီးနဲ့ ဆင်းဆင်းရဲရဲနဲ့ ဘဝကို ဖြတ်သန်းနေတာ တွေ့တော့ ဆရာဝန် ကိုယ်တိုင် တာဝန်မကျေသလို ခံစားမိတဲ့အကြောင်းပါ။

၃။ ဆရာဝန် နှစ်ယောက်
ဆရာဝန်တွေရဲ့နေ့စဉ်ဘဝအကြောင်း၊ အိမ်မှာဆရာဝန်ခေါ်ပြီး ကုသတာထက် ဆေးရုံ၊ ဆေးခန်း ကုသရတာ အဆင်ပြေတဲ့အကြောင်း၊ ဆရာဝန်တွေက လူနာတွေအပေါ်မှာ ထားရှိမဲ့ စိတ်ထားတွေအကြောင်း လေးပါ။

၄။ ကျွန်မနှင့်ဆေးလိပ်
ဂျူးက ချစ်သူ၊ တူ၊ အမေ...စသည့် သူ့ပတ်ဝန်းကျင်က ဆေးလိပ်သောက်တဲ့သူတွေ ဆေးလိပ်မသောက်ဖို့ စည်းရုံးတာ မအောင်မြင်တဲ့အကြောင်း၊ သူ့ရဲ့ အမေဆေးလိပ်ကြောင့် အဆုတ်ရောဂါဖြစ်ပြီး ဆုံးသွားအကြောင်း၊ ဆေးလိပ်ကြော်ငြာတွေအကြောင်း၊ ဆေးလိပ်သောက်တာဟာ သောက်သုံးသူကိုယ်တိုင် ဒုက္ခပေးရုံးမကပဲ အခြားသူများပါ ရောဂါ ရစေကြောင်း ရေးထားတဲ့ ဝတၳုတိုလေးပါ။ (စကားချပ်။ ။ သူ့ဝတၳုစာအုပ်ကို ဆေးလိပ်သောက်ပြီး ဖတ်နေတယ် ဆိုရင် ဆရာမဂျူး ကျနော့်ကို မျက်စောင်း လှလှကလေး ထိုးနေမလား မသိ ????????????) 

၅။ ဖျားနေတဲ့မြို့
ရန်ကုန်မြို့ဟာ စက်မှုဇုံတွေနဲ့နီးကပ်၊ စားသောက်တွေများ၊ ကားတွေများ အဲ့ဒီထွက်လာတဲ့ မီးခိုးငွေ့တွေ အဆိပ်ငွေ့တွေ က လူတွေအတွက်အန္တရာယ်ရှိကြောင်း ဖျားနေတဲ့မြို့ဖြစ်ကြောင်း၊ မြို့ပြနဲ့ တောနဲ့ကွာခြားပုံကို လှပစွာ ဖွဲ့ထားတဲ့ ဝတၳုတိုလေးပါ။

၆။ ဆူးနှင့်ဖက်
ကိုယ်ဝန်ကို အရပ်က တက်ယောင်ကား လက်သည်နဲ့ဖျက်ချပြီး မနိုင်တော့မှ ဆရာဝန်တွေခေါ်ကာ ကုသပေးရတဲ့ အကြောင်းလေးပါ။ အထဲမှာ ဂျူးက abortion ကိစ္စကို ဆရာဝန်တွေ လုပ်ပေးသင့် မလုပ်ပေးသင့်၊ sex educationနိမ့်ကျမှု၊ ပတ်ဝန်းကျင်ရဲ့ရှေးရိုးစွဲအမြင်တွေ အကြောင်း ရေးထားပါတယ်။

ဂျူးရဲ့ဝတၳုတိုတွေက ကျနော့်ရဲ့ ဦးနှောက်ကို အလုပ်ပေးစေပါတယ်။ သူ့ဝတၳုတွေကပြီးသွားပေမယ့် အတွေးတွေက တစ်သီကြီး ကျန်ခဲ့တယ် ဆရာဝန်တစ်ယောက်၏မှတ်စုများထဲမှာ သူ့ကိုသူ ပြန်သုံးသပ်တာလေး သဘောကျပါတယ်။ ဟုတ်ပါတယ် ကျနော်တို့်ဟာ ကိစ္စတော်တော်များများမှာ ကိုယ့်အပြစ်ကို မမြင်ဘဲ သူများကိုသာ အပြစ်တင်လေ့ရှိပါတယ် ဆရာဝန်ကသာ ဈေးသည်ရဲ့ ယောကျာ်းအချိန်ပေးပြီး သားဆက်ခြင်းဆိုတဲ့အရာကို သေသေချာချာရှင်းပြခဲ့ရင် ကလေးတွေ အများကြီး ထပ်ရောက်စရာအကြောင်း မရှိပါဘူး။ နောက်တစ်ဆင့်အနေနဲ့ သူက ကျနော့်တို့် ဖြစ်ပျက်နေတဲ့ ပြဿ နာတွေမှာကိုယ့်အပြစ်ကို မြင်တက်ဖို့ ပြောနေသလိုပါပဲ။ နောက်တစ်ခု ဆူးနဲ့ဖက် ဝတၳုတိုထဲမှာ လူငယ်တွေကို sex education တွေပေးသင့်တယ် abortion ကိစ္စတွေကို သေချာစွာ ဖြေသင့်တယ်။ ရှေးရိုးအယူအဆတွေနဲ့ မကြည့်ကြပါပဲ လူတစ်ယောက်ရပ်လာနိုင်အောင် ဝိုင်းဝန်းပေးသင့်အကြောင်းနဲ့ အခြားတွေးစရာတွေ တစ်ပုံတစ်ခေါင်း ပေးခဲ့ကြောင်း....။

pae pyar
06:32 pm
04.09.2017(mon)


Publisher Name: မော်ကွန်းသစ်


Related Books

Book Review Image

ကိုယ်တွေ့ကြုံရ အော်တစ်ဇင်ဘဝ

ကျော်စွာ (ဆေး ၂)