စာအုပ်အမည် - သူမင်းကို ဘယ်တော့မှ
စာရေးသူအမည်- ဂျူး
တန်ဖိုး-၂၉၀၀ ကျပ်
ထုတ်ဝေသည့်စာအုပ်တိုက်- ဂျူး
စာပေထုတ်ဝေသည့်ခုနှစ်(အကြိမ်)
-ပထမအကြိမ် စက်တင်ဘာ ၂၀၀၈
ဂျူး (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
ဆရာမဂျူးရဲ့ စာအုပ်တစ်အုပ် ပါပဲ။
ဆင်းရဲချို့တဲ့ပြီး ပညာတက်ဖြစ်ချင်တဲ့ ကောင်မလေး ...အေးငြိမ်းမေ ။
မိဘ အသိုင်းအဝိုင်းက ချမ်းသာကြွယ်ဝပြီး စာတော်ထက်မြတ်တဲ့ သုတ ။
ဆင်းရဲပြီး စာတော်တဲ့ ကောင်မလေးကို အကူအညီတွေပေးတဲ့ ကိုကြီး ထင်လင်း။
တိကျထက်မြတ်ပြီး အဂတိလိုက်စားမှုကင်းတဲ့ တရားသူကြီး မမမြတ် ။
ဝတ္တု ရဲ့ အစမှာ အေးငြိမ်းမေ ဟာ အလုပ်အင်တာဗျူး သွားတာနဲ့ ပတ်သတ်ပြီး စထားပါတယ် ။ interview မှာ မေးခွန်း ဆယ်ခုမေးထားပြီး အဲ့ဒီမေးခွန်းတွေကို ဖြေရင်း ဇာတ်အိမ် တည်ဆောက်ထားတာပါ။ဇာတ်လမ်းဇာတ်အိမ်ကအပြင်လောကနဲ့ထပ်တူ လက်တွေ့ကျကျရေးထားတာမို့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမှာပါ။
အေးငြိမ်းမေ နေထိုင်တဲ့ ဖောင်လင်းရွာ လေးရဲ့ ပတ်ပတ်လည်ရွာတွေရဲ့
-ဆင်းရဲမွဲတေမှုတွေ
-ပညာရေး နိမ့်ပါးမှုတွေ
-အမျိုးသမီးတွေ အသိဉာဏ်မကြွယ်ဝမှုတွေ
-ကျန်းမာရေး ချို့တဲ့မှုတွေ
-တရားဥပဒေ လိုအပ်ချက်တွေ
-ပရဟိတ စိတ်ဓာတ် တွေ
ကို ဖော်ပြထားတဲ့ ဝတ္တု ကောင်းတစ်ပုဒ်ပါပဲ။
နိဒါန်း ရဲ့ အရှေ့က စာသားလေး က
မင်းသူ့ကို ရှာရင်
မင်း သူ့ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး
ဒါပေမဲ့
မင်း သူ့ကို မရှာရင်လည်း
သူ မင်းကို ဘယ်တော့မှ
မြင်အောင်ပြမှာမဟုတ်ဘူး။
ဆူဖီ
စာအုပ် မျက်နှာဖုံး က စာသားလေးက
" Metaphor ဆိုတာ သငေ်္ကတ နဲ့ဖွဲ့နွဲ့စီကုံး
တင်စားတာကိုပြောတာ။ လူတိုင်း လူတိုင်း သူ့ သငေ်္ကတ နဲ့သူ တင်စား သတ်မှတ်လို့ရတယ်
ဥပမာ ပီတာ ဆိုရင် ဖယောင်းတိုင် ၊ ငါဆိုရင် ရှဉ့် "
"ကျမ က ဘာလဲ "
"မင်းက ဖောက်ထွင်း မြင်ရတယ် အားတက်သရောလည်း စီးဆင်းတယ် ။ ဒါပေမဲ့ ကိုယ့်အရှိန်ကို မထိန်းနိုင်ဘူး အဲ့ဒါကြောင့် ရေတံခွန် "
ဒါဆိုရင် ကိုယ်ကရော..... ?
မင်းကရော......?
စိမ်းလဲ့ညိုလွင်
၁၄.ဇန်နဝါရီ.၂၀၁၉