Book Image

ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

မိုးမိုး(အင်းလျား)

ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

မိုးမိုး(အင်းလျား)

(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/162/show

တန်ဖိုး - ၂၅၀၀ကျပ်

အင်းလျားစာပေ


ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား


ဒီစာအုပ်လေးဖတ်ပြီးတော့ ကျွန်တော်တွေးမိတာလေးတွေကိုအနည်းငယ်မျှဝေပါရစေ
ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်ကတော့ အချစ်ကိုယုံကြည်ကိုးကွယ်လွန်းတဲ့ကောင်မလေး စု ရဲ့အကြောင်းကိုအဓိကရေးထားတာပါ။
ဖတ်နေရင်းကျွန်တော်သူ့ကိုသနားလည်းသနား၊ ဒေါသတွေထွက် အားမလိုအားမရတွေဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက စုအကြောင်းမဟုတ်ပါဘူး။ စုရဲ့ဘဝတစ်ခုလုံးကိုဇောက်ထိုးဖြစ်အောင် လုပ်ပစ်လိုက်နိုင်စွမ်းရှိတဲ့မောင်နေမင်းအကြောင်းပါ။

‌ဆယ်တန်းအောင်ပြီး အလုပ်မယ်မယ်ရရမလုပ်ဘဲ ရပ်ကွက်ထဲမှာအလေလိုက်နေခဲ့တဲ့လမ်းသရဲတစ်ယောက်။ 
မိခင်က ဖတဆိုးလေးဆိုပြီးအလိုလိုက်ထားတာကို အခွင့်ကောင်းယူပြီးဆိုးဆိုးပေပေနေခဲ့တဲ့သူ။
ကြိုက်မယ့်ကြိုက်တော့ ချောမောလှပပြီးလူကုံထံအသိုင်းအဝိုင်းက စိတ်ကစားတတ်တဲ့မိန်းကလေးတစ်ယောက်ကိုမှရွေးပြီးကြိုက်။ 
မိန်းကလေးရဲ့သနားတတ်တဲ့စိတ်ကိုအခွင့်ကောင်းယူပြီး သူ့ဘဝတစ်ခုလုံးရအောင် သိမ်းပိုက်ယူခဲ့။ 
ဒီနေရာမှာကျွန်တော်ပြောချင်တာက နေမင်းအနေနဲ့ဆို ကိုယ်ချစ်လှပါချည်ရဲ့ဆိုတဲ့ မိန်းကလေးကိုလည်းရအောင် ယူခဲ့ပြီးပြီ။ မိန်းကလေးရှင်ရဲ့အသိုင်းအဝိုင်းကတောင် သူဆိုးတာကိုသိပေမယ့် အားလုံးကဖေးမကူညီပေးခဲ့ကျတယ် မိန်းကလေး စုရဲ့ဖခင်ကိုယ်တိုင်ကတောင် အမှားတစ်ချို့ကို မမြင်ချင်ယောင်ဆောင်ပေးပြီး မသိလိုက်မသိဖာသာနေပေးခဲ့တယ်။ သူ့မိန်းမဖြစ်တဲ့ စုမှာ သူ့ကိုချစ်တဲ့စိတ်တစ်ခုနဲ့ မိဘတွေနဲ့လဲခွဲခွါခဲ့ရတယ် မတူညီတဲ့အသိုင်းအဝိုင်းကြားထဲမှာလဲ ဝင်ဆံ့နိုင်အောင်ကြိုးစားခဲ့တယ် နေမင်းအိမ်ပေါ်ကဆင်းသွားတိုင်း စု ကပဲပြန်ချော့ပြီး သူ့ဆီအမြဲရောက်အောင်ပြန်သွားခဲ့ရတယ်။ အဲ့တာတွေကိုတွေးလိုက်မိတိုင်း ကျွန်တော်နေမင်းရဲ့စိတ်ကိုနားလည်ပေးလို့မရဘူးဖြစ်နေတယ်။ ကိုယ်နှစ်သက်တဲ့မိန်းကလေးကိုလည်း ပိုင်ဆိုင်ထားပြီးပြီ အဲ့မိန်းကလေးကလည်း ကိုယ်ဖြစ်ချင်တာမှန်သမျှလိုက်လျောနေခဲ့ပြီ အဲ့တာကိုဘာကြောင့် ဒီလောက်ထိနှိပ်စက်ရက်သလဲဆိုတာ ကျွန်တော်စဉ်းစားလို့မရဘူးဖြစ်နေတယ်။ 
‌မိတ်ဆွေတို့မှာလည်း မတူညီတဲ့အမြင်လေးများရှိရင် ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးပါအုံးခင်ဗျ။

‌အားလုံးကိုကျေးဇူးတင်လျက်
‌ဖြိုးကိုကို

#ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား


Publisher Name: အင်းလျားစာပေ

Publisher Address: အမှတ် ၂၂၅-၂၂၇၊ ပန်းဆိုးတန်းလမ်း အထက် ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁၃၈၇၄၇၅

Publisher Phone Number: 01387475


Related Books

Book Review Image

အချစ်မှတ်တမ်း

တင်မောင်မြင့်
Book Review Image

ဆယ့်တစ်မိနစ်

ဒီနိုဗို
Book Review Image

မေတ္တာများန့ဲ စိန်ပန်းနီနီ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

သွေး

ဂျာနယ်ကျော်မမလေး
Book Review Image

ပွင့်

မလေးလုံ
Book Review Image

နေရူဒါ ရဲ့ ​နေရူဒါ

မောင်သာနိုး
Book Review Image

ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်

ခင်ခင်ထူး
Book Review Image

သူမင်းကို ဘယ်​​တော့မှ

ဂျူး
Book Review Image

ဂူတဂူထဲ ခြငေ်္သ့ နှစ်ကောင်

မောင်သာရ
Book Review Image

ချစ်ရေးချစ်ရာ စည်းမျဉ်း ၁၀၀

ကြည်ရွှန်း