မောင်သာနိုး
နေရူဒါ ရဲ့ နေရူဒါ
ကွမ်းခြံလမ်းစာပေ ၊
ပထမအကြိမ် ၊ ၂၀၁၈ ခုနှစ် ၊ မေလ ။
မျက်နှာဖုံးဒီဇိုင်း - ကျော်သူရလွင် ။
၁၂.၃ စင်တီမီတာ x ၁၈.၈ စင်တီမီတာ ။
စာမျက်နှာ - ၁၉၈ ၊ တန်ဖိုး - ကျပ် ၃၀၀၀ ။
ချီလီကဗျာဆရာကြီး ပါဘလိုနေရူဒါ၏ '' မင်မွာ'' မှ ကောက်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
( ၁ ) ရွှေတိဂုံ၊ဧရာဝ တီနှင့် နေရူဒါ ၊ ( ၂ ) ဗမာပြည်မှာ ဖူးစာ ၊ ( ၃ ) နေရူဒါ နဲ့ ကဗျာ ဟူ၍ အပိုင်း ၃ ပိုင်းပါရှိ သည်။ နေရူဒါ နဲ့ ကဗျာ ၌ အခန်း ၁၂ ခန်းပါရှိသည်။
'' ကုန်းပတ်ပေါ်ကနေ သငေ်္ဘာ ရန်ကုန်ထဲဝင်လာတဲ့ အခါ ရွှေတိဂုံစေတီတော်ကြီးရဲ့ ရွှေသုံးထောင့်ချွန်ချွန်သဏ္ဌာန်ကြီးရှေ့မှာ မိုးမိုးမတ်မတ် မြင့်မားလျက် ကျုပ်မြင်ရတယ်။ထူးဆန်းဆန်း အဝတ်အစား အမြောက်အမြား သငေ်္ဘာဆိပ်ခံတံတားပေါ်မှာ လွင်မြူးတဲ့အရောင်တွေပြိုင်နေကြတယ်။ ကျယ်ပြော ညစ်ပတ်တဲ့ မြစ်ဝတစ်ခု အဲဒီမှာ မုတ္တမပင်လယ်ကွေ့ထဲ အန်ထုတ်နေ တယ်။ ဒီမြစ်ဟာ ကမ ်ဘာပေါ်ရှိမြစ်အားလုံးအနက် အလှပ ဆုံး နာမည်ရထားတယ် - ဧရာဝတီ တဲ့။
ဒီမြစ်ရေပြင်ရဲ့နံဘေးမှာ ကျုပ်ရဲ့ဘဝသစ် စတင်တော့ မလို့။
( ရွှေတိဂုံ၊ဧရာဝတီနှင့်နေရူဒါ ၊ စာမျက်နှာ - ၂၉ မှ )
'' အခုတော့ ဗလာတစ်ဝက်မြို့ကြီးဖြစ်နေပြီ။ဆိုင်ပြတင်း ပေါက်တွေ ဗလာကျင်းပြီး လမ်းတွေမှာအမှိုက်တွေပုံလို့ ပဲ။ လွတ်လပ်ရေးအတွက်ပြည်သူ့တိုက်ပွဲဟာ လွယ်ကူ တဲ့လမ်း မဟုတ်ဘူး။ ပြည်သူတွေရဲ့တော်လှန်မှုနဲ့ လွတ်လပ်ရေးအလံတွေနောက်မှာ ကျုပ်တို့ဟာ အခက်အခဲတွေ မုန်တိုင်းတွေ ကြား လမ်းထွင်သွားကြရလိမ့်မယ်။ ကနေ့ထက်ထိ ကျုပ်ဟာ လွတ်လပ်တဲ့ဗမာနိုင်ငံရဲ့ဇာတ်လမ်းကို မသိပါဘူး။ သူကကြီး မားလှတဲ့ဧရာဝတီမြစ်ရဲ့ နံဘေး၊ရွှေရောင်စေတီပုထိုးတို့ခြေတော်ရင်းမှာ လောင်း ရိပ်မိနေတော့တာကိုး။ ဒါပေမဲ့ လမ်းတွေပေါ်က အမှိုက်ပုံနဲ့ အလွမ်းအဆွေးဂယက်ထတဲ့ အတိတ်တို့ကိုကျော်လွန်လိုက်တဲ့အခါ သမ္မတနိုင်ငံသစ်တွေကို တုန်ခါစေ တတ်တဲ့ မည်းမှောင်ဇာတ်လမ်းတွေကို ကျုပ်စိတ်ကူး ကြည့်နိုင်ပါတယ်။ အတိတ်ဟာ သူတို့ကို နှိပ်စက်ဖိစီးနေသလိုပဲ။'' ( ဗမာပြည်မှာဖူးစာ ၊ စာမျက်နှာ - ၄၀ နှင့် ၄၁ မှ )
'' အကျႌလက်တွေ၊ အဖာအထေးတွေ၊အရောင်လွင့်တာတွေ၊ သွေးစွန်းချွေးစွန်းတွေနဲ့အဝတ်အစားလို မိမိကိုယ်ပေါ်ကအရေပြားလို ဘာသာစကားကိုသုံးတာ၊ဒါ စာရေး ဆရာရဲ့ဇွဲနပဲ ကိုပြတဲ့အချက်ပါပဲ။ ဒါ စတိုင်လ်ပါပဲ။ ''
( နေရူဒါ နဲ့ ကဗျာ ၂ ၊ စာမျက်နှာ - ၅၉ မှ )
'' နှစ်တွေ ကုန်လွန်သွားတယ်။ ကိုယ် နွမ်းလျ၊ ကြီးပွား၊ ဆင်းရဲ၊ဘဝချမ်းသာခံစား။ နှစ်တွေက ဘဝကိုယူသွား၊ ဒါမှမဟုတ် ကိုယ့်ဆီပြန်ပေး။ ခွဲခွာစကားတွေ ကြိမ်ဖန်များလာ၊ မိတ်ဆွေတွေ ထောင်ထဲ ဝင်ကြ၊ ထွက်ကြ၊ဥရောပသွားကြ ပြန်လာကြ၊ ဒါမှမဟုတ် သေကြ။''
( နေရူဒါ နဲ့ ကဗျာ ၇ ၊ စာမျက်နှာ - ၁၃၆ မှ )
'' နောက်ပြီး နှစ်စဉ်နှစ်တိုင်း နာမည် အဖော်ခံရ၊ ဒါပေမဲ့ ဘယ်တော့မှ ဘာမှမရတာကို ကျုပ် ငြီးငွေ့လာတယ်။ ကျုပ်က ပြိုင်မြင်းတစ်ကောင်ဖြစ်လေဟန်၊ နှစ်စဉ်ပြိုင်ပွဲမှာ ကျုပ်နာမည်ကို စာရင်းထဲထည့်ထားတာမြင်ရရင် ကျုပ်မျက်စိနောက်လာတယ်။ တစ်ခါ စာပေဆန်တဲ့ လူ ကြိုက်များတဲ့ ချီလီစာရေးဆရာတချို့ကို ဆွီဒင်ပြည်သုခမိန်အဖွဲ့က ဥပေက္ခာရှုလေတော့ ပမာမခန့်သလို ခံစားကြရတယ်။ ပေါတောတောလို့ မပြောရုံတမည် အန ္တရာယ်များလှတဲ့ အခြေအနေမျိုးဖြစ်တယ်။''
( နေရူဒါ နဲ့ ကဗျာ ၇ ၊ စာမျက်နှာ - ၁၄၇ မှ )
'' ဒါပေမဲ့ လူတိုင်းမှာ အားနည်းချက်ဆိုတာရှိတယ်။ ကျုပ်မှာက အများကြီး။ ဥပမာ တိုက်ပွဲဝင်တော်လှန်ရေး သမားအနေနဲ့ ကျုပ်ရဲ့ မယိမ်းမယိုင်ရပ်တည်ချက်နဲ့ ပတ်သက်လို့ ထားရှိတဲ့ မာနကို ကျုပ် မစွန့်လိုဘူး။''
( နေရူဒါ နဲ့ ကဗျာ ၁၂ ၊ စာမျက်နှာ - ၁၉၈ မှ )
ချီလီကဗျာဆရာကြီး၏ ကဗျာဆန်သည့်စကားပြေဖြင့်ပြန်ပြောင်းအမှတ်ရမှု တို့ကို လွမ်းမောဖွယ်ဖတ်ရှုရသည့် အရေးအသားများဟု ခံစားမိပါသည်။
မမသ
၃၁ ၊ မေ ၊ ၂၀၁၈