#ချစ်တတ်ရင်_ဆေး #မချစ်တတ်ရင်_ဘေး
ဆွတ်ပျံ့ကြည်မောဖွယ် အချစ်ရဲ့ သဘော၊
ပေးဆပ်တတ်သော သည်းခံတတ်သော
အပြန်အလှန် နားလည် သိတတ်သော
မေတ္တာစစ်အခြေပြု အိမ်ထောင်မှုတခုရဲ့
သရုပ်သကန်ကို ဖော်ကျုးချက်။
ထိုမျှမက
ဆင်းရဲမှု၊ ချို့တဲ့မှု၊ ကဲ့ရဲ့မှုများအကြားမှ
အောင်မြင်မှုဟူသော အခေါင်အဖျားသို့
တုံးတိုက်ကျားကိုက် တွန်းကန် ဆန်တက်သူ
ဆရာဝန်တဦး၏ ဘဝကိုလည်း မြင်ရလတ္တံ့။
ဒီ့အပြင်
မျှော်လင့်ချက်ဖြင့် ရုန်းကန်ခြင်းနှင့်
စိတ်ပျက်အားငယ်မှုတို့အကြား လွန်ဆွဲခြင်း။
ကရုဏာတရား၊ အဆုံးစွန်သောအနစ်နာခံမှုနှင့်
ကိုယ်ကျိုးအတ္တသို့ ရှေးရှုလုပ်ကိုင်မှု ဟူသော
အစွန်းနှစ်ခု အားပြိုင်ခြင်း။
ဆေးပညာလေ့လာမှုတွင် နှစ်မြုပ် စူးစိုက်မှုနှင့်
ဆရာဝန်တဦးအတွက် ကျင့်ဝတ်ဗေဒဆိုင်ရာ
မေးခွန်းများ အပါအဝင်..
ဝတ္ထုအနေနှင့်လည်း ကျော်ကြားထင်ရှားပြီး၊
ရုပ်ရှင်အဖြစ် ရိုက်ကူးသော အခါတွင်လည်း
အောင်မြင် လူကြိုက်များခဲ့သော
ဆေးလောကနောက်ခံ ရသဝတ္ထုကောင်းတပုဒ်။
တငြိမ့်ငြိမ့်တသိမ့်သိမ့်စိမ့်နေအောင်
ဖတ်ကြရမည်။
ဤဝတ္ထုကို ပထမအကြိမ် ထုတ်ဝေပြီးချိန်မှ စ၍
တွက်ရေသော် နှစ်ပေါင်း ၄၀ နီးပါးကာလအတွင်း
ယခု တတိယ အကြိမ် ထုတ်ဝေလိုက်ခြင်းဖြစ်ပြီး၊
ပထမ နှင့် ဒုတိယအကြိမ်များ ထုတ်ဝေစဉ်တုန်းက
မပါဝင်ခဲ့တဲ့ ဘာသာပြန်သူ ဆရာတင်မောင်မြင့်ရဲ့
တတိယအကြိမ် ပုံနှိပ်မူအတွက် အသစ် ရေးပေး
ထားတဲ့ အမှာစာ ထဲမှာ ဒီ ဝတ္ထုကို ဘယ်သို့ဘယ်ပုံ
ဘာသာပြန်ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်းပဲ
စိတ်ဝင်စားဖွယ် ဖတ်ရပါဦးမယ်။
မျက်နှာဖုံးပန်းချီကို ဆရာ ဗဂျီလင်းဝဏ္ဏက
ဖန်တီးပြုလုပ်ပေးထားပြီး
စက္ကူဖြူချောဖြင့် တတိယအကြိမ် ပုံနှိပ်မှု။