Book Image

ချစ်ရေးချစ်ရာ စည်းမျဉ်း ၁၀၀

ကြည်ရွှန်း

စာရေးသူ - ကြည်ရွှန်း 

စာအုပ်အမည် - ချစ်ရေးချစ်ရာ စည်းမျဉ်း ၁၀၀
စာမျက်နှာ - ၃၁၄
စာအုပ်တန်ဖိုး - ၇၀၀၀ ကျပ်

ကိုယ်ရေးအကျဉ်းနှင့် စာအုပ်များစာရင်း







အချစ်စိတ်ကြောင့် လူတွေဆီမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်တတ်ပုံ၊ အဲလို ဖြစ်စေတဲ့အကြောင်းရင်း၊ အချစ်စိတ်ကို ဘယ်လို စေစား ထိန်းကျောင်းနိုင်သလဲ၊ ဘယ်ပုံ နှစ်သိမ့်ကျေနပ်မှု ရနိုင်သလဲ ဆိုတာတွေကို စောင့်ကြည့်လေ့လာခဲ့သူ စာရေးဆရာ ရစ်ချက် တင်မ်ပလာက အောက်မှာ နမူနာ ဖော်ပြထားတဲ့ စည်းမျဉ်းတွေ အပါအဝင် ‘ချစ်ရေးချစ်ရာစည်းမျဉ်း ၁၀ဝ’ အဖြစ် အခု စာအုပ်မှာ စုစည်း ရေးသား တင်ဆက်ထားပါတယ်-
 ပင်ကိုသဘာဝအတိုင်းပဲ နေပါ၊
 ချစ်ခင်ပေါင်းသင်းမှုဟာ တဏှာပေမ သက်သက် မဟုတ်၊
 ကိုယ့်ကို မကြင်နာတဲ့သူနဲ့ အတူမနေပါနဲ့၊
 ကိုယ့်အပြစ်ကို ကိုယ် မြင်တတ်ပါစေ၊
 သူ့ဘဝထဲမှာ ကိုယ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါစေ၊
 ချစ်တင်းနှောတာဟာ ချစ်လို့ နှောတာမျိုးပဲ ဖြစ်ပါစေ၊
 ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားတတ်ပါစေ၊
 စိတ်နာလို့ ကောင်းမနေပါနဲ့၊
 အမှန်တရားကို မြတ်နိုးတဲ့ သူငယ်ချင်းတွေကို တွေ့အောင် ရှာ၊
 နာကြည်းစိတ်က ဘယ်သူ့ကိုမှ အကျိုးမပေး။
 ဒီစာအုပ်မှာပါတဲ့ စည်းမျဉ်းတွေကို လက်တွေ့အသုံးချတဲ့နေရာမှာ လွယ်ကူရအောင် 
ချစ်သူနဲ့ တွေ့နိုင်ရေး၊ ချစ်ခင်ပေါင်းသင်းမှု ခိုင်မြဲရေး၊ အဆင်မပြေတော့ရင် ညင်ညင်သာသာ လမ်းခွဲနိုင်ရေး၊ ဒါ့အပြင် ၅၂၈ သွယ်မေတ္တာနဲ့ ဆက်သွယ်နေကြတဲ့ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ ပိုပြီး ချစ်ချစ်ခင်ခင် ဆက်ဆံနိုင်ရေး စသဖြင့် ကဏ္ဍအလိုက် တင်ဆက်ပေးထားတာမို့ အချစ်ရှိသူ တိုင်း ဆောင်ထားရမယ့် လက်စွဲစာအုပ် ဖြစ်ပါတယ်။






Publisher Name: Wisdom House စာအုပ်တိုက်

Publisher Address: အခန်း (၁၀၂)၊ တိုက် (၈၆၄-၈၆၅)၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ ဖုန်း- ၀၉၂၅၄၁၄၈၅၆၈၊ ၀၁၈၆၀၁၃၁၂၊ ၀၉၄၃၀၄၁၈၅၇


Related Books

Book Review Image

အချစ်မှတ်တမ်း

တင်မောင်မြင့်
Book Review Image

ဆယ့်တစ်မိနစ်

ဒီနိုဗို
Book Review Image

မေတ္တာများန့ဲ စိန်ပန်းနီနီ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

သွေး

ဂျာနယ်ကျော်မမလေး
Book Review Image

ပွင့်

မလေးလုံ
Book Review Image

နေရူဒါ ရဲ့ ​နေရူဒါ

မောင်သာနိုး
Book Review Image

ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်

ခင်ခင်ထူး
Book Review Image

သူမင်းကို ဘယ်​​တော့မှ

ဂျူး
Book Review Image

ဂူတဂူထဲ ခြငေ်္သ့ နှစ်ကောင်

မောင်သာရ
Book Review Image

ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

မိုးမိုး(အင်းလျား)