Book Image

ဂူတဂူထဲ ခြငေ်္သ့ နှစ်ကောင်

မောင်သာရ

ဂူတဂူထဲ ခြငေ်္သ့ နှစ်ကောင် 

စာရေးဆရာ မောင်သာရ 
ပထမ အကြိမ် ၁၉၇၆ ခုနှစ် 
ဒုတိယ အကြိမ် ၂၀၁၉ ခုနှစ်
လင်းလွန်းခင်စာပေ
မျက်နှာဖုံး ဒီဇိုင်း တင်ထူး
စာအုပ်တန်ဖိုး ၂၂၀၀ ကျပ်
စာမျက်နှာ အရေအတွက် ၁၅၀



မိဘ နှင့် သားသမီး ကြား ဆက်ဆံရေး အခြေအနေမှာ အချိန်မတန်မှီမှာ မမျှော်လင့် ပဲ 
အိမ်ထောင်ရက်သားကျသွားတဲ့ 
သမီးဖြစ်သူ အပေါ် ဖခင် တစ်ယောက် ရဲ့ ချစ်ခြင်း မေတ္တာ နဲ့ ရှေ့ရေး အနာဂတ် အတွက် စိုးရိမ်ပူပန်မှုတွေ
အဖေ ဖြစ်သူ အပေါ် သမီး တစ်ယောက် ရဲ့ အတွေးအမြင် ခံစားချက်တွေကို သိုက်သိုက်ဝန်းဝန်း နဲ့ ဖတ်ရမှာဖြစ်ပါတယ်။

နှစ်ဖက်သော မိဘ က သဘောတူလျက် နဲ့ 
စိတ်ကစားတတ်တဲ့ အရွယ်မှာ ခိုးပြေးလိုစိတ် ကို ရှေ့တန်းတင်ပြီ ပညာမစုံမှီ ဆန္ဒ က်ို ဦးတင်ပြီ တင်ရာလုပ်လိုက်တဲ့ လူတော်သမီး အဖို့ ဘဝရဲ့ လမ်းကြောင်းတွေမှာ ဘယ်လို ဆူးခလုတ်တွေ နဲ့ ရင်ဆိုင်ရတတ်သလို 
ဖခင် အနေနဲ့ ထက်မြက်လှတဲ့ သမီးရဲ့မိုက်မဲလှတဲ့ လုပ်ရပ် တစ်ခုကို ဘယ်လိုများ ဖာထေး ကြောင်းလမ်း ပေးနေရတယ်ဆိုတဲ့ အစီအမံတွေ ဆုံးမ မှုတွေကို ပြည့်ပြည့်စုံစုံဖတ်ရမှာပါ

*ချစ်တတ်သည် ဆိုသည့် နှလုံးသား နှင့် တစ်ထွာခန့်မျှသာ ဝေးကွာ သော အရပ်၌ လက်တွေ့ကျကျ ဆာလောင်တတ်တဲ့ အစာအိမ် ရှိနေတတ်သည် ဖခင်မှ သမီးထံသို့ ပြောပြလိုသော စကား (စာအုပ်တွင်းမှ)

လူ့မှု ပတ်ဝန်းကျင်မှု ဖြစ်လေ့ဖြစ်ထ ရှိတဲ့ 
လူ့သဘော သဘာဝ တွေ ထဲ မှာ 
သားသမီးနဲ့ မိဘ 
ယောက္ခမ နဲ့ ချွေးမ တို့ရဲ့ ပြောဆို ဆက်ဆံရေး တွေ
မိမိ သားသမီး အဖို့ ထည့်တွေးစီမံပေမယ့် 
ထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေက ခဏ တဒင်္ဂ အတွင်းမှာ ဆုံးဖြတ်ချက် အမှားတွေကြောင့် နောင်တ ရခဲ့ရတဲ့ အခိုက်အတန့်တွေ သင်ခန်းစာ ယူနိုင်ဖို့ အတွက်
စာရေးသူ က မိဘ နေရာက နေပြီ ဖွဲ့နွဲ့ရေးဖွဲ့ ထားသလို
သားသမီး ဘက်ကနေလည်း ကိုယ်ချင်းစာ ခံစားပြီ ဖွင့်ဟ ထားတာတွေကို ဖတ်ရမှာဖြစ်ပါတယ်။

သားရေး သမီးရေး အမိနေရာ အဖနေရာ ကနေပြီ ရှု့ထောင်ပေါင်းစုံက ရေးထားတာမို့ 

သမီး ဖြစ်တန် သည် ရှိသော် ဒီစာအုပ်က မိမိ ရှေ့ရေးရှေ့မှု အနာဂတ် အစီအစဉ် မှာ ဘယ်လို ဆုံးဖြတ်ခံစား သင့်တယ် ဆိုကို ဇာတ်ကောင် ရဲ့ စရိုက်နဲ့ တထပ်တည်း စီးမျော ခံစားနိုင်သလို

မိဘ တွေ ဖြစ်ခဲ့သည် ရှိသော်လည်း ဒီစာအုပ်က ဖခင်နေရာတန် သည် မိဘ ကိုယ်စား တန်သည် မိမိရဲ့ ရင်သွေးအဖို့ ဘယ်လို ချွန်းအုပ် ထိန်းကျောင်း ပြီ မဖိတ်မစင် ပဲ နှစ်ဦးနှစ်ဖက် ပျော်ရွင် စိတ်ချမ်းသာအောင် ဆောင်ကျဉ်းပေးရမယ် အကယ်လို့များ ကိုယ်အဖို့မှ ထင်သလို ဖြစ်မလာခဲ့ရင် ဘယ်လို ပြုပြင်ပြောင်းလဲလို့ရနိုင်မယ် ဆိုတဲ့ 
အတွေးအယူအဆတွေ နဲ့အတူ မိသားစု စာစု ရသ ရှု့ထောင့် ခံစားချက်တွေကို တသီတန်း ဖတ်ရှု့ရမယ့် 
စာအုပ်ကောင်းလေး တစ်အုပ်ကို ညွှန်းလိုက်ပါတယ်

ပိတ်ရက်လေးမှ စာဖတ်သူရဲ့ သူငယ်ချင်းတွေ စာဖတ်ခြင်းမှာ အချိန်ပေးပြီ မွေ့လျော်နိုင်ပါစေ
#P Noon


Publisher Name: လင်းလွန်းခင်စာအုပ်တိုက်

Publisher Phone Number: 01 293401, 09 220 1730


Related Books

Book Review Image

အချစ်မှတ်တမ်း

တင်မောင်မြင့်
Book Review Image

ဆယ့်တစ်မိနစ်

ဒီနိုဗို
Book Review Image

မေတ္တာများန့ဲ စိန်ပန်းနီနီ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

သွေး

ဂျာနယ်ကျော်မမလေး
Book Review Image

ပွင့်

မလေးလုံ
Book Review Image

နေရူဒါ ရဲ့ ​နေရူဒါ

မောင်သာနိုး
Book Review Image

ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်

ခင်ခင်ထူး
Book Review Image

သူမင်းကို ဘယ်​​တော့မှ

ဂျူး
Book Review Image

ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

မိုးမိုး(အင်းလျား)
Book Review Image

ချစ်ရေးချစ်ရာ စည်းမျဉ်း ၁၀၀

ကြည်ရွှန်း