Book Image

ပွင့်

မလေးလုံ

ပွင့် 

မလေးလုံ 
ကံ့ကော်ဝတ်ရည် ၂၀၁၈ မတ်လ စတုတၳအကြိမ် 
အုပ်ရေ ၁၀၀၀ တန်ဖိုး ၆၈၀၀ စာမျက်နှာ ၄၈၈
မျက်နှာဖုံးပန်းချီ မျိုးမြင့်



ှုပုသိမ်မြို့မှာ ကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်တော့ ပွင့် တို့ မိသားစုတွေ တောနယ်လေးတစ်နယ်ကို စစ်ဘေးရှောင်ကြရတယ်.. အချိန်ကာလကလည်း မြန်မာနိုင်ငံထဲကို ဂျပန်တွေ ဝင်လာတဲ့အချိန်.. ဖက်ဆစ်ဂျပန်တွေရဲ့ လူမဆန်မှုတွေကို ပြည်သူအားလုံးက စက်ဆုပ်မုန်းတီးနေကြတယ် .. ပွင့်ရဲ့ မိတ်ဆွေ ကိုခင်လတ်ကတော့ မော်လမြိုင်မှာပဲ နေရစ်လ်ု့ိ လူငယ်ပီပီ မြေအောက်တော်လှန်ရေးအဖွဲ့တွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေတဲ့သူ.. မြင်ရကြားရသမျှ နားဝမသက်သာလှတာကြောင့် ဂျပန်ဆိုအသွေးထဲအသားထဲက ရွံမုန်းနေတဲ့သူ.. ပွင့်အပေါ်မှာလည်း အုံ့ပုန့်းမေတ္တာသက်ဝင်နေခဲ့တာကြာပေမယ့် အခြေအနေအရ ဖွင့်တော့မပြောဖြစ်သေးဘူး... ပွင့်တို့နေရတဲ့ရွာကလေးမှာတော့ မြို့ကြီးပြကြီးနဲ့ဝေး စစ်ဘေးနဲ့ဝေးလို့ အားလုံးအေးအေးဆေးဆေးပဲ.. စစ်ဘေးရှောင်မိသားစုတွေရယ်လို့ စုပြီး လယ်စိုက်ကိုင်းစိုက် ဘုရားဝတ်ပြုလိုက်နဲ့ ငြိမ်းချမ်းနေပေမဲ့ တစ်နေ့မှာ ပွင့်တို့ရွာကလေးကို ဗိုလ်တိုးစံဆိုတဲ့ ဂျပန်ဗိုလ်ကြီးတစ်ယောက် ဦးဆောင်တဲ့ ဂျပန်စစ်တပ်ဖွဲ့ တစ်ဖွဲ့လာပြီး စခန်းချတယ်.. ပွင့်တို့ဘုရားဝတ်ပြုတဲ့ဘုရားရှိခိုးကျောင်းကို လာတက်တယ်.. သူ့ကိုယ်သူမိတ်ဆက်တယ်... အဲ့ဒီနေ့မှာပဲ ပွင့်နဲ့ ဗိုလ်တိုးစံဆုံတယ်.. မြင်မြင်ချင်းမှာပဲ ဗိုလ်တိုးစံက ပွင့်အပေါ်မှာ ... 
ပွင့်ကလည်း ဗိုလ်တိုးစံအပေါ်မှာ...............................

ဂျပန်အဝင် ဂျပန်အထွက်ကနေ လွတ်လပ်ရေးရပြီးအချိန်ထိ ပွင့်ဆိုတဲ့ ဇာတ်ကောင်ကို အဓိကနောက်ခံထားပြီး မေတ္တာဖွဲ့ဇာတ်လမ်းတစ်ပုဒ်ကို မြန်မာနိုင်ငံရဲ့သမိုင်းအဖြစ်အပျက်တချို့နဲ့ ရောယှက်တင်ပြသွားတယ်.. အစပ်ိုင်းမှာတော့ ဇာတ်အထက နှေးသလိုလေး.. ဖတ်ရင်းနဲ့ ငြီးစီစီလေးတော့ ခံစားရတယ်. ဒါပေမဲ့ ဗိုလ်တိုးစံပေါ်လာပြီးတဲ့နောက်ပိုင်း ပွင့် ကိုခင်လတ် ဗိုလ်တိုးစံ အစရှိတဲ့ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်အားပြိုင်မှုတွေ နိုင်ငံရဲ့မငြိမ်မသက်တဲ့အခြေအနေတွေက စာဖတ်သူ ကျနော့်ကို တအိအိဆွဲခေါ်သွားတယ်.. အဓိက ဇာတ်အိမ်တည်တာက ပွင့်ရယ် ကိုခင်လတ်ရယ် ဆိုပေမဲ့ ကျနော့်စိတ်ထဲ စွဲထင်ကျန်ခဲ့တာက ဗိုလ်တိုးစံ.. စစ်ဗိုလ်တစ်ယောက်ပေမဲ့ စိတ်သဘောထား နူးညံ့သိမ်မွေ့တယ်.. မရမ်းကားဘူး ..အမှန်တရားကို မြတ်နိုးခင်တွယ်တယ်.. ပွင့်အပေါ်ကို အခွင့်အာဏာနဲ့ လုံးဝစည်းမကျော်ခဲ့ဘူး.. ပွင့် ကမ်းပေးလာမယ့် မေတ္တာပန်းကိုပဲ လိုချင်ခဲ့တာ.. စစ်ကြီးပြီးရင်တော့ ချစ်ရတဲ့ ပွင့်နဲ့ပေါင်းဖက်မယ်.. ဂျပန်ကမျှော်နေမယ့် အမေ့ဆီပြန်မယ်ဆိုပြီး ဗိုလ်တိုးစံတစ်ယောက် အိပ်မက်ခဲ့သမျှ အကုန်သဲရေကျရတယ်.. သူ့ပြောစကားတွေနားထောင်ရင်း ကိုယ်ပါ စစ်ကို မုန်းလာတယ်.. ကြောက်လာတယ်... ထိပ်သီးပိုင်းခေါင်းဆောင်တွေက အိမ်ကြီးရခိုင်တွေပေါ် သူရဲကောင်းဆုတံဆိပ်တွေ ပိုက်လို ့ မိသားစုနဲ့ ညစာအတူစားနေချိန်မှာ ကျည်ဆံတွေ ဗုံးဆံတွေ အမြှောက်သံတွေကြား
တောတောင်တွေကြားထဲမှာ မိသားစုရှိရာ မျှော်မှန်းရမ်းရော်ရင်း လူမသိ သူမသိ အသက်ဆီမီးချုပ်ငြိမ်းသွားရတဲ့ ရဲဘော်တွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များခဲ့ပြီလဲ... စစ် တွေဟာ ကလေးဘယ်နှစ်ယောက်ကို မိဘမဲ့စေခဲ့ပြီလဲ.. မိဘ ဘယ်လောက်များများကိုလည်း နှလုံးသားတွေ ခြေမွပစ်ခဲ့ပြီလဲ.. ချစ်ခြင်းမေတ္တာ ဘယ်လောက်များများကိုလည်း သက်မဲ့ကြွေလွင့်စေခဲ့ပြီလဲ... ကျနော့်ရင်ထဲမှာ အဲ့ဒီမေးခွန်းတွေ ပဲ့တင်ထပ်ခဲ့တဲ့အခါ " ပွင့် " ဟာ သိင်္ဂါရရသ အစား ကရုဏာရသကိုပဲ ကဲစေခဲ့ပါတယ်.

ယမင်​း
#၀တ္တုရှည်ဖတ်​ညွှန်​း
#Savethelibrary


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

အချစ်မှတ်တမ်း

တင်မောင်မြင့်
Book Review Image

ဆယ့်တစ်မိနစ်

ဒီနိုဗို
Book Review Image

မေတ္တာများန့ဲ စိန်ပန်းနီနီ

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

သွေး

ဂျာနယ်ကျော်မမလေး
Book Review Image

နေရူဒါ ရဲ့ ​နေရူဒါ

မောင်သာနိုး
Book Review Image

ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်

ခင်ခင်ထူး
Book Review Image

သူမင်းကို ဘယ်​​တော့မှ

ဂျူး
Book Review Image

ဂူတဂူထဲ ခြငေ်္သ့ နှစ်ကောင်

မောင်သာရ
Book Review Image

ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

မိုးမိုး(အင်းလျား)
Book Review Image

ချစ်ရေးချစ်ရာ စည်းမျဉ်း ၁၀၀

ကြည်ရွှန်း