Book Image
မောင်သာနိုး

မောင်သာနိုး 

ကိုယ်ရေးဖြစ်စဉ်
အဖ ဦးခင်မောင်ကလေး၊ အမိ ဒေါ်စံမြင့်တို့က ၁၉၃၄ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့သည်။ စစ်ကိုင်း အစိုးရအထက်တန်းကျောင်းနှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နှင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ မြန်မာစာနှင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ အထက်တန်းကျောင်းသားဘဝကပင် စတင်၍ စာပေများ ရေးသားခဲ့သည်။ မန္တလေးတက္ကသိုလ်တွင်ရှိစဉ် နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာ၌ အင်္ဂလိပ်စာအယ်ဒီတာအဖြစ် လုပ်ခဲ့သည်။

မန္တလေး လူထု၊ မန်းဇာတ်သတင်းစာများတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်ကစ၍ ရန်ကုန်သို့ ပြောင်းလာကာ မဂ္ဂဇင်းများတွင် စာပေများ ရေးသားခြင်းနှင့် စာအုပ်များ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ စာပေ အစီအစဉ်ကို တက်ရောက်ခဲ့သည်။

ယခု လက်ရှိတွင် စာပေသင်ကြားခြင်း၊ စာအုပ်ထုတ်ဝေခြင်းနှင့် ဆောင်းပါး ရေးသားခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ရေးသား ပြုစု ထုတ်ဝေခဲ့သော စာအုပ်များ ပြင်ဆင်
၁။ ထင်းရှုးပင်ရိပ် ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆

၂။ တော်မှော်ရုံလမ်း ၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆

၃။ ဗမာစာ ဗမာစကား ၁၉၇၂

၄။ အာရှတိုက်၏ အလင်းရောင် ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၀

၅။ ESSAYS & LETTERS ၁၉၉၂

၆။ မဟာကဗျာ ဂန္တဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ် ၁၉၉၂

၇။ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ် ၁၉၉၄

၈။ နိုင်ငံရပ်ခြားကဗျာ ခံစားမှုစာစု ၁၉၉၄

၉။ နိရောဓသစ္စာ ၁၉၉၆

၁၀။ ခိုးစားတဲ့ သစ်သီး ၁၉၉၆

၁၁။ MIDDLE SCHOOL ENGLISH ESSAYS ၁၉၉၆

၁၂။ ရေနီမြောင်းတေးသံ ကဗျာများ ၁၉၉၉

၁၃။ ဘာသာပြန် လက်တွေ့ ၂၀၀၀

၁၄။ ဆွတ်ပျံ့ဖွယ်အောင် ၂၀၀၁

၁၅။ ENGLISH GRAMMAR (အင်္ဂလိပ်သဒ္ဒါ နိဒါန်း) ၂၀၀၁

၁၆။ လူထုကဗျာ ၂၀၀၂

၁၇။ ဘာသာပြန် လက်တွေ့ (၂) ၂၀၀၂

၁၈။ ကဗျာခရီးသည် ၂၀၀၃

၁၉။ နိုင်ငံရပ်ခြား ကဗျာ ခံစားမှုစာစု ၂၀၀၃

၂၀။ ဟိုက္ကူကဗျာ ခရီးသည် ၂၀၀၃

၂၁။ ENGLISH THE EASY WAY ၂၀၀၃

၂၂။ ENGLISH GRAMMAM FOR ALL ၂၀၀၇ [၁]

ကိုးကား ပြင်ဆင်
 ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'


Reference from: wikipedia

Written Books

Book Review Image

သိအောင်_စာဖတ်ရတယ် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

နေရူဒါ ရဲ့ ​နေရူဒါ

မောင်သာနိုး
Book Review Image

ဝေဖန်ရေးနဲ့_ကျွန်တော် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ဗမာစာ တတ်ဖို့လိုတယ်

မောင်သာနိုး
Book Review Image

ပျူအစဆိုတဲ့ ရောဂါ

မောင်သာနိုး
Book Review Image

ဆရာလွန်းက ခေတ်ပေါ်ဗမာစာပေရဲ့ မတုပနိုင်တဲ့ မစ္စတာမောင်မှိုင်း ဖြစ်လာပုံ

မောင်သာနိုး