ခင်ခင်ထူး...မအိမ်ကံ
မအိမ်ကံ....တစ်အိမ်လုံးရဲ့ကံက သူ့အပေါ်မူတည်တဲ့ အဓိပ္ပါယ်နဲ့ သူကြီးက သူ့သမီးကို `မအိမ်ကံ´တဲ့။
ဖက်စိမ်းကွမ်းတောင်ကိုင်....သတ်မှတ်ထားတဲ့အချက်တွေအများကြီးနဲ့ ကိုက်ညီပင်မယ့် `မအိမ်ကံ´ရဲ့ အမေက သူကြီးမုဆိုးဖိုရဲ့နောက်အိမ်ထောင်ဆိုတော့ မိဘနှစ်ပါး ငယ်လင်ငယ်မယား မဟုတ်ရင် ဖက်စိမ်းကွမ်းတောင်ကိုင် ခွင့်မရှိဘူးဆိုတဲ့ အချက်ကြောင့်`မအိမ်ကံ´ကိုင်ခွင့်မရရှာဘူး။
သူသူငါငါအပျိုချောတွေအတွက် ဖက်စိမ်းကွမ်းတောင်ကိုင် နေရာကို ကိုင်ချင်ကြရိုးမှန်ပင်မယ့် ကိုင်လိုရရင်ကိုင်လိုက်မယ် ၊မရရင်ဖြင့် မကိုင်ဘူး၊သဘောထားနိုင်ပင်မယ့် `မအိမ်ကံ´ကတော့..ဖက်စိမ်းကွမ်းတောင်ကိုင် ရမှဖြစ်မယ်ဆိုတဲ့စိတ်က အရည်ပြည့်နေတဲ့ စိန်တုံးတစ်တုံးမှာလည်း ပြစ်အနာလေးတစ်ခုပါတတ်တယ်ဆိုရင် အဲ့ဒီစိတ်က `မအိမ်ကံ´ရဲ့အပြစ်အနာလေးပါပဲလေ။
ငါမှမဖြစ်ရရင် ငါ့သမီးဖြစ်ရမဟဲ့ဆိုတဲ့စိတ်နဲ့ သမီး၂ယောက်ပေါ် မျေှာ်မှန်းခဲ့ပင်မယ့် သမီးကြီး ရဲ့ မထင်မှတ်တဲ့လုပ်ရပ်၊ သမီးငယ်ကို ဆက်မျေှာ်မှန်းခဲ့သော်လည်း ယောကျ်ားဖြစ်သူဆရာကိုပြေသိမ်း တောခိုရင်းသေဆုံးတော့ သမီးငယ်လည်း မိစုံဖစုံမရှိတော့ မဖြစ်နိုင်တော့ပြီ။
အလွူချိန်မှာ အမဂ်လာပေါ်ရင် ဖက်စိမ်းကွမ်းတော်ကိုင်က လက်ဦးလွဲတယ်ဆိုပြီး ရွေးချယ်ခံထားရသော်လည်း ကိုင်ခွင့်မရှိတဲ့ ရွာထုံးစံ။ `မအိမ်ကံ´နောက်ဆုံးရွေးချယ်လိုက်တဲ့လမ်းက သူမ နိုင်ခဲ့တဲ့လို့ ထင်ခဲ့ပင်မယ့် သူမရှုံးခဲ့တယ်ဆိုတာ သိမသွားရှာခဲ့ရှာပါတကား။
`မအိမ်ကံ´ရဲ့ဖက်စိမ်းကွမ်းတောင်ကိုင်ချင်တဲ့ ဆန္ဒ ဘယ်လိုပြည့်၀သွားလေမလဲ။
လှပလွန်းလှပြီး အလွူအတန်း ရက်ရော၊ စိတ်ကောင်းရှိတဲ့ သူမဘ၀က ကောင်းတာတွေကြုံမယ်မကြံသေး ရင်ထိတ်စရာ အဖြစ်အပျက်ဆိုးတွေက ဆက်ကာ ဆက်ကာ ပေါ်လာပုံက စာဖတ်နေရတဲ့ကိုယ်ကိုယ်တိုင်တောင် မသာမယာ စုတ်တသက်သက် ရှိအောင် ဖြစ်အောင် စာအုပ်ကို လက်ကမချချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းတယ်။
ခုတောင်....`မအိမ်ကံ´တစ်ခုခုဖြစ်တော့မယ်ဆို ပေါ်လာတတ်တဲ့ ဂီး ဂီး အော်တတ်တဲ့ ငှက်ဆိုးကြီးကို မြင်ယောင်နေမိတယ်။
`မအိမ်ကံ´ရဲ့မျိုးဆက်သုံးဆက်`မအိမ်မြိုင်´`မအိမ်ခိုင်´`မအိမ်စို´တို့မှာ `မအိမ်ကံ´ပြန်လည်ရောက်ရှိလာလေသလားဆိုတာ....။
#သက်ထား