Book Image
ခင်ခင်ထူး

ခင်ခင်ထူး
၁၉၆၅ - ခုနှစ်၊ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြင်းခြံမြို့၌ အဖ-ဦးညို၊ အမိ-ဒေါ်မြတင်တို့က မွေးဖွားသည်။ မွေးချင်း(၆)ယောက်တွင် တတိယမြောက် တစ်ဦးတည်းသော သမီးဖြစ်သည်။ အမည်ရင်းမှာလည်း ဒေါ်ခင်ခင်ထူး ပင်ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၈၅ - မန္တလေးတက္ကသိုလ်မှB.Sc(Chemistry)ဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၈၉ - မူလတန်းပြဆရာမ စလုပ်။(မြင်းခြံ)။

၁၉၉ဝ - အလယ်တန်းပြဆရာမ။

၁၉၉၂ - မန္တလေးသို့ ပြောင်းရွှေ့။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင် ပါရှိသော ပန်းပန်ပါရစေ ဝတၳုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ သည်။

၁၉၉၃ - ထိုစဉ်မှစ၍ မဂ္ဂဇင်းများတွင် ဝတၳုတို၊ ဝတၳုရှည်များရေးသားကာ အားကစားဂျာနယ်များတွင် ဘောလုံးဆောင်းပါးများ ရေးသားခဲ့။ အချို့ဝတၳုတိုများကို ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခြင်းခံခဲ့ရ။

၁၉၉၉ - မဂ္ဂဇင်းပါဝတၳုတိုများကို စုစည်းလျက်သနပ်ခါး ဝတၳုတိုများထွက်ရှိခဲ့။ (စာရေးသူ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။)။

၂၀၀၁ - အလယ်တန်းပြဆရာမအဖြစ်မှ နှုတ်ထွက်။

၂၀၀၂ - ကျမချစ်သော ဘောလုံးသူရဲကောင်းများ(စတားပလေယာကောက်ကြောင်း) စာအုပ်ထွက်။ စာရေးဆရာ နေဝင်းမြင့်နှင့် အိမ်ထောင်ပြု။

၂၀၀၃ - ဖက်စိမ်းကွမ်းတောင်ရွှေဝတၳုတိုများထွက်(ယင်းနှစ်အတွက် အမျိုးသားစာပေ-ဝတၳုတိုပေါင်းချုပ်ဆု-ရရှိ)။

၂၀၀၄ - ဆံရစ်ဝိုင်းဝတၳုတိုများထွက်။ မြို့ကလေးရဲ့ ကော်ဖတ်စက္ကူ-(သိုက်ထွန်းသက်နှင့် တွဲ၍)ထွက်ခဲ့။ ဇူလိုင်လတွင် သမီးလေးဖွေးဖွေးနေဝင်းမြင့်ကိုဖွားမြင်။

၂၀၀၅ - ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ် လုံးချင်းဝတၳုရှည် စာအုပ်ထွက်။

၂၀၀၆ - ပါးကွက်ကြား ဝတၳုတိုများထွက်။ ဈေးခြင်းတောင်း-ဝတၳုတိုများထွက်။ ကြာဆစ်ကြိုး မဂ္ဂဇင်း ရှည်များထွက်။ အညာသူအညာသား ကျမဆွေမျိုးများ စာအုပ်ထွက်။ (ယင်းနှစ်အတွက် ထွန်းဖောင်ဒေးရှင်း ဆုရ။)။ ဖက်စိမ်းကွမ်းတောင် ဒု-အကြိမ် ပြန်ထွက်။

၂၀၀၇ - ဆံရစ်ဝိုင်းဝတၳုတိုများ ဓူဝံစာပေမှ ပြန်ထွက်။ ဖက်စိမ်းကွမ်းတောင်(တ-အကြိမ်)ပြန်ထွက်။ ဆဌမမြောက်-ဝတၳုတိုပေါင်းချုပ်အဖြစ် လှည်းယဉ်ကြော့ ဝတၳုတိုများထွက်ရန်ရှိ။ ပဲသင်းကောက်-အညာဓလေ့၊ ရွာဓလေ့ အက်ဆေးများထွက်ရန်ရှိ။

စာနယ်ဇင်းများတွင် ဝတၳုတို၊ ဝတၳုရှည်၊ ဆောင်းပါးများ အပုဒ်(၁၀၀)ကျော်ရေးသားပြီးခဲ့။

ယခုအခါ မိခင်ဖြစ်သူ ဒေါ်မြတင်၊ ခင်ပွန်းဖြစ်သူ စာရေးဆရာနေဝင်းမြင့် သမီးလေး ဖွေးဖွေးနေဝင်းမြင့်-တို့နှင့် အတူ မန္တလေးမြို့ စ/၁-ရပ်ကွက်၊ အိမ်အမှတ်(၈၄)။ ၆၇-၆၈-လမ်းကြား ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်လျက်ရှိ။ ဆက်သွယ်ရန် ဖုန်းနံပါတ်-၀၉၂၀၁၃၂၆၆ ဖြစ်သည်။

ထင်ရှားသောစာအုပ်များ 
ဖက်စိမ်းကွမ်းတောင် ဝတၳုတိုများ (ရွှေဝတၳုတိုများ “၂၀၀၃ အမျိုးသားစာပေ ဝတၳုတိုများ ဆု”)
ဆံရစ်ဝိုင်း ဝတၳုတိုများ
ပါးကွက်ကြား ဝတၳုတိုများ
ဈေးခြင်းတောင်း ဝတၳုတိုများ
ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်
အညာသူအညာသား ကျမဆွေမျိုးများ(“၂၀၀၇ ထွန်းဖောင်ဒေးရှင်း စာပေဆု”)
သနပ်ခါးပွင့် ဝတၳုတိုများ
လှည်းယဉ်ကြော့ ဝတၳုတိုများ
ကြာဆစ်ကြိုး မဂ္ဂဇင်းဝတၳုရှည်များ
ဖန်းစည်းကြိုး မဂ္ဂဇင်းဝတၳုရှည်များ
ကျမချစ်သော ဘောလုံးသူရဲကောင်းများ
မြို့ကလေးရဲ့ကော်ဖတ်စက္ကူ ( ဆရာသိုက်ထွန်း နှင့်)
ပင်လယ်ဖြတ်တဲ့လှည်း (ဆရာစိုးဘားဒိုင် နှင့်)
စပယ်တင်မှဲ့ (ဆရာနေဝင်းမြင့် နှင့်)
ပိုးရည်တောင်စာ မဂ္ဂဇင်းဝတၳုရှည်များ
ပဲသင်းကောက်
ပန်းကြာဝတ်မှုန်

လက်ရွေးစင် ဝတၳုတိုများ
1999- Thanakha Pwint Wuttu-to Myar - (သနပ်ခါးပွင့် ဝတၳုတိုများ)
2001- San-yit Wine Wuttu-to Myar - (ဆံရစ်ဝိုင်း ဝတၳုတိုများ)
2002- Phat Sein Kyun Taung Shwe Wuttu-to Mya - (ဖက်စိမ်းကွမ်းတောင်ရွှေ ဝတၳုတိုများ)
2004- Myoe-ka-lay Ei Kaw Phet Set-kuu (with Thiek Htin Thet) - (မြို့ကလေး၏ကော်ဖတ်စက္ကူ)
2006- Pa Kyut Kya Wuttu-to Myar - (ပါးကွက်ကျား ဝတၳုတိုများ)
2006- Zae Chin Taung Wuttu-to Myar - (ဈေးခြင်းတောင်း ‌ဝတၳုတိုများ)
2007- Kyar Seit Kyo Magazine Wuttu-shae Myar - (ကြာဆစ်ကြိုး ဝတၳုရှည်များ)
2007- Sapae Tin Mae Magazine Wuttu-shae Myar (with Nay Win Myint) - (စံပယ်တင်မှဲ့ မဂ္ဂဇင်းဝတၳုရှည်များ)
2008- Poe Yi Taung Sar Magazine Wuttu-shae Myar (with Nay Win Myint) - (ပိုးရည်းတောင်စာ မဂ္ဂဇင်းဝတၳုရှည်များ)
2008 - Hlel Yin Kyaue Wuttu-to Myar - (လှည်းယဉ်ကျော့ ဝတၳုတိုများ)
2008 - Let Ywe Sin Wuttu-to Myar - (လက်ရွေးစင်ဝတၳုတိုများ)
2009 - Yet Kan Lwin Wuttu-to Myar - (ရက်ကန်းလွန်း ဝတၳုတိုများ)

ယခုအခါ မိခင်ဖြစ်သူ ဒေါ်မြတင်၊ ခင်ပွန်းဖြစ်သူ စာရေးဆရာနေဝင်းမြင့်၊ သမီးလေး ဖွေးဖွေးနေဝင်းမြင့် တို့နှင့် အတူ မန္တလေးမြို့ စ/၁-ရပ်ကွက်၊ အိမ်အမှတ် (၈၄) / ၆၇-၆၈-လမ်းကြား ချမ်းမြသာစည် မြို့နယ်တွင် နေထိုင်လျက်ရှိသည်။


Reference from: wikipedia

Written Books

Book Review Image

ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်

ခင်ခင်ထူး
Book Review Image

မအိမ်​ကံ

ခင်ခင်ထူး
Book Review Image

ပန်းကြာဝတ်မှုန်

ခင်ခင်ထူး
Book Review Image

ကြာဆစ်ကြိုး မဂ္ဂဇင်းဝတ္ထုရှည်

ခင်ခင်ထူး
Book Review Image

ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်

ခင်ခင်ထူး