ကျွန်တော် အထင်ကြီးလေးစားတဲ့ အထဲမှာ ဆရာမ ခင်ခင်ထူး တစ်ယောက်ပါတယ်…
ဆရာမက ကျောင်းဆရာမ လုပ်ခဲ့ဖူးတယ်
အညာသူလည်း ဖြစ်တယ်…
မြင်းခြံ သူလည်း ဟုတ်တယ်…
ဆရာမ ခင်ခင်ထူး ဆိုတာ စာရေးတဲ့နေရာမှာ ကိုယ်ပိုင် ဟန် ကိုယ်ပိုင် အသုံးနဲ့ စာပေနယ်မှာ နေရာ တစ်ခု ကို မူပိုင်ယူထားသူပါ…
ခင်ခင်ထူး လို့ ဆိုလိုက်တာနဲ့ ဆရာမ ရဲ့ အသုံး အနှုန်း တွေကို အရင် ပြေးမြင်မိတယ်…
စကားလုံးတွေက အညာလေသံတွေ လေ…
တစ်ယူသန် စာဖတ်သမား တွေဆိုရင်တော့ လက်မခံ ချင်စရာ…ဒါပေမဲ့ ဆရာမက စာရေးတဲ့ နေရာမှာ တော့
မြင်းခြံ - တောင်သာ တစ်ဝိုက်… ရေစကြို - ပခုက္ကူ တစ်ဝိုက်က လေသံ အသုံး အနှုန်း တော့ တော်တော် နှံ့စပ် သေချာ တဲ့ ဆရာမ တစ်ယောက်ပဲ… ဆရာမ စာအုပ်တွေကို ဖတ်ပြီးရင် အညာဒေသ ကို ချစ်ခင်သွား မှာ သေချာတယ်… အညာသူ အညာသားကြီး တွေရဲ့ ရိုးသား ပွင့်လင်း ပုံတွေ…ကိုယ်ချင်းစာပြီး ကူညီရိုင်းပင်း ပုံတွေ ကို အရှိကို အရှိအတိုင်း မြင်သာ အောင် ရေးသား ပေးနိူင်တယ်…
ဆရာမ ခင်ခင်ထူး ကို လေးစားမိတာ နောက်တစ်ချက်က ဆရာမက ကိုယ်ပိုင်အရေးသား နဲ့ ပင်ကိုယ် ရေးတွေကို ဖန်တီးရေးသားနိူင်တာကို သိပ်လေးစားတယ်… ဝတ္ထုရှည် ဝတ္ထုတိုတွေ ကို အညာဓလေ့ အညာ လေ နဲ့ ပြောဆိုသုံးနှုန်းလေ့ရှိတယ်… အပြင်မှာ ဆရာမ ရဲ့ စာပေဟောပြောပွဲကို နားထောင်မိတော့ အသံကြည်လင် ပြတ်သားပြီး လေးစားချစ်ခင်စိတ်တွေ တိုးလာတယ်…
ကျွန်တော်က ဝတ္ထုတိုထက် ဝတ္ထုရှည်တွေကို ဖတ်ရတာ အားသန်တယ်… ဥပမာ - တောမင်းသမီး လို မအိမ်ကံ လို ထူထူထဲထဲ ဇာတ်အိမ်ကျယ်ကျယ် နဲ့ အစဉ်အလာကြီးမား တဲ့ ဇာတ်လမ်းတွေကို ဖတ်ရတာ သိပ်အရသာ ရှိတယ်…အခု ဝတ်လဲတော် စာအုပ်ကျတော့ မအိမ်ကံ လို တောမင်းသမီး လို ထူထူ ထပ်ထပ်ကြီး ဖတ်ရမယ် မျှော်လင့်တာ… ဒါပေမဲ့ အပြင်မှာ တွေ့လို့ ဝယ်မိတော့ ပါးပါးလေး…ဘာပဲ ဖြစ်ဖြစ် မကြာမီ ရုပ်ရှင်အဖြစ် ပုံသွင်း တော့မှာ ဆိုတော့
ဆရာမရဲ့ ပရိသတ် ဆိုတာရော ဆရာမ ရဲ့ လုံးချင်း ဝတ္ထု ရှည်ကို ဖတ်ချင်စိတ်ကြောင့် ဝယ်ဖြစ်ခဲ့တယ်…
ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ် ဆိုတဲ့ စာအုပ်က ကိုကျီးညို နဲ့ ခင်နှောင်း ရဲ့ မေတ္တာဖွဲ့ ဇာတ် လမ်းတစ်ပုဒ်ပါ…ဇာတ်အိမ် မခိုင်ခံ့ပေမဲ့ စာဖတ်သူ ရဲ့ ရင်ထဲကို ရောက်အောင်ထည့်ပေးနိူင်တဲ့ ရသ အပြည့်ပါ ပါတယ်…ဒီစာအုပ်မှာမှ မဟုတ် ဘဲ အခြားစာအုပ်တွေ မှာ ပါ ဆရာမ ရဲ့ စာပေဗဟုသုတ နှံ့စပ်ပုံတွေကို လေးစား မိပါတယ်…စာဖတ်ရင်း ဆရာမရဲ့ ရွေးချယ် သုံး နှုန်းသွားတဲ့ စကားလုံး တွေက တန်ဖိုးကြီးပါတယ်…
`စီးဆင်းနေသော ရေအလျဉ် ကိုသာ တား၍ ရချင်ရမည်၊
လွင်းပါးနေသော တိမ်တိုက်တွေကိုသာ ကောက်လို့ ရချင် ရမည် ၊ တေးဆိုငှက်တွေကို အသံတိတ်အောင် လုပ် လို့ ရချင် ရမည် ၊ အချစ်ကို ဘယ်အရာနှင့် တားဆီး လို့ ရမှာလဲ…´ ဒါက ကိုကျီးညို နဲ့ ခင်နှောင်း တို့ သမီးရည်းစား စဖြစ်တဲ့အခန်း…
`ကျူပ်ကို ပစ် သွားသာ များလား ခင်နှောင်း ရယ်´
`ကျူပ်တို့ ဝေးကြပြီထင်ပါရဲ့ ကိုကျီးညိုရယ်´
ဒါလေးက စာဖတ်သူ ရဲ့ နှလုံးသားတွေကို တင်းပုတ် နဲ့ရိုက်ချသလို ခံစားရတဲ့ စကားလုံး တွေပါ…
ဆရာမရဲ့ စာဖတ်ပရိသတ် တွေက တော့ ကျေနပ်နေကြ မှာပါ…
တစ်ခုပြောချင်တာက ဆရာမ ရဲ့ ကွမ်းတောင်ကိုင် ဆိုတဲ့ ဂုဏ် အရှိန်အဝါကြီးက မအိမ်ကံ ဖတ်ပြီး ပြီးမသွားဘူး အခု ဝတ်လည်းတော်မှာလည်း ကူးစက်လာတယ်…တစ်ခါ တစ်လေ ကွမ်းတောင်ကိုင် ဆိုတဲ့ ဂုဏ်ကို ဇာတ် ကောင်တွေကို ပေးကိုင်စေချင်မိတယ်…ကွမ်းတောင်ကိုင် ဆိုတဲ့ အရှိန်အဝါ က အရိပ်မည်းကြီးလို လိုက်နေတော့ စာဖတ်သူက ဟာ သွားပါပြီ သွားပါပြီ ဆိုပြီး ရင်ထုမနာ ဖြစ်ရပြန်ရော…ဆရာမ ရဲ့ ဖန်တီးလိုက်တဲ့ ဇာတ်ကောင် တွေမှာ ကွမ်းတောင်ကိုင် ဖြစ်ရေးဆိုတာ တော်တော် သြ ဇာကြီးတယ်…တစ်ခါတလေ ဇာတ်ကောင် အတွက် လျှော့ ပေါ့ စေချင်ပါတယ်…ဥပမာ - ကွမ်းတောင်ကိုင် ဖြစ်ပြီးမှ ဇာတ်လမ်းကို ဆက်သွားစေချင်တယ်…
ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုပါဘူး…ကိုကျီးညို နေရာက တာဝန်ယူမဲ့ ဒေါင်း ကလည်း နှုတ်ခမ်းနီမ လေး တွေရဲ့ အသည်းကျော်ဆိုတော့ …ဘာဖြစ်ဖြစ် ဒေါင်း လည်း ကြိုးစားမယ် ဆိုတာ ယုံပါတယ်…တကယ် တမ်းက ဒီဇာတ်ရုပ်ကို မင်းသား အသစ် တွေနဲ့ ရိုက်စေ ချင်တယ်… ခင်နှောင်း နေရာမှာ ကစ်ကစ် ဆိုတော့ … အင်း စောင့်ကြည့်ရဦးမှာပဲ… စာအုပ်ထက်တော့ မပိုနိူင် တာ သေချာပေမဲ့… ဒေါင်း တို့ ကြိုးစားနေတာ မြင်တော့ သူတို့ ကြိုးစားမှု ရလဒ်ကို ဝတ်လည်းတော် တစ်ဖွဲ့သားလုံး ခံစား ရပါစေ လို့ ဆုတောင်းပါတယ်…။ ။
(၄.၁၂.၂၀၁၉)
Tain Htut Khaung