Book Image

ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရ

မြေမှုန်လွင်

စာအုပ်အမည် - ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရ

စာရေးသူ - မြေမှုန်လွင်
ထုတ်ဝေသည့်ခုနှစ် - ၂၀၁၆၊ နိုဝင်ဘာ
ထုတ်ဝေသည့်တိုက် - ငါတို့စာပေ
ထုတ်ဝေသည့်အကြိမ် - တတိယအကြိမ်
တန်ဖိုး - ၃၀၀၀ ကျပ်
စာမျက်နှာ - ၂၆၉ မျက်နှာ




၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို နောက်ခံထားပြီး နှင်းခါးဆိုသော လူငယ်ဇာတ်ကောင်နေရာမှ ခံစားရေးဖွဲ့ထားသည့် အချက်အလက်မှန်နှင့် စိတ်ကူးယဉ် ရောဖွဲ့ရေးစပ်ထားသော ဝတၳုတစ်ပုဒ် ဖြစ်သည်။ ပထမအကြိမ် (၂၀၁၂ တွင်) ထုတ်ဝေစဉ်က ထုတ်ဝေခွင့် ပိတ်ခံရစေသည်အထိ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ရသော စာအုပ်လည်း ဖြစ်သည်။

စာအုပ်ထဲတွင် လူငယ်တို့ ကြုံတွေ့ရတတ်သော အကြောင်းအရာများ၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ဓလေ့များ၊ ကောင်မလေးအကြောင်းများ၊ နိုက်ကလပ်၊ တစ်ညတာပျော်ရွှင်မှု၊ လူတန်းစားအလွှာ အသီးသီး အသက်အရွယ်အမျိုးမျိုးတို့၏ ဖြစ်လေ့ဖြစ်ထရှိသော သဘောသဘာဝများ၊ (ခြုံပြောရလျှင် သားရှင်အမိတို့၏ ငွေပုံပေးကာ ကိုယ်ဝန်ဖျက်ခိုင်းခြင်းမျိုးများအထိ) အစီအစဉ်တကျ ခြယ်မှုန်းထားသည့် ဝတၳုလည်းဖြစ်သည်။

ရေးသူ၏ သွက်လက်သော စကားလုံးအသုံးအနှုန်းကြောင့် အစမှအဆုံးတိုင် ပေါ့ပေါ့ပါးပါး ဖတ်သွားရသည့် စာအုပ်လည်း ဖြစ်သည်။ သို့သော် စာအုပ်ဆုံးလျှင်တော့ ဖတ်သူစိတ်ထဲမှာ လေးပင်မှုတစ်ခုတော့ ကျန်ရစ်ပါမည်။ စာအုပ်ထဲမှာ ယူတတ်လျှင် သင်ခန်းစာရစရာတွေ ပါသလို အသက်အရွယ်အလိုက် ပြောင်းလဲမှုရှိလာတတ်သည့် သဘောသဘာဝများကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

သို့သော် ... စာအုပ်နှင့်ပတ်သက်ပြီး ဆိုစရာတွေတော့ နည်းနည်းရှိသည်။ ပုံနှိပ်အမှားများဟု ဆိုရမည်လားမသိ။ ဝတၳုနာမည်ကို အတွင်းစာမျက်နှာအကုန်လုံး၌ "၍" ဖြုတ်ကာ ဖော်ပြထားသည်ကို တွေ့ရသည်။ နှင်းခါးနှင့် သူ့ညီမနှင်းချိုကို နာမည်မှားရေးတာလည်း ဝတၳုတစ်နေရာမှာ တွေ့ရသည်။ စာမျက်နှာ ၁၀၃ အောက်နားနှင့် စာမျက်နှာ ၂၀၄ မှ ၂၀၅ ကို အကူးတွင်လည်း စာတွေ အဆက်အစပ်ပြတ်နေတာ တွေ့ရသည်။ စာမျက်နှာ ၂၂၉ တွင်တော့ ဘာအတွက်ကြောင့်မသိ (အထူးပြု ချင်၍ပဲလား မပြောတတ်) စာမျက်နှာကျော်ကာ ၂၃၁ တွင် ဝါကျပြန်ဆက်ထားတာလည်း တွေ့ရသည်။ စာလုံးပေါင်း အကျအပေါက်ရှိသည်ကား မထူးဆန်းပြီ။ ကျွန်တော်တို့ မျက်လုံးများက အမှားတွေ့လျှင် ပင်ကိုသဘောအရ ဖြည့်ဖတ်တတ်သည့်အတွက် ပရုဖတ်လျှင် အကုန်မစင်နိုင်ဆိုသည်ကို နားလည်ပါ၏။ ဆရာမြေမှုန်လွင်မှာ ပရုအယ်ဒီတာရှိသည် ဆို၍သာ အားမလိုအားမရဖြင့် အထွန့်တက်မိခြင်း ဖြစ်ပါသည်။

ယခုလိုမျိုး မြန်မာပြည်က ခေတ်စနစ်တွေကို ထင်ဟပ်စေသည့် ဝတၳုမျိုးတွေကို များများထွက်ရှိစေချင်မိပါ၏။ ဇာတ်ကြောင်းဖော်ပြလျှင် ဖတ်သည့်အခါ အရသာပျက်မှာစိုး၍ မရေးပြတော့ခြင်း ဖြစ်ပါသည်။ မျက်နှာဖုံးမှစကာ စိတ်ဝင်စားစရာကောင်းသော ဤစာအုပ်ကို အချိန်ရလျှင်တော့ ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါ၏။
#Kyaw Zaw Win


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

ကာမတဏှာ

ဦးနု
Book Review Image

လှပါတယ် မသီတာ

မောင်ဝဏ္ဏ
Book Review Image

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ယဉ်​မိုး

ခင်​သန္တာ
Book Review Image

ဆန်​​ပြောင်​းနီမိသားစု

တော်ကောင်းမင်း
Book Review Image

သူ​တော်​​ကောင်​းကြီး

သင်္ခါ
Book Review Image

ခွေးသေတစ်ခု အရင်းပြု

သင့်လူ
Book Review Image

မအိမ်​ကံ

ခင်ခင်ထူး
Book Review Image

ပန်းကြာဝတ်မှုန်

ခင်ခင်ထူး
Book Review Image

ခုနှစ်​စဉ်​အလွမ်​း

မင်းလူ
Book Review Image

သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ

ဂျူး
Book Review Image

အမှတ်တရ

ဂျူး
Book Review Image

ရန်ကုန်၏ နောက်ဆုံးနေ့များ

မိုးဆတ်
Book Review Image

အလွမ်းဆိုင်​

စံပယ်ဖြူနု
Book Review Image

ကံကောင်း

မြသန်းတင့်
Book Review Image

​ရွှေတိဂုံကိုမြင်လျင်

မိုးမိုး(အင်းလျား)
Book Review Image

ကမ္မဖလ

တင့်တယ်​
Book Review Image

အလှပဆုံးဒဏ်ရာ

မိုးသက်ဟန်
Book Review Image

မှန်သားမြို့တော်

ဒီနိုဗို
Book Review Image

ဝေးလွင့်ကင်းကွာနှစ်တရာ

သင့်လူ
Book Review Image

အိပ်မက်ချိုချို ဘ၀ခါးခါး

ယမင်းမြတ်အေး
Book Review Image

မျက်​မမြင်​တိုင်​းပြည်​

သခင်​ဘ​သောင်း
Book Review Image

ခြေ​လေး​ချောင်​း​တော်​လှန်​​ရေး

သခင်​ဘ​သောင်း
Book Review Image

သက်တော်ရာကျော် ထပ်ကာရှည်စေသော်

သင့်လူ
Book Review Image

တကယ်မရှိသောနှစ်များ

အောင်ခင်မြင့်
Book Review Image

ငြိမ်းကိုရှက်ပါ

မိုးမိုး(အင်းလျား)
Book Review Image

ငါးဖမ်းသမား

မိုးကျော်ဇင်
Book Review Image

ပါလေရာအယ်နီ

စံပယ်ဖြူနု
Book Review Image

မူယော

ချောအိမာန် မန္တလေး
Book Review Image

သံယောဇဉ်အဖွဲ့

မင်းလူ
Book Review Image

လုပ်ဇာတ်များ

ရှိန်ဝါ
Book Review Image

ပန်းကျောင်း

မင်းလူ
Book Review Image

ရေသေအိုင်

လင်းခါး
Book Review Image

ကိုယ်တိုင်သိရှိသွားမှု

ဇဏ်ခီ
Book Review Image

ဆိုနာတာ

အောင်ခင်မြင့်
Book Review Image

ကျွန်တော့်ဝတ္ထုများထဲမှ ကျွန်တော့်ဇာတ်ဆောင်များ

သိန်းဖေမြင့်
Book Review Image

တင့်ဇော် စာအုပ်များ

တင့်ဇော်