၂၀၁၂ခုနှစ်စာပေနိုဘယ်လ်ဆုရှင်တရုတ်စာရေးဆရာကြီး Mo Yan ရဲ့`Red Sorghum´ကိုဆရာတော်ကောင်းမင်းဘာသာပြန်တဲ့`ဆန်ပြောင်းနီမိသားစု´
ဒီစာအုပ်အကြောင်းမပြောခင်ဆရာမောင်ရဲခိုင်ရဲ့ဟာမန်ဟတ်စ်၏ဝတ္ထုတိုများစာအုပ်အမှာမှာပါတဲ့ဆရာမောင်ရဲခိုင်ရဲ့မှတ်ချက်ကိုဖော်ပြချင်ပါတယ်။
`ယခုအမှာစာရေးဆဲမှာပင်၂၀၁၂ခုနှစ်အတွက်စာပေနိုဗယ်လ်ဆုကြေငြာသွားပါသည်။တရုတ်ပြည်မှစာရေးဆရာမိုယန်ကိုဆုချီးမြှင့်ပါသည်။မိုယန်၏စာပေလက်ရာသည်ရိုးရာကျေးလက်လူထုပုံပြင်၊ရာဇဝင်သမိုင်းနှင့်ခေတ်ပြိုင်ရေးရာများကိုhallucinatory realism ဖြင့်ရောစပ်ရယ်ယှယ်ရေးခြင်းဖြစ်သည်ဟုဆုရွေးချယ်ရေးကော်မတီကဖော်ပြထားပါသည်။´
စာအုပ်ရဲ့နာမည်`ဆန်ပြောင်းနီမိသားစု´နာမည်နဲ့လိုက်ဖက်စွာဒီစာအုပ်ကိုလည်းMo Yanဟာရိုးရာကျေးလက်ပုံပြင်၊ရာဇဝင်သမိုင်းနဲ့ခေတ်ပြိုင်ရေးရာများကိုရောယှက်ပြီးရေးဖွဲ့ထားပါတယ်။
ဇာတ်လမ်းကတော့ဇာတ်ကြောင်းပြောသူကျွန်တော်(စာအုပ်တစ်အုပ်လုံးမှာနာမည်မပါ)ကသူရဲ့အဘိုး၊အဘွား၊အဘွားလေးနဲ့သူရဲ့အဖေ၊အမေတို့အကြောင်းကို၁၉၃၀နောက်ပိုင်းဂျပန်တွေတရုတ်ပြည်ကိုကျူးကျော်သိမ်းပိုက်ထားတဲ့အချိန်ကာလကအဖြစ်အပျက်တွေပေါ်မှာအခြေခံပြီးလှလှပပထုပ်ပိုးထားတဲ့ဝတ္ထုတစ်ပုဒ်ပါပဲ။၊
ဒီစာအုပ်မှာ
၁။ဆန်ပြောင်းနီ
၂။ဆန်ပြောင်းနီအရက်
၃။ခွေးလမ်း
၄။ဆန်ပြောင်းအသုဘ
၅။အသေဆန်း ဆိုပြီးအပိုင်း၅ပိုင်းပါဝင်ပါတယ်။
Mo Yanဟာအပိုင်းတစ်ပိုင်းစီကို၁၉၈၆ခုနှစ်အတွင်းမဂ္ဂဇင်းအသီးသီးမှာဝတ္ထုလတ်များအနေဖြင့်သီးခြားရေးခဲ့ပြီး၁၉၈ရခုနှစ်ကျမှဝတ္ထုလတ်၅ပုဒ်ကိုပေါင်းစည်းပြီး`ဆန်ပြောင်းနီမိသားစု´ဟုအမည်ပေးကာလုံးချင်းဝတ္ထုရှည်အဖြစ်လွတ်မြောက်ရေးတပ်မတော်စာပေတိုက်ကထုတ်ဝေခဲ့ပါတယ်။၁၉၈ရခုနှစ်မှာဆန်ပြောင်းနီနဲ့ဆန်ပြောင်းနီအရက်နှစ်ပုဒ်ကိုဆန်ပြောင်းနီအမည်နဲ့ဒါရိုက်တာကျန်ယိမိုးကရုပ်ရှင်ရိုက်ကူးခဲ့ပြီးထိုဇာတ်ကားဟာ၃၈ကြိမ်မြောက်ဘာလင်ရုပ်ရှင်ပွဲတော်မှာ`ရွွေဝက်ဝံ´ဆုနဲ့၁၉၈၈တရုတ်နိုင်ငံရုပ်ရှင်အစည်းအရုံးကချီးမြှင့်တဲ့`ရွွေကြက်ဖ´ဆုတို့ကိုရရှိခဲ့တယ်လို့ဆရာတော်ကောင်းမင်းရဲ့အမှာမှာဖော်ပြထားပါတယ်။
ဒီစာအုပ်ဟာဇာတ်ကြောင်းပြောသူကျွန်တော်(စာအုပ်တစ်အုပ်လုံးမှာနာမည်မပါ)ရဲ့မိသားစုရာဇဝင်ကိုဆန်ပြောင်းနီနဲ့တင်စားဖွဲ့နွဲ့ထားတဲ့ဝတ္ထုတစ်ပုဒ်လည်းဖြစ်ပါတယ်။
ဒီစာအုပ်မှာဇာတ်ကြောင်းပြောသူကျွန်တော်(စာအုပ်တစ်အုပ်လုံးမှာနာမည်မပါ)ရဲ့အဘိုးယွီကြံ့အောင်နဲ့အဘွားတိုက်ဖုန်းလျန်၊အဘွားလေးမယ်လွမ်းတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းများ
ဇာတ်ကြောင်းပြောသူကျွန်တော်(စာအုပ်တစ်အုပ်လုံးမှာနာမည်မပါ)ရဲ့အဖေတို့ကွမ်းနဲ့အဘိုးဖြစ်သူတို့ရဲ့ဂျပန်တော်လှန်ရေးဇာတ်ကြောင်းများ
ကူမင်တန်နဲ့ကွန်မြူနစ်တို့ရဲ့အမြဲရန်စောင်နေကြတဲ့တိုက်ပွဲဇာတ်လမ်းများ
ဂျပန်တွေရဲ့လူမဆန်တဲ့ရက်စက်မွုများအကြောင်း
ဆန်ပြောင်းနီနဲ့ချက်လုပ်တဲ့ဆန်ပြောင်းနီအရက်အကြောင်း
ရွာထဲကခွေးတွေစားစရာမရှိတော့တိုက်ပွဲအပြီးမှာကြွင်းကျန်ခဲ့တဲ့အလောင်းတွေကိုစားရပါများလာတော့လူသားစားခွေးတွေဖြစ်သွားတဲ့အကြောင်း
လူသားစားခွေးတွေနဲ့လူတွေရဲ့တိုက်ပွဲတွေအကြောင်း
ကြီးကျယ်ခမ်းနားတဲ့တရုတ်ရိုးရာအသုဘအခမ်းအနားအကြောင်း
သေခါနီးလူတစ်ယောက်ရဲ့ဖုတ်ဝင်စားမွုအကြောင်း
ကောင်းမိတုန်းပေတိုက်နယ်နဲ့မင်ရည်မြစ်တို့ကိုတင်စားထားတဲ့အဖွဲ့အနွဲ့များ
ဒီစာအုပ်အကြောင်းပြောရင်တစ်အုပ်လုံးပြောမှပြီးပြည့်စုံပါလိမ့်မယ်။
Spoilဖြစ်မှာစိုးတဲ့အတွက်အကျယ်ကိုမပြောတော့ပါ။
ဒီစာအုပ်ထဲကစာမြည်းအချို့
`အဘေးမကတော့အထည်ကြီးပျက်မြေရှင့်သမီးပီပီမိန်းကလေးတွေအဖို့ခြေသေးထုပ်တာဘယ်လောက်အရေးကြီးကြောင်းကောင်းကောင်းသဘောပေါက်တယ်။ဘွားဘွားကိုခြောက်နှစ်မပြည့်တတ်မီကတည်းကခြေသေးစထုပ်ပြီးတစ်နေ့ထက်တစ်နေ့ပိုပိုတင်းအောင်ထုပ်လာခဲ့တယ်။ခြေထုပ်ပိတ်တစ်စဟာသုံးကိုက်ခွဲလောက်ရှည်တယ်။အဲဒီဟာနဲ့အဘေးမကဘွားဘွားရဲ့ဖဝါးရိုးကိုဖျစ်ချိုးပြီးခြေမနှစ်ချောင်းကလွဲလို့ခြေအစုံကကျန်တဲ့ခြေချောင်းရှစ်ချောင်းကိုဖဝါးအောက်ထဲချိုးထည့်ထားတာ။ရက်စက်လိုက်တာဗျာ။ကျွန်တော့်အမေလည်းခြေသေးမပဲ။သူ့ခြေထောက်ကိုမြင်တိုင်းကျွန်တော့်ရင်ထဲမယ်ခံစားရလွန်းလို့ပဒေသရာဇ်စနစ်ကျဆုံးပါစေ၊လူ့ခြေထောက်လွတ်မြောက်ရေးအဓွန့်ရှည်ပါစေလို့သာဟစ်ကြွေးလိုက်ချင်ပါတော့တယ်။´
(စာ-၆၁)
(ဒီစာအုပ်ထဲကခြေသေးမိန်းကလေးတွေအကြောင်းဖတ်ရတော့Ha Jinရဲ့`Waiting´ကိုဆရာတင်မောင်မြင့်ဘာသာပြန်တဲ့`မေှျာ်´ထဲကခြေသေးတောသူမလေးရူးယုကိုပြန်ပြီးသတိရမိပါတယ်။)
`အဓိပ္ပါယ်တစ်မျိုးနဲ့ပြောရရင်သူရဲကောင်းဆိုတာမွေးရာပါဗီဇပဲ။သူရဲကောင်းအရည်အသွေးဆိုတာငုပ်လှျိုးနေတဲ့သတ္တိပုန်းတစ်ခုပဲ။ပြင်ပကလွုံ့ဆော်မွုနဲ့ထိတွေ့လာတဲ့အခါကျမှသူရဲကောင်းလုပ်ရပ်အဖြစ်ပြောင်းလဲလာတဲ့ဥစ္စာမျိုး။´
(စာ-၁၂၅)
`လူသွေးနဲ့လူသားကရှိရှိသမှျခွေးတွေအားလုံးရဲ့ရုပ်သွင်ကိုပြောင်းလဲလာစေခဲ့တယ်။ဒီကောင်တွေရဲ့အမွေးတွေအရောင်တောက်လာတယ်။ကြွက်သားစိုင်တွေကြောင့်အသားအရေတွေတင်းတင်းရင်းရင်းရှိလာတယ်။ဒီကောင်တွေရဲ့ကြွက်သားထဲမှာဟီမိုဂလိုဗင်ပါဝင်မွုအများကြီးမြင့်တက်လာလို့စရိုက်တွေကြမ်းတမ်းခက်ထန်လာတယ်၊သွေးဆာလာတယ်၊တိုက်ချင်ခိုက်ချင်စိတ်တွေများလာတယ်။`လူ့ကျွန်´ဘဝကျရောက်စဉ်ကထမင်းရည်သောက်၊ထမင်းချိုးခဲကာဆင်းရဲနိမ့်ကျစွာဖြတ်သန်းလာခဲ့ရတဲ့အရှက်ရဖွယ်ဘဝကိုပြန်စဉ်းစားတိုင်းဒီကောင်တွေခံပြင်းကြရတယ်။လူတွေကိုတိုက်ခိုက်မယ်ဆိုတဲ့အတွေးကြီးကခွေးထုကြီးထဲမှာစုပေါင်းမသိစိတ်တစ်ခုလိုဖြစ်တည်နေခဲ့ပြီ။အဖေတို့ဘက်ကပစ်ခတ်မွုတွေစိတ်လာတာနဲ့အမှျခွေးထူကြီးထဲကလူမုန်းတီးရေးစိတ်ဓာတ်ဟာလည်းသာလို့ပြင်းထန်လာခဲ့တယ်။´
(စာ-၃၀၄)
ဒီစာအုပ်ရဲ့ဇာတ်သိမ်းပိုင်းမှာဇာတ်ကြောင်းပြောသူကျွန်တော်(စာအုပ်တစ်အုပ်လုံးမှာနာမည်မပါ)ကသူ့ဇာတိမြေရဲ့သမိုင်းကို`သူရဲကောင်းအဆန်ဆုံးနှင့်ခွေးမသားအဆန်ဆုံး´ဆိုပြီးသူမြင်တဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းဖွင့်ဟပြသွားခဲ့ပါတယ်။
မိသားစုရာဇဝင်တစ်လေှျာက်လုံးဆန်ပြောင်းနီတွေနဲ့အသားကျနေခဲ့ပေမယ့်ဇာတ်ကြောင်းပြောသူကျွန်တော်(စာအုပ်တစ်အုပ်လုံးမှာနာမည်မပါ)ရဲ့ဆယ်နှစ်အကြာမှဇာတိမြေကိုပြန်လာတဲ့ခရီးမှာဆန်ပြောင်းနီတွေအစားမျိုးစပ်ဆန်ပြောင်းပင်တွေအစားထိုးနေရာယူသွားပုံအကြောင်းကိုလည်းဝမ်းနည်းဖွယ်ရာဖတ်ရပါတယ်။
ဒီစာအုပ်ကိုမြန်မာပြည်သားတရုတ်လူမျိုးဘာသာပြန်ဆရာကတရုတ်ဘာသာကနေတိုက်ရိုက်ဘာသာပြန်တာဖြစ်တဲ့အတွက်ဖတ်ရတာပြေပြစ်ချောမွေ့လှပါတယ်။
ကျွန်တော်ကတော့ဒီစာအုပ်ရဲ့ရေှ့မှာMo Yanရဲ့`Wa´(Waနဲ့Mo Yanစာပေနိုဘယ်လ်ဆုရခဲ့)ကိုဆရာတော်ကောင်းမင်းပဲဘာသာပြန်ထားတဲ့`ဖား´ကိုဖတ်ပြီးထားတော့အမှန်ပြောရရင်ဒီစာအုပ်ကို`ဖား´လောက်မစွဲပါ။
`ဖား´လောက်မစွဲသော်ငြားလည်း`ဆန်ပြောင်းနီမိသားစု´ကိုဖတ်ပြီးသွားတဲ့နောက်ရိုးတံရှည်တဲ့ရဲရဲနီတဲ့ဆန်ပြောင်းနီတွေကတော့မျက်စိထဲမှာလေနှင်ရာယိမ်းနွဲ့နေတုန်းပါပဲ။
________________________ကိုစာအုပ်