စာရေးသူ - တက္ကသိုလ်ဘုန်းနိုင်
တန်ဖိုး - ၄၀၀၀ ကျပ်
ရွက်ရေ -၃၂၆ မျက်နှာပါဝင်သည် ။
- ကံ့ကော်ဝတ်ရည် စာပေမှ
စတုတ္တအကြိမ်ပုံနှိပ်ထုတ်ဝေသည် ။
(သဇင် ဖတ်ထားတဲ့ အတိုင်းခံစားချက်အမြင်ကိုဖတ်ညွန်းအဖြစ်ရေးထားသားခြင်းသာဖြစ်ပါသည်)
"အလှပန်း ဘဝတိုင်းဟာစိတ်ပျက်စရာမဟုတ်ပါဘူး အနည်းဆုံး လောက ကိုတော့ အလှဆင်သွားတယ်လေ " (မောင်လေးလှိုင်)
"ငါသည် ငါ့ဘဝ၏မာလိန်မှူးဖြစ်၍ ငါသည်ပင် ငါ့ကြမ္မာ၏အရှင်သခင်တည်း " (မမဝေ)
နွေဦးနှင့်ပိတောက် ကိုအရင်း တည် ၍
ပိုင်ဆိုင်လိုစိတ် လျော့ရဲသော ချစ်ခြင်း
နှင့် စစ်မှန်သော သံယောဇဉ် ကိုပါ
တပြိုင်နက် ဖြစ်ပေါ ်လာစေခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံတရား ~~'
မမဝေ တဲ့ ……
နာမည် ပင်ကြားဖူးသော် လည်း အတိက်က ရေစက်အရှိန် ကြောင့် လူဆိုသည့်ရုပ်ဝတ္တု ကို မမြင်ခင် မတွေ့ခင် ကပင် စွဲလန်း နေမိခဲ့တဲ့
ကောင်လေးတစ်ယောက် ……
သူတို့ နှစ်ဦး ဘဝအကြောင်းဖန် တွေ ့ကြံ ုလာရသောအခါ
'ပိတောက်ပွင့် ဆဲ လသာဆဲဝယ်'
ဆိုသည့်အတိုင်း မောင်လေးလှိုင် ဘဝ၏
ပိတောက်ပန်းကလေးနှင့်တူသော
အသက်ထက်မက ချစ်ရလွန်းသူ
လပြည့်ဝန်း မမဝေ ကို ချစ်မိသည့်အခါ
ဖြစ်ပေါ ်လာသော ဘဝ ဇာတ်ခုံအဖုံဖုံကို
အတိတ် အနာဂတ် ပစ္စုပ္ပန် တစ်ခုမှ လစ်ဟာမှု မရှိရလေ အောင် အကွက်ကျကျ ဖန်တီး ပုံဖော်ထား သော စာရေးသူ ၏ အသေးစိတ် ကျနမှုကိုတွေ့မြင်ရနိုုင်သည် ••
ထိုမှတစ်ဆင့် နက်နဲလှသည့် စကားပြေနှင့်ကဗျာ ၏ ကွားခြားပုံ လေးလုံးစပ်ကဗျာ ၏ အယူအဆ အတွေးအဆကလေးများ ကို ပါ ထိထိမိမိ ထည့်သွင်းရေးဖွဲ့ထား သည်ကို စာရှုသူတို့တွေ့မြင်နိုင်ပါသည် ။
ပုသိမ်မြို ့ရဲ့ နွေဦးကာလ တစ်ခုအစ တွင်ဖြစ်ပျက်ခဲ့သောဤ ဇာတ်လမ်းတခုလုံး ကို မိမိကိုယ်တိုင် ် စာဖတ်သူတစ်ယောက် ရဲ့ အမြင်အားဖြင့် ကြည့်မည်ဆိုလှျင်
-ချစ်ပင်ချစ်သော်ငြားလည်း သံသရာတစ်ကွေ ့တွင် တွေ ့ကြုံဆုံကွဲ ဖြစ်ခြင်းနဲ့ပျက်ခြင်း
လောကဓမ္မတာ ကို ဖတ်ရင်းရှုရင်းဖြင့် သိရှိလာစေပါသည် ……
-ဖြစ်ချင်စိတ်နှင့် ဖြစ် သင့်စိတ်တို့နှစ် ခု အားပြိုင်မှု တွင် အတွေးညာဏ်ရသ တစ်ခုကိုပါ
တပြိုင်နက် ရရှိစေပါသည် ။
-လောကီ လောကုတ္တရာ နှစ်ဖြာ လုပ်သင့်လုပ်ထိုက်သည်များကိုပါ အကျိုး နှင့် အကြောင်းတရား ဆီလျော် အောင် ရေးဖွဲ့သီကုံးထားသော အတွေး ခံစားမှု ရသ အပြည့်အဝ
ပေးသော ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါသည် ။
6/ 6/.2018
MyaThazinKyaw
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137