ဇာတ်လမ်းအကြောင်း...နည်းနည်းပြောမယ်ဗျာ။
ဆရာမင်းလူနဲ့စိန်ကြောင်က သူငယ်ချင်းအရင်းကြီးတွေပေါ့။
ငွေမရှိတဲ့ စိန်ကြောင်က ငယ်ငယ်လေးကတည်းက လောကဓံအထုအထောင်း ဗြောင်းဆန်အောင် ခံခဲ့ရသူ။
ကြီးလာလို့ စီးပွားရေးနယ်ပယ်ရောက်လာတော့......
ဒီဒဏ်ရာဒဏ်ချက်တွေကပဲ.....စိန်ကြောင်ကို...ရှစ်စပ်က လည်တဲ့ဂျင် အဖြစ် တွန်းပို့ခဲ့တယ်။
ငွေပြီးရင်း....ငွေ...ဖြစ်ခဲ့တဲ့ စိန်ကြောင်။
နောက်ပိုင်းတော့.....ငွေရရင်.....နောက်ကျောကရော..ရင်ဘတ်ကရော...ဓားနဲထိုးကြတဲ့..... ငွေရှိ အသိုင်းအဝိုင်းကို စိတ်ပျက်ငြီးငွေ့....။
စိန်ကြောင်ရဲ့ စိတ်ဖြေရာ....ရိုးသားရာ အိုအေစစ်ဟာ......ဆရာမင်းလူတို့လို သူငယ်ချင်းကောင်းတွေ။
သူငယ်ချင်းကောင်းရှိတာ......ဘဝအမောကို....တစ်ရာပုံရင် တစ်ထောင်အမောပြေစေကြောင်း....စိန်ကြောင်က ပြခဲ့တယ်။
ဝတ္ထုအဆုံးသတ်က စွဲမက်ဖွယ်။
ဆရာမင်းလူတို့အုပ်စုက စိန်ကြောင်ကို တစ်သက်လုံး မိန်းမမရတော့ဘူးလို့ သတ်မှတ်ထားတယ်။
စိန်ကြောင်က အသက်ကြီးကြီး ရုပ်ဆိုးဆိုး ပိုက်ဆံရှိ ဘွားတော်တစ်ယောက်ကို ကောက်ယူပစ်လိုက်တယ်။
ဆရာမင်းလူတို့ကို ဧည့်ခန်းမှာ......စိန်ကြောင်က
ဧည့်ခံတော့......စိန်ကြောင့်ဇနီးကြီးရဲ့ သမီးလေးက....အချိုပွဲကိုင် ထွက်လာတယ်။
စိန်ကြောင်က ဆရာမင်းလူတို့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တဲ့ အချိန်.....ဆရာမင်းလူက....ငါ.....
ကိုင်ဆဲပစ်လိုက်တယ်။
ဒီလို ရှစ်စပ်ကလည်တဲ့ ဂျင် စိန်ကြောင်အကြောင်း။
စီးပွားရေးအသိုင်းအဝိုင်းဟာ......လည်မှ ရမယ့် အကြောင်း။
ဆရာမင်းလူတို့ခေတ်က ဆိုရှယ်လစ်စီးပွားရေးစနစ်ကို လေ့လာနိုင်မယ့်အကြောင်း.....။
ဒါတွေကို..ဖတ်ချင်ရင်.....တော့....``သူငယ်ချင်းတစ်ယောက်အကြောင်း" ကို အခုပဲ.....ညွှန်းဆိုလိုက်ပါတယ်။
စကားမစပ်.......ဆရာမင်းလူဟာ..
စာပေလောကမှာ....ဘာလို့.....မင်းလူ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့လဲဆိုတာ.....ဒီစာအုပ်ဖတ်ရင် နားလည်သွားပါလိမ့်မယ်။
လူ့ဘဝရဲ့ သရုပ်သကန်ကို အသော့၊အထေ့....ရသအငွေ့နဲ့ ရေးတတ်လိုက်ပုံများ......ဆရာရယ်...လို့....
နတ်ဘုံကို လှမ်းလှမ်းတမိတဲ့ အထိ ဖြစ်မိပါတော့သည် ခင်ဗျား....။
#NDSP-Reading-Marathon