ကိုယ်ဖတ်ဖူးတဲ့စာအုပ်တအုပ်ကို ဇာတ်ညွှန်းထားပြီး
ရုပ်ရှင်ရိုက်တဲ့အခါ အဲ့ရုပ်ရှင်ဇာတ်ကားကို ကျနော်
ဘယ်တော့မှ မကြည့်မိအောင် မကြည့်ဖြစ်အောင်
နေတယ်..
ဘာလို့လဲဆိုတော့ ကိုယ်စာအုပ်တအုပ်ကို
စဖတ်တုန်းက
ဇာတ်ဆောင်တွေဟာ စာရေးဆရာရဲ့
အရေးအသားပေါ်မူတည်ပြီး ဇာတ်ရုပ်တွေကို
ကိုယ်ပိုင်စိတ်ကူးနဲ့လွတ်လွတ်လပ်လပ်ဖန်တီး
ပြီးတော့ စာအုပ်ကို ပျော်ပျော်ကြီးဖတ်တယ်
စိတ်ကူးယဉ်တယ်
အဲ့လို ကိုယ်ဖတ်ထားတဲ့စာအုပ်ဟာ ရုပ်ရှင်
ဇာတ်ကားအဖြစ်နဲ့ ဖန်သားပြင်ပေါ် ပေါ်လာတဲ့အခါ
အမှတ်တမဲ့ကြည့်မိတဲ့အခါ သိပ်မလေးနက်တော့
သလိုခံစားရတယ်...ဇာတ်ဆောင်တွေကလဲ
ကိုယ်စိတ်ကူးနဲ့ဖန်တီးမိတဲ့ ဇာတ်ရုပ်တွေမဟုတ်ဘဲ
ရင်းနှီးနေတဲ့ သရုပ်ဆောင်မင်းသား မင်းသမီးတွေရဲ့ မျက်နှာတွေဖြစ်နေတဲ့အခါ......
#နောက်တချိန် အဲ့စာအုပ်ကိုပြန်ဖတ်တဲ့အခါ
ပထမဆုံးစဖတ်တုန်းက ကိုယ်စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဇာတ်ရုပ်တွေကို မမြင်ယောင် မတွေးမိတော့ဘဲ
အဲ့သရုပ်ဆောင်တွေရဲ့ မျက်နှာကြီးတွေပေါ်လာတဲ့
အခါအရမ်းကို feel ကြဲသွားတယ်..
အဲ့တာတွေကြောင့် ကျနော် ကိုယ်ဖတ်ဖူးတဲ့စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်တဲ့ဇာတ်ကားကို အတက်နိုင်ဆုံး
ရှောင်တယ်
ဒီစာအုပ်က
၂၀၀၇ခုနှစ်မှာ ပထမဆုံးဝတ္ထုရှည်နဲ့ ဆရာ
လင်္ကာရည်ကျော် လူငယ်အမျိူးသားစာပေဆု
ရခဲ့တဲ့စာအုပ်
၂၀၁၄ခုနှစ်မှာ မြန်မာစာအဖွဲ့က တတိယနှစ် မြန်မာစာ (ဝိဇ္ဇာ) ဘွဲ့အတွက် သင်ရိုးပြဋ္ဌာန်းခံရတဲ့စာအုပ်
၂၀၀၉မှာ အကောင်းဆုံးဇာတ်ကားဆုနဲ့ ဇာတိညွှနိးဆု ရခဲ့တယ်...
တော်တော်များများက စာအုပ်ထက် ဇာက်ကားကို
ကြည့်ဖူးမှာဖစ်လို့ အညွှန်းက ရေးစရာလိုမှာမဟုတ်ပါဘူး
#ကြိုးကြာတောင်ပံခတ်သံ ဆိုတာ
တော်တော်လဲနာမည်ကြီးခဲ့တဲ့ဇာက်ကားဆိုတော့
ကျနော်လဲကြားဖူးတာပေါ့ ဒီစာအုပ်ကိုဖတိရင်း
အော်ဇာတ်ကားရှိတာဘဲလို့တွေးမိပြီး ပြီးအောင်
ဖတ်ပြီးတော့ ဇာက်ကားကိုရိုက်ရှာမိတယ်
Trailer လေးကြည့်ပီး နောက်တချိန်ပြန်ဖတ်မိတော့
ဇာတ်ရုပ်တွေနေရာမှာ ဇာတ်ကားထဲက မင်းသား
မင်းသမီးတွေကိုမြင်ယောင်မိပြီး စာဖတ်ရတာ
ပထမဆုံးဖတ်တာလောက် feelမလာတော့ဘူး
ကြည့်မိတဲ့ကိုယ့်ဘာသာလဲနောင်တရလို့မဆုံးဘူး
အဲ့တာကြောင့် ကျနော် ကြိုက်တဲ့စာအုပ်က်ို ရုပ်ရှင်
ရိုက်ရင် ဘယ်တော့မှ မကြည့်ဖစ်အောင်နေရတယ်
Htet Zhan