စာရေးသူဂျော့ချ်အော်ဝဲလ်George Orwellက ၁၉၄၅ခုနှစ်လောက်မှာAnimal Farmဝတ္ထုနဲ့ကမ္ဘာကျော်စာရေးဆရာဖြစ်ခဲ့ပါတယ်။ (ယ္ခုသခင်ဘသောင်း
ဘာသာပြန်၊ ခြေလေးချောင်းတော်လှန်ရေး။)
#နိုင်ငံရေးစိတ်ဝင်စားသူတွေဖတ်ရင်ပိုအဆင်ပြေပါမယ်။#
အာဏာရှင်ကိုတွန်းလှန်ရင်း လုပ်ပိုင်ခွင့်များအပေါ် သာယာယှစ်မူးလာရာမှ အာဏာရှင်တွေဖြစ်သွားတဲ့အကြောင်းလေးပါ။
ခေတ်အဆက်ဆက်က နိုင်ငံအသီးသီး ၊အဖွဲ့အသီးသီး ၊ ပါတီဂိုဏ်းဂဏ္ဍသီးသီးတို့မှာ အာဏာရှင်ကိုတွန်းလှန်တိုက်ခိုက်ကြရင်း လုပ်ပိုင်ခွင့် အာဏာပါဝါတွေ ရလာတဲ့အခါ ငါမှငါ ၊ ငါသာတော် ငါသာတတ် ဖြစ်လာကြပြီး မာန်တတ်လာကြရာက
မိမိနှင့်လက်တွဲဖေါ်တိုက်ဖေါ်တိုက်ဖက်တို့ကို အထင်သေးနိှမ်ချလာရင်း အာဏာပြ ပါဝါပြရင်း ၊
ငါနဲတည့်သူငါ့ရန်သူ ၊ မနာခံသူရန်သူအနေနဲ့
တပည့်မွေး လက်သားမွေးရင်း
သေတူရှင်မကွာတိုက်ဖေါ်တိုက်ဖက်တို့ကိုသစ္စာဖောက်အဖြစ်စွတ်စွဲ၊ဖြုတ် ထုတ် သတ် ၊လုပ်ကြ
မသိနားမလည်သူတို့ကိုအကြောင်းအမျိုးမျိုးပြ
ဥပဒေတွေအမျိုးမျိုးထုတ် မူလရည်မှန်းချက်လမ်းစဉ်ကနေသွေဖီ
မူလကချမှတ်ခဲ့ကြတဲ့ အခြေခံဥပဒေကို အမျိုးမျိုး ကောက်ကျစ်ပြု ပြင်ကြရင်း နောက်ဆုံး မှာစည်းစိမ် အာဏာယစ်မူးပြီး ရန်သူနဲ့ပြန်လည်ပေါင်းသင်းကာ မိမိဘဝတူတွေကိုသစ္စာဖောက် ၊ အာဏာရှင်အနေနဲ့ပြန််လည် ကျင့်သုံးနေထိုင်သွားကြပုံကိုစာရေးသူက
ယာတောလေးတခုအတွင်း စုပေါင်းနေထိုင်ကြသော မတူကွဲပြားသည့် တိရိစ္ဆာန်တို့နှင့်ခိုင်းနိုင်းတင်စားပြထားပါသည်။
ယာတောလေးကို နိုင်ငံတခု၊
ပါတီတခု ၊ လူ့အဖွဲ့အစည်းတခုအနေနဲ့မြင်ယောင်ပြီး၊
မတူကွဲပြားသည့်တိရစ္ဆာန်အပေါင်းကိုလည်း
မတူကွဲပြားသည့်လူအပေါင်းတို့အနေနှင့် ....
စာပြန်သူသခင်ဘသောင်းသည် Animal Farm ကိုမြန်မာပြန်မဟုတ်ပဲ မြန်မာမူ့ပြုထားတယ်လို့ဆိုပါရစေ။
သခင်ဘသောင်း၏ စာအရေးအသားဟန်ကြောင့်
နိုင်ငံရေး ၊ပါတီရေးဆန်ဆန် ၊ ခြေလေးချောင်းတော်လှန်ရေးစာအုပ်သည်ဖတ်မငြီးသည့် ၊စာမထောက်သည့့်စာအုပ်အနေနှင့်ဖြစ်လာပါတယ်။
သို့သာ်လည်း မိမိကနိုင်ငံရေးနှင့်ပတ်သက်လာလျှင် ရေှ့မှီနောက်မှီပုဂ္ဂိုလ်မဟုတ်ပဲ
နောက်မီှတယောက်အနေနှင့်သာ၎င်း ၊
အာဏာရှင်တို့၏ဆောင်ရွက်ချက်တို့ကိုတပိုင်းတစမှီသူအနေနှင့့်၎င်း ၊ ယခု စာအုပ်ပါးလေးကို တကြိမ်တည်းဖတ်မနိုင်ခဲ့ပါ။
မိမိ၏ပတ်ဝန်းကျင်တွင် ယခင်ရော် ယခုအထိပါဖြစ်ပျက်တွေ့ရိှ့နေသမျှကို မီးမောင်းထိုးပြနေသလိုဖြစ်နေ၍ စာဖတ်ရင်းမိမိပတ်ဝန်းကျင်နှင့် အခြေနေအရပ်ရပ်တို့ကို နိုင်းယှဉ်နေမိနေရာက မောဟိုက်မွန်းကျပ်လာပြီးမကြာခဏ ချချပြီးဖတ်နေရပါတယ်။
ဒီတော့ ယခုစာအုပ်လေးကလည်း အာဏာမက်သူ အာဏာပြချင်လွန်းသူတွေရိှ့နေသရွေ့ ခေတ်အဆက်ဆက်မရိုးနိုင်တဲ့စာအုပ်လေးအနေနဲ့ ကမ္ဘာတည်သရွွေ့တည်မြဲနေဦးမှာပါ။
ဇာတ်လမ်းအကျဉ်းက.......
ဦးသာခေါင်ပိုင်တဲ့ ယင်းမာပင်အမည်ရိှ့
လယ်တော ယာကွင်းကြီးထဲမှာ သူမွေးမြုထားတဲ့ ကျွဲ ၊နွား၊ မြင်း ၊ဝက် ၊ သို်း ၊ ကြက် ၊ ဘဲ ၊ ငှက် ၊ ခွေး အစရိှ့သဖြင့့်တ်ိရစ္ဆာန်ပေါင်းစုံရိှ့ကြတယ်။
တရက် တိရစ္ဆာန်တွေထဲမှာအသက်အကြီးဆုံး ဝက်ကြီးက တိရစ္ဆာန်တွေကိုစုဝေးပြီး သူ့အိမ်မက်အကြောင်းပြောပြရာက ယခုဇာတ်လမ်းလေးဖြစ်လာတာပါ။
အဲ့ဒီစကားဝိုင်း စည်းဝေးပွဲမှာ ဝက်ကြီးက
တိရစ္ဆာန်ခြေလေးချောင်းတို့သည်လူသားခြေနှစ်ချောင်းတို့အားပေးဆပ်ရန်သက်သက်သာဖြစ်လာပုံ မိမိတို့ကမည်မျှပင်ပေးဆပ်စေကာမူ့ လူသားတို့ဆီမှ
မည်သည့်အကျိုးကျေးဇူးမျှမရကြပုံတို့ကိုပြောပြသွားတယ်။အဲ့ဒီချိန်ကအစပြုု ပြီးတိရစ္ဆာန်တို့ရဲ့စိတ်ထဲမှာတော်လှန်ရေးစိတ်ဓာတ်ကိန်းအောင်းသွားတယ်။
တရက် ဦးသာခေါင်အရက်မူးမူးနှင့်အိပ်ပျော်သွားရာက တိရိစ္ဆာန်တို့အား အစာမကြွေးမိပဲဖြစ်သွားရာ
ဆာလောင်မွတ်သိပ်နေတဲ့တိရစ္ဆာန်တွေနဲ့့လူသားတို့ကြား
တိုက်ပွဲဖြစ်ပွားရာက တိရစ္ဆာန်တို့ဖက်မှအနိုင်ရပြီး
ဦးသာခေါင်က ယင်းမာပင်ယာတောခြံကြီးကိုလက်လွတ်ဆုံးရူံးလိုက်ရတယ်။
တိရစ္ဆာန်များထဲမှာ တော်လှန်ရေးမဖြစ်မီှကာလကတည်းက စာပေပညာခိုးယူသင်နေခဲ့တဲ့ဉာဏ်မြင့့်မားပြီးစာတတ်သည့် ဝက်တိရစ္ဆာန်တို့ကခေါင်းဆောင်မူ့နေရာကိုယူလိုက်တယ်။
နောက်ပိုင်း ဝက်အချင်းချင်းအာဏာလုရာကတော်လှန်ရေးဦးဆောင်ခဲ့သည့်ခေါင်းဆောင်ဝက်က တပည့်လက်သားတွေကျိတ်မွေးထားတဲ့ ဝက်ကိုရူံးနှိမ့်သွားတယ်။နောက်ပိုင်းခေါင်းဆောင်ဝက်လည်းသစ္စာဖောက်အဖြစ် ရိုးစွတ်ခံရပြီးထွက်ပြေးတိမ်းရေှာင်သွားရတယ်။
ခြေလေးချောင်းတော်လှန်ရေးသမိုင်းတို့ကိုလည်းဝက်တွေကပဲအမျိုးမျိုးပြု ပြင်ရေးခဲ့တယ်။
တော်လှန်ရေးအောင်ပွဲကာလကချမှတ်ခဲ့သည့်ခြေလေးချောင်းအခြေခံဥပဒေတွေကိုလည်းဝက်တွေကပဲ သူတို့အကျိုးအတွက်လက်တလုံးခြားမလှိပ်တပတ်ပြင်ဆင်ပြောင်းလည်းလိုက်ကြတယ်။။ယင်းမာပင်ခြံကြီးကနေ စုပေါင်းစိုက်ပျိုးပြီးရရိှ့လာတဲ့အကျိုးခံစားခွင့်တွေကိုလည်း
အုပ်ချုပ်သူအတန်းစားနေရာယူထားတဲ့ဝက်တွေကပဲခံစားလာကြတယ်။ နောက်ဆုံးမှာ လူရန်သူခြေနှစ်ချောင်းတွေနဲ့ခြေလေးချောင်းဝက်တို့ ပြန်လည်ပေါင်းကြပြီး ဝက်တွေရဲ့တော်လှန်ရေးဖောက်ပြန်မူ့တွေကိုတိရစ္ဆာန်အပေါင်းကမျက်ဝါးထင်ထင်တွေ့ရိှ့လိုက်ကြရပုံကို ဖေါ်ပြရင်းပြီးဆုံးသွားတယ်။
သားကြီး (မိုးကုတ်)
၁၀.၅.၂၀၁ရ