မွေးကင်းစကတည်းက လမ်းဘေးမှာစွန့်ပစ်ခံ
ထားရတဲ့ ကလေးလေးတစ်ယောက်၊ သူ့နာမည်က ကံကောင်း။
လူပျိုကြီး ဦးရွွေဖီဆိုသူက တွေ့ပြီး ကောက်ယ
မွေးစားထားလိုက်တယ်။ ငယ်စဉ်ကလေးဘဝကတည်းက တခြားကလေးတွေရဲ့ အနှိမ်ခံ၊ လေှာင်ပြောင်ခံ၊ ဝိုင်းပယ်ခံ ထုံထုံထိုင်းထိုင်း မောင်ကံကောင်းလေး။ ဦးရွွေဖီက ပညာတက်ကြီး ဖြစ်စေချင်လို့ ကျောင်းထားပေမယ့် ရွယ်တူသူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မူ့ကြောင့် ပညာရေးမစခင် အဆုံးသတ်သွားရတဲ့ မောင်ကံကောင်း။
သူ့ဦးလေး ဦးရွွေဖီဆုံးတော့ လူ့လောကအလယ် ချစ်သူ ခင်သူ သနားသူ ညှာတာသူ တစ်ယောက်မှ မတွေ့ခဲ့ရဘဲ သူ့အပေါ် အနိုင်ကျင့်သူ ဗိုလ်ကျသူ ဖျံကျသူတွေနဲ့သာ တွေ့ပြီး လူလားမြောက်လာတဲ့ မောင်ကံကောင်း။နောက်ပြီး ဒီလောကမှာ သူနားမလည်တာတွေကလည်း အများပဲ။
မထင်မှက်ဘဲ သူ့လို့ ဘဝတူ လူ့လောကရဲ့ နာကျဉ်းမူ့တွေနဲ့သာ တွေ့ကြုံဆုံခဲ့ရတဲ့ ပြည့်တန်ဆာမလေး ငကြူ ဆိုသူနဲ့ တွေ့ခဲ့ရတဲ့အခါမှာ မောင်ကံကောင်း တစ်ခါမှ မရဘူးတဲ့ သနားညှာတာမူ့၊ ကြင်နာဂရုစိုက်မူ့တွေနဲ့ ဘဝက အဓိပ္ပာယ်ရှိလာသလို။
ဒါပေမယ့် ဘဝဆိုတာ ထောင်ခြောက်တွေအပြည့်နဲ့ မလား။ ဒီထောင်ခြောက်တစ်ခုမှာ မမိရင် နောက်ထောင်ခြောက်တစ်ခုမှာ မိမှာပဲ။ အဲ့ဒိလို လောကကြီးမှာ မောင်ကံကောင်းနဲ့ ငကြူတို့ ဘယ်လိုရေှဆက်သွားကြမလဲ။ မောင်ကံကောင်း နောက်ထပ်ကံကောင်းဦးမှာလားဆိုတာကို
ဆရာမြသန်းတင့်ရဲ့ အရေးအသားတွေနဲ့ခံစားရမှာပါ။
ဒီဝတ္တုက မက္ကဇင် ဂေါ်ကီရဲ့ မိဘမဲ့ ပေါလ် ကို ဆရာမြသန်းတင့်က မှီငြမ်းရေးသားထားတဲ့ ဘဝသရုပ်ဖော်ဝတ္တုဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ် ဂျပန်ခေတ် လွတ်လပ်ရေးခေတ် နောက်ခံနဲ့ရေးသားထားပါတယ်။
#MMPT
#ဘာသာပြန်ဖတ်ညွွန်း( မှီငြမ်း )
#Savethelibrary
Publisher Name: Black Swan Publishing House
Publisher Address: မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ ဖုန်း-095505957
Publisher Phone Number: 095505957