ဝေးလံခေါင်ဖျားပြီး အခက်အခဲပေါင်းစုံဖြစ်နေတဲ့ ကျေးလက်ဒေသတွေကို ဘယ်သူကမှ တိုက်တွန်းလို့ မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ်လုပ်နိုင်သလောက္ ကျောင်းဆောက်၊ရေတွင်းတူး ၊ရေကန်ဆောက် အခြားပရဟိတအလုပ်တွေ အကုန်လုပ်နေတဲ့ "ခင်နွယ်စိုး "ဆိုတဲ့
မိန်းကလေး
ဆုံးပါးသွားတဲ့ ချစ်ဇနီး"ဆွေ"ကို ပြန်မြင်ရသလို ခံစားရပြီး
ထိုမိန်းကလေး လုပ်နေတဲ့ ပရဟိတ အလုပ်တွေကို ငွေအား လူအား အကုန်
ကူညီပြီး၊ထိုမိန်းကလေးကို စိတ်ချမ်းမြေ့စေချင်တာပဲသိတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီး
"ဦးမြသွေး"
သူငယ်ချင်းမလေးကို မြတ်နိုးတန်ဖိုးထားစိတ်နဲ့ သူနဲ့အတူ ပရဟိတ အလုပ်တွေကို
ကူညီနေတဲ့ "မိုးကြီး"
မိခင် ဖြစ်သူရဲ့ နောက်အိမ်ထောင် ဖြစ်တဲ့
"ဦးမြသွေး"ကနေတဆင့် ထိုမိန်းကလေးကို သိခွင့်ရပြီး မိမိချစ်နေတာကို ဖွင့်ပြောလိုက်ရမှာကို အားနာမိတဲ့ အထိ မြတ်မြတ်နိုးနိုးချစ်မိသွားတဲ့ ဆေးကျောင္းသားလေး "ရဲဖိုးကောင်း"(သို့)
"သားကြီး"
ဒီစာအုပ်လေးကို ဆရာက ပန်း အခန်း ၁ ကနေ ၇ အထိနဲ့ဒေါင်း အခန်း ၁ ကနေ ၇ အထိစုစုပေါင်း ၁၄ ခန်းခွဲပြီး ရေးဖွဲ့ထားပါတယ်။
ဘဏ္ဍာငွေတောင့်တင်းပြီးတိုင်းသူပြည်သားများအပေါ် ရင်ဝယ်သားလို စောင့်ရှောက်ရမယ့်တာဝန်ကို ကျေပွန်ချင်တဲ့ တိုင်းပြည်၊နိုင်ငံမျိုးမှာ ပရဟိတအဖွဲ့လေးတွေက ပေါ်မလာပါဘူး။
ကျေးလက်မြို့ပြ ကွာဟမှု၊ဆင်းရဲချမ်းသာ အလွှာ ကွာဟမှု စတဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်း ကွာဟမှု ကြီးမားတဲ့ နိုင်ငံမျိုးမှာစေတနာရှင်တွေက ဘယ်သူ့ကိုမှ လက်ညိုးထိုးမနေတော့ဘဲ ကိုယ်နိုင်ရာဝန်ကို ဝင်ထမ်းလာကြတယ်။
(တကယ့် အမှန်တရားတွေပါ)
ဇာတ်ကောင် မိန်းကလေး "ခင်နွယ်စိုး"
ပြောတာလေးကိုလည်း သဘောတွေကျမိ
"ပရဟိတ လုပ်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိနေပေမယ့် တစ်ခြားဘာသာခြား ပရဟိတအဖွဲ့အစည်းတွေထက် ငါတို့က အရင်ဦးပြီး ငါတို့ လှူတဲ့ နေရာမှာ ဘယ်ဘာသာထဲမှ ဝင်စရာ
မလိုဘဲ၊ဘာအကန့်အသတ်မှ မရှိဘဲ
ကြိုက်တဲ့ ဘာသာဝင် ဝင်ခိုနားပါဆိုပြီး ပြောပြလိုက်ချင်တာ " ဆိုတာလေး
ဒီဝတ္ထုရှည်ထဲမှာ မှတ်သားစရာတွေ အများကြီးပါ။
ကိုယ်ကြိုက်တဲ့ မှတ်သားစရာတွေ ပြန်မျှဝေပါရစေ။
(1)**ပရဟိတ သမားဆိုတာက သူများကို ကူညီတဲ့
အလုပ်ပဲလုပ်ရတယ်၊ တရားသူကြီး မလုပ်ရဘူး။ မှားနေတဲ့လူတွေကို အပြစ်ပေးဖို့ စိတ်မဝင်စားရဘူး။
ဗြဟ္မစိုရ်တရားလေးပါးထဲမှာ ဉပေက္ခာတရားဆိုတာ အလကား ထည့်ထားပေးတာမဟုတ်ဘူး။
ဉပေက္ခာ ပြုတတ်ရတယ်**
(2)** ရခဲလှတဲ့ လူ့ဘဝမှာ ကျင်လည်နေရင်း
ဒီဘဝထဲကနေပြန်ထွက်သွားလျှင် လူဖြစ်ခွင့်
ရလိုက်သည့်အတွက် ဘာလေးများ မြတ်စွန်းသွားနိုင်သလဲ? ဟု တွေးကြည့်လိုက်တော့
တရိစ္ဆာန်ဘဝမှာ မရနိုင္သည့် အသိညဏ်ပညာ
ကလေးသာ ရှိသည်။
ထိုအဖိုးတန် အသိညဏ်ပညာဆိုသည်မှာ_
အမြင္နှင့် မျက်စိနှင့် တွေ့တော့ မြင်သိစိတ်ကလေးဖြစ်ပြီး၊အဲ့ဒီစေတသိတ်ကလေးကို
သတိထားမိလိုက်ချိန်မှာ အဲသည် "အမြင်"
ကလေးက မရှိတော့ဘဲ ပျောက်သွားတာကို သိနိုင်တဲ့ ညဏ်ပညာသာ ဖြစ်တယ်။ဒါကိုသိနိုင်မှ လူဖြစ်ရတာ မြတ်မှာ ။ **
(3) ** လူဆိုတာ အမှားမကင်းဘူး။
လူတွေအများကြီးပါတဲ့ အဖွဲ့အစည်းတွေဆိုတာလဲ အမှားတွေ အများကြီးပေါ့။
အရေးကြီးတာက မှားရင် ထောက်ပြနိုင်ခွင့်
ဖွင့်ထားပေးရမယ္။
ထောက်ပြတဲ့သူကလဲ ကိုယ်ဖြစ်ချင်တာချည်း
မျက်စိမှိတ် လိုက်ငြင်းမနေဘဲ သူ့ဘက် ကိုယ့်ဘက် ဖြစ်ချင်တာ၊ဖြစ်နိုင်တာ၊ မဖြစ္နိုင်သေးတာ ချိန်ဆပြီး ထောက်ပြရမယ္။
နားထောင်တဲ့သူ ဘက်ကလဲ လေးလေးစားစား
နားထောင်ရမယ္။ အဲလိုမှ မဟုတ်ဘဲ တစ်ဖက်နဲ့
တစ်ဖက် မဆုံးတမ်း အမုန်းတရားတွေ ပွါးနေကြမယ္ဆိုရင်တော့ ဖြစ်ချင်တာတွေဟာ တစ်သက္
လုံးဖြစ်လာမှာ မဟုတ်ဘူး။**
ဘုရားဖူးတာနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်လေးကိုလည်း သဘောကျလို့မဆုံး ☺️
(4) ** အိမ်က ဘုရားဟာ အိမ်မှာ အမြဲရှိနေ
တာပဲ။
အိမ်မှာနေပြီး ဘုရားဂုဏ်တော်တွေကို အောက့်မေ့ကြည်ညိုပြီး စိတ်အေးချမ်းတတ်တာမျိုးက
ခဏ ခဏ မဖြစ်ပေမယ့္၊ ဘုရားကို လာရင်တော့
သူသူကိုယ်ကိုယ် ဘုရားဂုဏ်တော်တွေကလွဲရင်
ကျန်တဲ့ အာရုံတွေ မေ့မေ့ပျောက္ပျောက် ဖြစ်ပြီး
စိတ်က ငြိမ်းချမ်းသွားတတ်တာ။
အဲ့ဒါကို အမြတ္လို့ မြင္တတ်ရင် ဘုရားဖူးလာရတာ အပိုလို့ ထင်တော့မှာ မဟုတ်ဘူး။**
(5) ** တို့လူမျိုးတွေရဲ့ ပြသနာက ကောင်းတဲ့ ကိစ္စ တစ်ခုခုလုပ်တော့မယ္ဆိုရင် ပြန်စဉ်းစားရတာနဲ့၊ အခက်အခဲတွေ အကြောင်းကိုပြောတာနဲ့
ဆင်ခြေတွေများပြီး စလုပ်ဖို့ကို ကြာနေကြတာ၊**
(6) **မေတ္တာဆိုသည်မှာ လူတစ်ဦးတစ်ယောက္
ထဲအပေါ်ထားသည့် ပုဂ္ဂလိကဆန်ဆန်
ခံစားချက်မျိုး မဖြစ်သင့်ပေ။ ငြိမ်းချမ်းနေရမည်။အေးချမ်းနေရမည်။ ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုသည့် စေတနာမျိုး ရှိနေရမည်။**
(7)**စိတ်ဓာတ် အောက်တန်းကျတဲ့ သူတွေဆိုတာ လူမျိုးတိုင်းမှာ ရှိတာပဲ၊ ကိုယ့်စိတ်ကသာ
သူများ လူမျိုးထဲမှာ အဲသလို လူတွေတွေ့ရင်
ကိုယ်နဲ့ မဆိုင်သလို ထင်တတ်ပြီး၊ကိုယ့်လူမျိုး
ထဲမှာ တွေ့ရင်တော့ မချိတင်ကဲ ဖြစ်တတ်တာ**
ဝတ္ထုထဲမှာပါတဲ့ O sho.ရဲ့ ကဗျာလေးကိုလည်းမျှဝေချင်ပါသေးတယ်
If you love a flower , don't pick it up.
Because if you pick it up it dies
and it ceases to be what you love.
So it you love a flower, let it be.
Love is not about possession.
Love is about appreciation.
O.sho.
ပန်းလေးတစ်ပွင့်ကို ချစ်ရင် မခူးပါနဲ့။
ခူးလိုက်ရင် ပန်းကလေး ေသသွားပါလိမ့်မယ်။
သေသွားရင် ကိုယ်ချစ်ခဲ့ရတဲ့ ပန်းကလေး
မဟုတ်တော့ဘူးပေါ့။
ဒီတော့ ပန်းကလေးတစ်ပွင့်ကို ချစ္ရင် မခူးပါနဲ့။
ဒီအတိုင်း ထားလိုက် ပါ။
အချစ်ဆိုတာ ပိုင္ဆိုင်ဖို့ မဟုတ်ပါ ။
တန်ဖိုးထားဖို့ပါ။
မျှဝေတာလေးကို ဖတ်ပေးကြတဲ့အတွက်
ကျေးဇူးတင်ပါတယ်
Thinzar Oo
(COVID ကာလမှာတော့ ကိုယ်ဟာ စာအုပ်တွေ
ကြားမှာ သာသာယာယာ )