ဒီတစ်ပတ် ရုံးပိတ်ရက်မှာ ဖတ်စရာ စာအုပ်လေး တစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ဆရာမ သော်တာအေးလဲ့ရေးတဲ့ ‘မနက်ဖြန်မှပဲ ပြုံးတော့မယ်’ ဖြစ်ပါတယ်။
စိမ့် - သူမက နားလည်ရခက်သော၊ စိတ်ခံစားမှုတွေကို ဖုံးကွယ်ထားနိုင်သော၊ လောကဒဏ်၏ အထုအထောင်း၊ အတက်အကြွမှာ ကျန်ရစ်ရှင်သန်နေရသော၊ သူမကို နားမလည်သော ယောက်ျားတစ်ယောက်၏ မိန်းမ၊ ကျီးညိုဟု ခေါ်သော မိန်းကလေး တစ်ယောက်
“လင်းသာသည် ဘယ်တုန်းကမှ စိမ့် ကို နားမလည်၊ ပြီးတော့ မညှာတာဟုပင် ထင်မိသည်။ ကလေးပျက်ကျထားသည့် မိန်းမတစ်ဦး၏ စိတ်သောကကို မျှမယူခဲ့ပေ။ တစ်ကိုယ်ကောင်းဆန်၏”
စိမ့် နေရာကနေ ခံစားပြီး ရေးသားထားတဲ့ စာရေးသူရဲ့ ရေးသားချက်တွေက စာဖတ်သူတွေကို စိမ့်နေရာမှာ ကိုယ်တိုင် ရောက်နေသလို ခံစားရမှာ ဖြစ်ပါတယ်။ ဝတ္ထုရဲ့ တချို့အစိတ်အပိုင်းတွေမှာတော့ ဇာတ်ကောင်တွေရဲ့ စကားပြောဆိုပုံတွေနဲ့ စာဖတ်သူတွေရဲ့ စိတ်ကို ဖမ်းစားထားပါတယ်။
နောက်တစ်ခုကတော့ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ထောင်ရေးနဲ့ အိမ်ထောင်ဖက်အပေါ် အမြင်တွေ၊ ခံစားချက်တွေ၊ နာကျည်းချက်တွေကို ရေးဖွဲ့ထားပုံက ကာယကံရှင် အမျိုးသမီးတွေကိုသာမက၊ လက်တွဲဖော် အမျိုးသားတွေပါ ဖတ်သင့် လေ့လာသင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။
“ဆရာလင်းသာက စိမ့်ကို စိမ့်ဘာတွေ ဖြစ်နေတယ်ဆိုတာ တစ်ခါမှ မမေးဖူးဘူးလားဟင်”
“စိတ်ဝင်စားပုံတောင် မရဘူး ထင်တယ်။ သူ စိတ်ပါရင်တော့ စကားပြောသားပဲ၊ သူ့ပန်းချီကားတွေ အကြောင်းပေါ့။”
နောက်ဆုံးကတော့ ကျွန်တော်တို့အတွက် သိဖို့၊ နားလည်ဖို့ ခက်ခဲတဲ့ ဟစ္စတီးရီးယား ဆိုတဲ့ ရောဂါနဲ့ ပတ်သက်လို့ အသေးစိတ် ရေးသားပြသွားတဲ့ စာရေးသူရဲ့ လေ့လာနိုင်စွမ်းကတော့ အံမခန်းပဲ ဖြစ်ပါတယ်။
#justrentabook
#justrentabookmyanmar
#bookrental
#novel
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137