စာအုပ်အမည် - ရွွေတိဂုံကိုမြင်လျှင်
စာရေးသူ - မိုးမိုး(အင်းလျား)
စာအုပ်တိုက် - စာပေလောကစာအုပ်တိုက်
ထုတ်ဝေခြင်း - ပထမအကြိမ် ဩဂုတ် ၁၉၇၉
- ဒုတိယအကြိမ် ဩဂုတ် ၂၀၁၂
တန်ဖိုး - ၁၈၀၀ကျပ်
အသက်(၃၉)နှစ်ရှိပြီဖြစ်သော ဝတ္ထုတပုဒ်အား ခံစားခြင်း...
အလွွာမျိုးစုံကလူတွေ အတူတကွလုပ်ကိုင်နေတဲ့ရုံးဋ္ဌာနတခုရဲ့ ထောင့်တနေရာကနေ တိတ်တိတ်လေးစောင့်ကြည့်နေရတဲ့ ခံစားချက်မျိုးဖြစ်လာစေတယ်.
ရုံးလူကြီး ဦးဟန်တင်နဲ့ မြင့်မြင့်ထွန်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ dinnerလေးကနေ အစပြုပြီး ထွက်ပေါ်လာတဲ့ အပျိုကြီးဒေါ်ဥမ္မာ ရဲ့ မာနစကားတွေ
ဆိုင်မှတရုတ်ဟင်းတွေကို အိမ်ထမင်းလောက် မမက်မောတဲ့ လက်နှိပ်စက်ဝန်ထမ်းမလေး မြစမ်းရည်
မြစမ်းရည်ကိုမှ စိတ်ဝင်စားနေတဲ့ ကိုသာထွန်းဦး
မိမိကိုယ်ကိုမှလွဲလို့ ဘယ်သူ့ကိုမှ အမြင်မကြည်နိုင်တဲ့ အပျိုကြီး မအေးတင့်
ချမ်းသာတဲ့မိဘဆီမှာ အလိုလိုက်ခံဘဝကနေ အချစ်ကြောင့် ဆင်းရဲတွင်းထဲ ခုန်ချဖို့သတ္တိမရှိလို့ ဗျာများနေရတဲ့ ခင်အေးဆွေ
မိဘက ဂုဏ်ရှိပြီးချမ်းသာလို့ အားကျစရာကောင်းတဲ့ပုံပေါက်ပေမယ့် ကိုယ့်ဝမ်းနာကိုယ်သာသိ စိတ်မွန်းကြပ်နေတဲ့ ခင်ပပ
မိသားစုရဲ့အိမ်ထောင်ဦးစီးနေရာ ရုံးတခုရဲ့လူကြီးနေရာမှာ ရပ်တည်နေရတဲ့ ဦးရွွေမောင်၏စိတ်ဖိစီးရပုံ
တကယ်တမ်းအလုပ်ကြိုးစားပေမယ့် ရန်ကုန်မြို့ပြရဲ့ စားဝတ်နေရေးကြောင့် ဗျာများနေရတဲ့ အခြားသောရုံးဝန်ထမ်းများ၏ မိသားစုဘဝများစွာ..
ကြုံဖူးပါရဲ့ ဒီလိုအဖြစ်မျိုးတွေ..
ကြုံဖူးပါရဲ့ ဒီလိုကြပ်တည်းမွုမျိုးတွေ..
ရန်ကုန်မြို့ပြမှာ သက်သောင့်သက်သာနဲ့ နေရာတနေရာစာရဖို့ တကယ်တော့မလွယ်ကူပါဘူး..
ရန်ကုန်မြို့ပြမှာ နေထိုင်သူတွေရဲ့ ရိုက်ခက်မွုဒဏ်တွေကြားမှာ စိတ်သက်သက်သာသာနဲ့ နေထိုင်ဖို့က ထင်သလောက်မလွယ်ကူပါဘူး..
အလုပ်တနေရာစာလေးရှိရုံနဲ့ ရန်ကုန်မြို့ပြမှာ နေထိုင်ဖို့မလွယ်ကူပါဘူး..
"ရွွေတိဂုံစေတီတော်ကြီး၏ တန်ခိုးတော် ကြီးမားထင်ရှားသည်နှင့်အမျှ ရန်ကုန်မြို့တော်ကြီးသည်လည်း မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ လူမျိုးပေါင်းစုံလာရောက်စုဝေးကာ မှီတင်းနေထိုင် လုပ်ကိုင်စားသောက်ကြသော မြို့ကြီးအဖြစ် အထင်အရှား ရှိခဲ့လေပြီ။ အကျင့်စရိုက်စုံသော အလွွာအသီးသီးမှ လူတို့သည် ရန်ကုန်မြို့ကြီးတွင် ကျင်လည်ကျက်စားကာ တစ်ဦးအပေါ်တစ်ဦး အသာစီးရနိုင်ရန် ကြိုးပမ်းအားထုတ်လျက် ရှိကြလေသတည်း။"
အစိုးရရုံးဋ္ဌာနက ဝန်ထမ်း၂၀နီးပါး တယောက်ချင်းစီရဲ့ ဘဝတွေကိုခြုံငုံပြီး ဒီဝတ္ထုလေးတခုထဲမှာ ချိတ်ဆက်မိမိ ရေးသားထားတဲ့ ဆရာမရဲ့ ကလောင်စွမ်းကိုအ့ံဩမိပါရဲ့..
တကယ်ဆို တယောက်ချင်းစီရဲ့ဘဝကို ဝတ္ထုတပုဒ်စီ ပြန်ချရေးလို့ရနိုင်သေးတယ်..
လူတွေရဲ့သဘောတရား စိတ်နေစိတ်ထား ဘဝတွေကို လေ့လာချင်သူတွေအတွက် မြည်းစမ်းသင့်တဲ့ ဝတ္တုတပုဒ်ဖြစ်ပါတယ်..
မေ
#ဝတ္ထုရှည်ရည်ညွွန်း
#Savethelibrary
#မိုးမိုးအင်းလျား #စာပေလောက