" ယဉ်မိုးမှာ......"
ယဉ်မိုး၀တ္တုမှာ အဓိကတွေ့မြင်ခဲ့ရတာက ဖခင်တစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့ မျေှာ်လင့်ချက်နဲ့ မေတ္တာတရားပါ။ ဖခင်ဖြစ်သူဟာ ယဉ်မိုးကို သူမျေှာ်မှန်းထားတဲ့အတိုင်း ဖြစ်အောင် အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ဒီလို လုပ်ပေးခဲ့တာလည်း သူ့အတွက် ဘာတစ်ခုမှ အကျိုးမမျေှာ်မှန်းခဲ့ဘူး။ ယဉ်မိုးအပေါ် သူလုပ်သမျှဟာ ယဉ်မိုးဘ၀အတွက်၊ ယဉ်မိုးနာမည်တစ်လုံးရဖို့နဲ့ အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ဘ၀ကို၀့ံကြွားစွာ လျေှာက်နိုင်ဖို့ တစ်ခုသာ သူ့ရဲ့ခေါင်းထဲမှာရှိတယ်။ တချို့သောအချိန်တွေမှာ ယဉ်မိုးရဲ့ အမြင်မကြည်မွုတွေ၊ အထင်လွဲမွုတွေရှိတာကို မသိဟန်ဆောင်ရင်း သမီးဘ၀အတွက် အကောင်းဆုံးဖြစ်အောင် ငယ်စဉ်ကတည်းက ပုံသွင်းခဲ့တယ်။ ဒီလိုအားသွန်ခွန်စိုက် ကြိုးစားပေးခဲ့လို့ပဲ ယဉ်မိုးဟာ သူရောက်စေချင်တဲ့ အခြေအနေတစ်ခုကို ရောက်ခဲ့ပြီး အောင်မြင်တဲ့ ဘ၀ကိုရခဲ့တယ်......။
" ယဉ်မိုးနှင့်ခင်သန္တာ....."
ဆရာမခင်သန္တာဟာ မယ်တစ်ယောက်လည်းဖြစ်တာကြောင့် သူမစိတ်အားထက်သန်ရာ မယ်လောကကို အခြေခံပြီး ယဉ်မိုးကို ရေးထားပါတယ်။ ယဉ်မိုး၀တ္တုရဲ့ ဇာတ်လမ်းကတော့ ရိုးရှင်းလှပါတယ်။ ဒါပေမယ့် သည်၀တ္တုမှာ မယ်လောကရဲ့လမ်းစဉ်များ၊ မယ်တစ်ဦးအဖြစ်မရပ်တည်ခင်မှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေများကို အသေးစိတ် ဖော်ပြထားတာတွေ့ရမှာပါ။ အမှာစာကို အရင်မဖတ်မိတော့ သည်၀တ္တုဟာ ဆရာမခင်သန္တာရဲ့ အကြောင်းကို ရေးထားတဲ့ ကိုယ်ေရးအတ္တုပ္ပတ္တိတစ်ပုဒ်လို့ ထင်နေမိပါတယ်။ ၀တ္တုတစ်ပုဒ်လုံး ဖတ်ပြီးတဲ့အခါကျမှ ဆရာ၀င်းငြိမ်းရဲ့ အမှာစာကို ဖတ်ကြည့်လိုက်တော့ ဇာတ်ကောင်ယဉ်မိုးဟာ ဆရာမခင်သန္တာ မဟုတ်ကြောင်းပြောထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ယဉ်မိုး၀တ္တုထဲမှာပါတဲ့ မယ်ပြိုင်ပွဲများဟာ စာရေးသူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေကို ထည့်သွင်းဖော်ပြထားတယ်လို့
ဆရာ၀င်းငြိမ်းအမှာစာမှာ ရေးထားတဲ့အတွက် ယဉ်မိုး၀တ္တုကို ဖတ်နေစဉ်မှာ ယဉ်မိုးကြိုးစားခဲ့သလို ဆရာမခင်သန္တာဟာလည်း အတော်လေးကြိုးစားခဲ့ပြီး မယ်တစ်ယောက်ဖြစ်လာခဲ့တာကို မြင်ယောင်လာမိပါသေးတယ်။
" ယဉ်မိုးမိတ်ဆက်...."
ယဉ်မိုး၀တ္တုဟာ စိတ်ကူးယဉ်၀တ္တုတစ်ပုဒ် မဟုတ်တာတော့ အသေအချာပါပဲ။ လက်တွေ့ဘ၀မှာ ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့သရုပ်ကို ဖန်တီးထားတာဖြစ်လို့ ယဉ်မိုးကိုစာဖတ်သူရဲ့ အနီးကိုအသက်၀င်စွာ ဆွဲခေါ်လာစေမှာပါ။ ယဉ်မိုး၀တ္တုကို ဖတ်လိုက်တဲ့အခါ ယဉ်မိုးရဲ့အဖေကို နည်းနည်းတောင် အ့ံသြနေမိပါတယ်။ ဖတ်ဖူးတဲ့ မယ်နဲ့ပက်သက်တဲ့ စာအုပ်တော်တော်များများမှာ ကိုယ့်သမီး မယ်တစ်ယောက်ဖြစ်ချင်ပြီ၊ မယ်အလုပ်ကို စိတ်၀င်စားပြီဆိုရင် အမေတွေဟာ အားပေးသလောက် အဖေတွေက လက်မခံတာကိုတွေ့ရတယ်။ ယဉ်မိုး၀တ္တုမှာတော့ အမေကအားပေးခြင်းလည်းမရှိသလို ငြင်းဆန်ဆန်ခြင်းလည်းမရှိတဲ့ လူအေးတစ်ယောက်။ အဖေဖြစ်သူကတော့ ယဉ်မိုးကို မယ်မြန်မာတစ်ယောက်ဖြစ်ဖို့အထိ ရည်မှန်းချက်ကြီးကြီးနဲ့ တွန်းအားပေးသွားခဲ့တယ်။ ငယ်စဉ်ကတည်းက အစားအသောက်၊ အနေအထိုင်၊ ခန္တာကိုယ်အတွက် ပုံမှန်လေ့ကျင့်ခန်း၊ နောက်ဆုံး လမ်းလျေှာက်လေ့ကျင့်တာကအစ သူကိုယ်တိုင် နည်းစနစ်တကျ ဦးဆောင်ပြပြီးတော့ train သွားခဲ့တာ နောက်ဆုံး မယ်မြန်မာတစ်ယောက် ဖြစ်လာတဲ့အထိပဲ။ မယ်တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန်အတွက် ယဉ်မိုးမှာ စွန့်လွွတ်စရာတွေ များစွာရှိခဲ့တယ်။ အသက်မွေး၀မ်းကြောင်းအလုပ်တွေကို စွန့်လွွတ်ခဲ့ရတယ်။ မိမိကို မယ်တစ်ဦးအဖြစ်လက်မခံနိုင်တဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့ရတယ်။ ဖခင်ဖြစ်စေချင်တဲ့ မယ်မြန်မာဘ၀ကို မရခင်အချိန်အတွင်းမှာ တခြားရာထူးတွေ၊ တက်လမ်းတွေ တော်တော်များများကို စွန့်လွွတ်ခဲ့ရတယ်။ သဘောထားမတိုက်ဆိုင်တဲ့အခါ ဖခင်နဲ့ မကြာခဏဆိုသလို ကတောက်ကဆတွေ ဖြစ်ခဲ့ရတယ်။ စင်ေပါ်မှာ ကြော့ကြော့ကလေး လမ်းလျေှာက်နေရပေမယ့် သူ့ဘ၀ကြမ်းတမ်းခဲ့တာကို သွယ်၀ိုက်ပြီး တွေ့ခဲ့ရတယ်။ အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ချင့်ချိန်ပြီးဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့ ယဉ်မိုးကိုလည်း
လေးစားမိပါတယ်။ ကိုယ်သာ ယဉ်မိုးနေရာမှာဆိုရင် အချစ်တစ်ခုထဲကို စဉ်းစားပြီး ရွေးချယ်မိမှာ အမှန်ပါပဲ......။
အချုပ်ပြောရရင် ယဉ်မိုး၀တ္တုဟာ စာရေးသူပြောခဲ့သလိုပဲ ခေတ်နဲ့စနစ်၊ အချစ်စစ်၊ အဟုတ်အမှန်နဲ့သရုပ်အကန်၊ ဖန်တီးမွုနဲ့ ခံစားမွုတိူ့ လွန်ထိုးနေကြပုံတွေ၊ အမှန်ရဖို့စတေးခဲ့ရတဲ့ အမှားတချို့တွေ၊ ထူးခြားလွန်းတဲ့ တိုက်ဆိုင်မွုတွေ နဲ့ အခြားသော မေတ္တာတရားနဲ့ ခြုံလွွမ်းနေတာကို တွေ့ရမှာပါ။ ဒါ့ ပြင် ငိုအားထက်ရယ်အားသန်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ( အဆောင်မှခိုးထွက်ရင်း ယဉ်မိုး မြောင်းထဲပြုတ်ကျတာတွေ၊ စင်ပေါ်က အလွဲတွေ၊ မယ်တစ်ယောက် ဆုယူရာမှာ ဖလားပြုတ်ကျလို့ လိုက်ကောက်ရင်း ဟာသဖြစ်သွားတာတွေ...) ကိုလည်း အရယ်သောသောနဲ့ ဖတ်ခဲ့ရပါသေးတယ်.........။
#ထန်
#June 16, 2018 11:03 A.M.