စာအုပ်အမည် #မြိုင်
စာရေးသူ #ဗန်းမော်တင်အောင်
စာအုပ်မှတ်တမ်း ဒုကြိမ် ၊ ၂၀၁၇ ၊ ဇန်နဝါရီ
အုပ်ရေ ၅၀၀
တန်ဖိုး ၇၅၀၀
စာအုပ်တိုက် #စိတ်ကူးချိုချို
ကိုယ်ရေးအကျဥ်းနှင့်စာစုစာရင်း
နံရံလေးဖက် ကာရံထားတဲ့ ကျောင်းတော်ကြီးထဲမှာ အခန်း ၂၃ ခန်းရေးသားခဲ့ပြီး အပြင်ရောက်တော့မှ နောက်ထပ် ၁၀ခန်း ထပ်ရေးဖြစ်ခဲ့သော မြိုင် ..
မြိုင်ဆိုတာ ရွေတောင်ကြားထဲက သူဌေးသမီးလေးတစ်ဦးဖြစ်တာကြောင့် သူမရဲ့ အသိုင်းအဝိုင်းဟာ ဂုဏ်သရေရှိ အလွှာတစ်ခုကဖြစ်တယ် ..
ရွှေ ရွှေချင်းထပ်ရင် မြတ်တယ်ဆိုတာကို သူသိပေမယ့် သူမဟာ သူမကို နှစ်သက်မြတ်နိုးသူ ကိုသက်တင်ဆိုတဲ့ သူဌေးသားကို ငြင်းဆန်ပြီး သူမရင်ထဲက ချစ်စိတ်ဖြစ်လာတဲ့ သတင်းစာတိုက်က အလုပ်သမား ကိုတင်ဦးကို ရွေးချယ်ခဲ့တယ် ..
ကိုတင်ဦးဟာ ကွန်မြူနစ် အနီဖြစ်ပြီး နိုင်ငံရေးကို အချိန်ပြည့် ခေါင်းထဲရောက်နေသူတစ်ဦးဖြစ်တယ် .. မြိုင်နဲ့ဆုံစည်းခွင့်ရတာဟာ သူ့အတွက် ဘုရားပေးတဲ့ ဆုလာဘ်ကြီးဖြစ်ပေမယ့် ဒီ ဆုကြီးကို တန်ဖိုးထားဖို့ သူမေ့နေဟန်တူပါရဲ့ ..
အလွှာမတူတဲ့ လူနှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေ ချောမွေ့နေပါ့မလား ဆိုတာကတော့ ..
ဇာတ်ကောင်စရိုက်ကို လေ့လာကြည့်ရသလောက် ကိုတင်ဦးဟာ စာပေ အနုပညာနဲ့ပတ်သက်ပြီး နှံ့စပ်ကျွမ်း၀င်သလောက် နိုင်ငံရေးနဲ့ပတ်သက်ရင် ခေါင်းမာတယ်ပြောရမလား အစွန်းရောက်တယ်ပြောရမလား .. ကျွန်တော်တော့ အဲ့လိုမြင်မိတယ် .. ဒါလည်း ယုံကြည်ရာကို ပြင်းပြင်ထန်ထန် လုပ်တတ်တဲ့ လူတွေရဲ့ အတ္တလို့ ပြောရမှာပဲ ..
မြိုင်ကတော့ သူမ အထင်ကြီးလေးစားတဲ့ စာပေ အနုပညာကို သူမထက် နှံ့စပ်သူ ကိုတင်ဦးရဲ့ တော်ကီနောက်ကို မျောပါသွားပုံရတယ် .. သူမအတွက် ပုံစံတစ်မျိုးနဲ့ အသစ်အဆန်းဖြစ်နေတဲ့ လူတစ်ယောက်ကို ရင်ခုန်မိတာ ဖြစ်နိုင်သလို တကယ်လည်း ချစ်မိသွားတာဖြစ်နိုင်တယ် ..
အိမ်ထောင်တစ်ခု တည်ဆောက်ရင် ချစ်နေရုံနဲ့ မပြီးသွားဘူးဆိုတာကို ကိုတင်ဦးနဲ့ မြိုင့်ကိုကြည့်ပီး သိနိုင်တယ် .. ဇာတ်သိမ်းပိုင်းမှာ ကိုတင်ဦးက မြိုင့်ကို ဘ၀ချင်းတူသွားလို့ သူနဲ့ ပိုတန်သွားပြီနော်လို့ ပြောတာကိုတော့ သိပ်သဘောမကျဘူး ..
ပွင့်ပွင့်လင်းလင်းပြောရရင် ဒီထဲက ကိုတင်ဦးလို လူမျိုးကို ကျွန်တော် သဘောမကျဘူး .. သူ့ဘာ့သာ သူယုံကြည်ရာကို လုပ်ခွင့်ရှိတယ်ဆိုပေမယ့် သူ့ကို ချစ်လွန်းလို့ သျှောင်နောက်ဆံထုံးပါခဲ့တဲ့ အိမ်သူရဲ့ စိတ်ခံစားချက်တွေကို လျစ်လျူရှုထားသလို သူမရဲ့ ဘ၀အဆင့်အတန်းကိုလည်း အတူကြိုးစားရင်း အကောင်းဆုံး လုပ်ဆောင်ပေးတာမဟုတ်ဘဲ ဆွဲချခဲ့တယ်လို့ မြင်မိတယ် ..
မြိုင့်ကိုတော့ သနားမိတယ် .. အကောင်းဆုံးသော အရာတွေကို ရရှိနေတဲ့ ဘ၀ကနေ ချို့ချို့တဲ့တဲ့ ဘ၀ကို မျက်စိမှိတ်ရွေးချယ်ခဲ့တယ် .. သူမရဲ့ ပေးဆပ်မှုတွေက ကိုတင်ဦးနဲ့ မတန်သလို ခံစားရတယ် ..
ဒါပေမဲ့ ကိုတင်ဦးမှာလည်း အပြစ်မရှိသလို မြိုင့်မှာလည်း အပြစ်မရှိပါဘူး .. တစ်ယောက်အကြောင်း တစ်ယောက် အသေအချာ မသိဘဲ အဆောတလျင် ချမိတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ခံစားရတဲ့ ရလဒ်လို့ပဲ ကြားထဲက တရားသဘောပါ လိုက်တော့တယ် ..
#PyaeArKar
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845