ညောင်နီပင်ဆိုတဲ့ နာမည်ကျော်ရွှေတော ဆီကို
ရွှေတူးဖို့ ၊ အလုပ်လုပ်ဖို့ နေရာ အရပ်ရပ်က
ဘ၀ မျိုးစုံတွေ ရောက်လာကြတယ်။
တစ်ရွာလုံးကို စိတ်နာ၊
ထစ်ခနဲရှိ ရန်ဖြစ် ၊ လက်ပါတတ်တဲ့ အုပ်စိုး က ပိုက်ဆံချမ်းသာမှ ရွာပြန်ပြီး
တစ်ရွာလုံးကို အားရအောင်ရိုက် ၊
လျော်ကြေးပေးမယ် စိတ်ကူးသတဲ့။
ကိုကျော်မြိုင်ကတော့ မိန်းမရော သမီးနစ်ယောက်ပါ ခေါ်ပြီး ရွှေတောကို ထွက်လာခဲ့တာ။ တစ်အိမ်တက် တစ်အိမ်ဆင်း ဝောာင်ဝှေးလေး တဒေါက်ဒေါက်နဲ့ လိုက်နှိပ်ပေးနေတဲ့ အဖေကြီးကို တယောက်တည်း ထားခဲ့ရရှာတယ်။
ကလေးလိုချင်လွန်းတဲ့ စိုင်း၀ဏ္ဏကတော့ သူ အတန်တန် တားထားရက်နဲ့ ၊ ဂရုစိုက်ရက်နဲ့ ကလေးပျက်ကျသွားတာကို စိတ်နာပြီး သူငယ်ချင်းဖြစ်သူနဲ့ ရွှေတောကို လိုက်လာခဲ့တယ်။
ဂျက်ကလင်း လို့ ခေါ်တဲ့ ညဉ့်ငှက်မလေးကတော့ ရွှေတောမှာ ပိုပြီး ပိုက်ဆံပိုရတယ်ဆိုလို့ ကိုဆန်းမြင့် ခေါ်ရာကို လိုက်လာကြတယ်။
လူပျိုကြီး ကိုထိန်၀င်းကတော့ သုံးအိမ်ကျော်က ဆယ်ကျော်သက် ချာတိတ်မလေး ပိုပို ကို မေတ္တာရှိပေမဲ့ တင်တောင်းစရိတ်များလို့ စိတ်ညစ်ရာကနေ ရွှေတောဘက် ရောက်လာခဲ့တယ်။
ဒီလိုနဲ့ ရွှေတောမှာ ကြုံခဲ့ ဆုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ၊ ရင်နင့်စရာတွေနဲ့ တကယ့် ဘ၀အကြောင်းတွေကို ဖတ်ရင်း မောဟိုက်လာတယ်။
၁၉၈၇ ခုနစ်က ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ စာအုပ်လေးပါ။ အခုကတော့ တတိယအကြိမ် ပြန်ထုတ်တာ။
ဆရာမ နုနုရည်(အင်းဝ) ရဲ့ စာအုပ်တွေက
တစ်အုပ်ထဲမှာ ဘ၀တစ်ခုတည်းကို ပြတာ မဟုတ်ဘဲ အလွှာပေါင်းစုံက ဘ၀ပေါင်းများစွာကို သေသေချာချာ ပုံဖော်ပြီး ပေါင်းစပ်ထားတာကို တွေ့ရတယ်။
ဆရာမရဲ့ အရေးအသား နဲ့ ဆရာမရဲ့စိတ်ကူးဉာဏ်တွေကို ကျွန်မ သိပ်သဘောကျ မြတ်နိုးတာပဲ။ ❤️❤️❤️❤️❤️
မေ(ပညာရေး)
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845