Book Image
နုနုရည်အင်းဝ
နုနုရည် (အင်းဝ)

မြန်မာမင်းနေပြည်တော်ဟောင်း မြို့တစ်မြို့ဖြစ်သော အင်းဝမြို့တွင် ဦးဘမော်၊ ဒေါ်တင်ရွှေတို့မှ ၁၉၅၇ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ၄ ဦးရှိသည့်အနက် သမီးဦးဖြစ်သည်။ ယခုအခါ နုနုရည် (အင်းဝ) သည် သရုပ်မှန်စာပေ၊ ပြည်သူ့အကျိုးပြု စာပေများရေးသားရင်းဖြင့် ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုး လက်ထောက်ကထိက၊ စိတ်ပညာဌာန၊ ရန်ကုန်တက္ကသိုလ် (ပင်မ) နှင့်အတူ အမှတ် ၄ ပထမထပ်၊ အခန်း ၅ တက္ကသိုလ်ဆရာများ ရိပ်သာသစ် လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

ပညာရေး

အင်းဝမြို့ ကျုံးထိပ်ရပ် အစိုးရမူလတန်းကျောင်းတွင် ပညာစတင် သင်ယူခဲ့ပြီး တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ (သင်္ချာ) ကို ၁၉၇၉ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၃ မှ ၈၅ အထိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဒီပလိုမာသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။

စာပေ
၁၉၈၄ ခုနှစ် မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ထဘီလေးတစ်ထည် ဝတ္ထုတိုဖြင့် စာပေလောကသို့ စတင်ဝင်ရောက်လာသည်။ ယင်းဝတ္ထုတိုကိုလည်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ဝတ္ထုရေးသားရာတွင် စာပေသည် ခေတ်ကြေးမုံပြင် သရုပ်မှန်ဟူသော အယူအဆကို လက်ခံယုံကြည်စွာဖြင့် အကျိုးပြု ရေးသားလျက်ရှိသည်။ ဝတ္ထုတိုများစွာ၊ ဝတ္ထုရှည် ၁၂ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၄ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။

ဆုများ
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမဆုံး ဆုချီးမြှင့်သည့် Man Asia စာပေဆု ပထမဆင့် ဆန်ကာတင် ရွေးချယ်စာရင်းကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကြေညာရာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်စသော အာရှနိုင်ငံများမှ စာရေးဆရာ ၂၃ ဦးအနက် မြန်မာစာရေးဆရာမ နုနုရည် (အင်းဝ) လည်းပါဝင်ခဲ့သည်။

နုနုရည်(အင်းဝ)စာစုစာရင်း

၁။ ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ
၂။ ပြုံး၍လည်းကန်တော့ခံတော်မူပါ...ရယ်၍လည်း ကန်တော့ခံတော်မူပါ
၃။ သောက်တော့ဒူးယား၊ နေတော့ခြုံကြား၊ ဝတ်တော့မလေးရှား
၄။ မြစိမ်းပြာကမာရွတ်
၅။ လဝန်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ
၆။ ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့
၇။ မင်းသားသုံးသိန်း မင်းသမီးတစ်သိန်း လူကြမ်းတစ်ရာ
၈။ အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား
၉။ နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်​ယောက်
၁၀။ တချို့အဆင်းလှ တချို့အဆင်းမလှ
၁၁။ အိပ်နေရင်နေ့ နိုးနေရင်ည
၁၂။ မရဲတရဲဘာဝယ်မလဲရှင့်
၁၃။ သူစိမ်းတွေကြားမှာ
၁၄။ အနီလား၊ အဝါလား၊ အစိမ်းလား
၁၅။ တက်ကျိုးတော့ လက်ထိုးလှော်မယ်
၁၆။ နမ်းမှာလားမောင်ရဲ့မွှေးတယ်ရှင် ဝတ္ထုတိုပေါင်းချုပ်
၁၇။ ချစ်တဲ့သူသခင်မြင်လာအုန်း ဝတ္ထုတိုပေါင်းချုပ်
၁၈။ ထဘီလေးတစ်ထည်နှင့်အခြားဝတ္ထုတိုများ
၁၉။ ပုလဲစုံညီနှင့် အခြားမဂ္ဂဇင်းဝတ္ထုရှည်များ
၂၀။ ဒိုးကြေးနဲ့​အခြားဝတ္ထုတိုများ
၂၁။ ကြောင်ညိုပါးရယ်စားတတ်လှတယ်နှင့်အခြားဝတ္ထုတိုများ
၂၂။ ကာလာရောင်စုံအမြန်မဂ္ဂဇင်းဝတ္ထုရှည်များ
၂၃။ နုနုရည်(အင်းဝ) ဝတ္ထုတိုပေါင်းချုပ်
၂၄။ လက်ရွေးစင်မြန်မာဝတ္ထုတိုပေါင်းချုပ်
၂၅။ အို...ကိုဖိုးမြနှင့်မစ္စတာစမစ် မဂ်လာပါရှင်(မင်းလူ၊ ချစ်ဦးညိုနှင့်တွဲ)
၂၆။ မဂ္ဂဇင်းဝတ္ထုရှည်များ ၁၃
၂၇။ ဖိုးရွှေလေမဂ္ဂဇင်းဝတ္ထုရှည်များ

စိတ်ကူးချိုချိုနောက်ထွက်တွေထဲမှာ ဝတ္ထုရှည် ၁၅ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၈ အုပ် ပေါင်း ၂၃ အုပ်လို့ ဆိုပါတယ်။ ၂၇ အုပ်ကတော့ ကျွန်တော်တွေ့မိသမျှကို တင်ပြထားတာပါ။ ဘယ်ဟာကအမှန်လဲ၊ ဘာကြောင့်စာရင်းကကွဲနေတာလဲဆိုတာကိုတော့ ဆရာမကြီးကို မေးကြည့်မှ သိရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဆရာမကြီးရဲ့ မဂ္ဂဇင်းဝတ္ထုတိုတွေ၊ မဂ္ဂဇင်းဝတ္ထုရှည်တွေဟာ နောက်ထုတ်
စာအုပ်တွေမှာ ပုဒ်ထပ်တွေပါပါနေတာကြောင့် မထည့်တာလို့ ထင်မိပါတယ်။ 


#သက်နောင်

ကိုးကား
နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း၊ ပညာရွှေတောင် စာအုပ်တိုက်။


Reference from: wikipedia

Written Books

Book Review Image

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

နုနုရည်အင်းဝ
Book Review Image

မြစိမ်းပြာကမာရွတ်

နုနုရည်အင်းဝ
Book Review Image

သူစိမ်းတွေကြားမှာ

နုနုရည်အင်းဝ
Book Review Image

နှစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်

နုနုရည်အင်းဝ
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

ခေါင်းမော့လိုက်တော့ မင်း ခေါင်းငုံ့လိုက်တော့ သူ

နုနုရည်အင်းဝ
Book Review Image

သောက်တော့ဒူးယား၊ ‌နေတော့ချုံကြား၊ ၀တ်တော့ မလေးရှား

နုနုရည်အင်းဝ