နုနုရည်အင်းဝ....သူစိမ်းတွေကြားမှာ
ဖတ်ရင်းနဲ့ ပြုံးရ၊ ဆွေးမြေ့ရ တဲ့ စာအုပ်လေးတစ်အုပ်ဆိုရင် မမှားဘူးပေါ့လေ။
ဆရာမရဲ့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ကိုရီးယားစတာတွေမှာ
သုံးလ၊ ခြောက်လနေစဉ် အဖြစ်အပျက်တွေ၊ ခံစားရတာတွေကို
ရေးထားတဲ့စာအုပ်လေး တစ်အုပ်။
ဆရာမ အောက်စဖို့ဒ်ရောက်စဉ် ခံစားရတဲ့ အိမ်လွမ်းနာ ဝေဒနာအကြောင်းဖတ်မိတော့ ဆရာမရဲ့ခံစားရတဲ့စိတ်၊ အဝေးရောက်မြန်မာပြည်သားတွေတိုင်း ခံစားရတဲ့စိတ်ကို....
(ကိုယ်တွေတုံးက ၆နှစ်လောက်နေခဲ့တဲ့ ကျောင်း၊ တကယ့်အရင်းအချာတွေလို ခင်ရ၊ ချစ်ရတဲ့ ဆရာမတွေနဲ့ ခွဲရပြီး အခုကျောင်းကို ပြောင်းရတုံးက ခံစားရတဲ့ ဝေဒနာကို ပြန်တွေးမိတယ်။ အသားမကျခြင်းတွေ၊ အရင်ကျောင်းကို လွမ်းရခြင်းတွေနဲ့ တစ်လလောက် စိတ်ထဲ နေထိုင်မကောင်းခဲ့ဘူး။ အဲ့တုံးက အဲ့ဝေဒနာဟာ ဆိုးလွန်းလို့ တစ်ချိန်လုံး စာအုပ်တွေဖိဖတ်ရင်းနဲ့ အဲ့စိတ်အာရုံပြောင်းအောင်ကုခဲ့ရတာ)(ခုတော့လည်း ခုကျောင်းမှာ တော်တော်လေးကို ပျော်နေပြန်ရော။)
အော် ငါတောင်..အဲ့လောက်ခံစားရတာ ဆရာမနဲ့ အဝေးရောက်မြန်မာတွေ ငါ့ထက်အများကြီးပိုပြီး ခံစားရမှာလို့ တွေးမိသေးတယ် ...ဖတ်နေရင်းနဲ့။
သူတို့ဆီမှာ အေးလွန်းလို့ သစ်ပင်တွေခြောက်ပြီး အရွက်တွေကြွေ။
ဒီမှာက ပူလွန်းလို့ သစ်ပင်တွေခြောက်ပြီး အရွက်တွေကြွေ။
နိုင်ငံတိုင်းမှာ ရာသီဥတုက လောကဒဏ် လိုပဲ ကိုယ့်ဖြစ်ချင်သလို မဖြစ်ပါလားနော်။
သူတို့ဆီက ဓလေ့တွေ၊ အစားအသောက်တွေ၊ နေထိုင်တာတွေသိရလို့ သဘောကျတယ်။
အဝေးရောက်မြန်မာအချင်းချင်း ကူညီကြ၊ ပြောမနာ ဆိုမနာနဲ့ ခင်မင်ကြ တာတွေ ကိုကြည်နူးမိတယ်။
ဆရာမပြန်တော့ နှုတ်ဆက်ကြရင်း''စက်ရုံထဲမှာ စက်သံတွေက ဆူညံလို့၊ ဆရာမပြန်တော့ ပြန်ချင်လိုက်တာ ဆရာမရယ်''တဲ့။
နှုတ်ဆက်သံတွေ။ စိတ်ထဲဘယ်လိုဖြစ်သွားမှန်း မသိဘူး။
အဲ့နေရာလေး ဖတ်မိရင်း။????
သက်ထား????