Book Image

ရေဝေး ထိန်ပင် ထားဝယ်ချောင်

သန်းမြင့်အောင်

စာအုပ်အမည် - ရေဝေး ထိန်ပင် ထားဝယ်ချောင်
ရေးသူ - သန်းမြင့်အောင်
အကြိမ် - ဒုတိယအကြိမ်
ခုနှစ် - ၂၀၁၄ ခုနှစ် ဧပြီလ
တန်ဖိုး - ၁၂၀၀ ကျပ်
စာမျက်နှာ - ၉၇
အရွယ်အစား - ၁၃ × ၉.၅ စင်တီမီတာ
ပုံနှိပ်တိုက် - စွယ်တော်ပုံနှိပ်တိုက်
ဖြန့်ချိရေး - Aung Publishing House
အမှတ် ၇၄၆ / ၇၄၇ ၊ သရဖီလမ်း ၊ 
၄၇ ရပ်ကွက် ၊ မြောက်ဒဂုံ ၊ ရန်ကုန်မြို့ ။
ဖုန်း - 09 420051158 , 09 5078418

စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာ ရှားရှားပါးပါး စာအုပ်ဆိုင်လေးဆီကို တစ်ပတ်ခြားတစ်ခါ ရောက်ဖြစ်ပါတယ်။ စာအုပ်ဆိုင် ဆိုလို့ လိုချင်တဲ့ စာအုပ် ဝယ်ပြန်လာလို့ရတဲ့ ဆိုင် မဟုတ်ပါဘူး။ ၁၀၀၀ ဖိုး ၃ အုပ်၊ သုတစာအုပ်လေးတွေ ဖြန့်ချ ရောင်းတဲ့ ဆိုင်လေးပါ။ ဖြန့်ချ ရောင်းထားတဲ့ စာအုပ်တွေကို တစ်အုပ်မှ စိတ်မဝင်စားလို့ တစ်ရွက်တစ်လေတောင် မလှန်ကြည့်ခဲ့ပါဘူး။

ဒါဆို စာအုပ်ဆိုင်ကို ဘာသွားလုပ်တာလဲ။

ဆိုင်ရှင် ဦးလေးကြီးက စာဖတ်သူ အချို့ရဲ့ ဖတ်ပြီးသား စာအုပ်ကောင်း အချို့ကို ဆိုင်မှာ တင်ရောင်းလို့ ရောက်ဖြစ်တာပါ။ ဒီလို စာအုပ်ကောင်းကလည်း ပေါပေါသီသီ ရတာမဟုတ်။ တစ်ခါသွားမှ ၂ အုပ်၊ ၃ အုပ်လောက်ပဲ ရတာ။

စာအုပ်ဆိုင်လေးကို ရောက်တဲ့ အပတ်တိုင်း ဆရာမ သန်းမြင့်အောင် ရဲ့ "ရေဝေး ထိန်ပင် ထားဝယ်ချောင်" ဆိုတဲ့ စာအုပ်လေးကို တွေ့မိတယ်။ ဆရာမ သန်းမြင့်အောင် ကို "ချစ်စိတ်" စာအုပ်နဲ့ စ သိခဲ့တာ။ ဆရာမ လက်ရာကို ထပ်ဖတ်ချင်ပေမယ့် စာအုပ် မျက်နှာဖုံးနဲ့ စာအုပ်အမည်ကြောင့် မယူဖြစ်ဘဲ ချန်ထားရစ်ခဲ့တယ်။ [ဒီလို မြင်ကွင်းမျိုးနဲ့ ပုံကို မြင်လိုက်သူ တော်တော်များများရဲ့ စိတ်ထဲမှာ ခံစားတဲ့အတိုင်း ခံစားမိလို့ပါ]

ဒီတစ်ပတ်တော့ စာအုပ်ဆိုင်မှာ စာအုပ်ကောင်း ထပ်မရှိတော့တာရယ်။ တကူးတက လာပြီး လက်ချည်းဗလာ ပြန်ရမှာ စိုးတာရယ်နဲ့ ဆရာမ ရဲ့ စာအုပ်လေးကို ယူလာဖြစ့်ခဲတယ်။

စာအုပ်ကို မဖတ်ခင်ကတည်းက ဇာတ်လမ်းတိုင်းဟာ သေဆုံးခြင်းနဲ့ အဆုံးသတ်လိမ့်မယ်။ ပျော်ရွှင်စရာ ပါမှာမဟုတ်ဘူး။ ဝမ်းနည်း စိတ်မကောင်းစရာတွေ ပါမှာလို့။ တွေးထားသလိုပါပဲ။ တကယ်ဖတ်ရတော့လည်း သေခြင်းတရား အကြောင်းတွေချည်းပါပဲ။

မဖတ်ခင်ကတည်းက ကြိုတွေးထားပေမယ့်လည်း လက်တွေ့ဖတ်ချိန်မှာ ဖတ်နေရင်း ရင်ထဲ ဆို့နင့်လာတယ်။ ခေါင်းစဉ် တစ်ပုဒ်ပြီးတိုင်း အားကုန်ပြေးလာရတဲ့ တာဝေး အပြေးသမားလို မောဟိုက်ကျန်ခဲ့ရတယ်။ ရင်မောစေတဲ့ စာအုပ်ပါ။


ဆရာမ သန်းမြင့်အောင် ရဲ့ "ရေဝေး ထိန်ပင် ထားဝယ်ချောင်" စာအုပ်မှာ 
၁။ ကျွန်မနှင့် အရိပ်ကလေးများ
၂။ အမြင့်ပျံငှက်
၃။ ဘဝပန်းချီကားတစ်ချပ်
၄။ မရဏသွားတောလား
၅။ ချစ်ခြင်းနှင့် အပြိုင်
ဆိုတဲ့ ဝတ္ထုတိုဆန်ဆန် ဆောင်းပါး ၅ ပုဒ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ၁၄ နှစ်တာ ဖြတ်သန်းမှု ပုံရိပ်မှတ်တမ်းတွေနဲ့ ဖော်ပြထားပါတယ်။

"လူပုံက ဘယ်လောက် ရုပ်ကြမ်းကြမ်း အနုပညာသမားတွေရဲ့ နှလုံးသားဟာ သိပ်ပြီး ထိခိုက်လွယ်တာပဲ"
[ကျွန်မနှင့် အရိပ်ကလေးများ]

“အသက်ရှင်ခြင်းဟာ ဘဝကို တိုက်ပွဲ ဝင်နေခြင်း တစ်မျိုးပါ။ ကျွန်တော်ကတော့ ကိုယ့်အသက်ကို ကိုယ် ဆွဲဆန့်လို့ ရသောက် ဆွဲဆန့်ထားချင်တယ်"
"ကျွန်တော် သေရင် အကျယ်မချဲ့ဘဲ နေ့ချင်း သင်္ဂြိုဟ်ပေးပါ။ ဘယ်သူတွေကိုမှ ဒုက္ခ မပေးပါနဲ့ အစ်မ" 
[အမြင့်ပျံငှက်]

"ကွယ်လွန်သူ ပန်းချီဆရာ တဂိုးမျိုးရဲ့ ဇနီး မခင်သိန်းရဲ့ ကျန်းမာရေးအတွက် ဆေးဖိုးထောက်ပံ့ငွေ ကျပ်တစ်သောင်းကို သားငယ် ဝေစည်တိုး က လက်ခံပေးပါရန်" ဆိုတဲ့ အခမ်းအနားမှူးရဲ့ စကားအဆုံးမှာ ငွေတစ်သောင်း ထည့်ထားတဲ့ စာအိတ်ကလေးကို လက်ခံပြီးတာနဲ့ 'အိ' ခနဲ ငိုရှိုက်လိုက်မိတော့တဲ့ သားငယ် ဝေစည်တိုး ရဲ့ ဝမ်းနည်း ကြေကွဲမှုတွေဟာ …
[ဘဝပန်းချီကားတစ်ချပ်]

"မေမေက အင်မတန် မိတ်များတာ။ မေမေ့ရဲ့ ချမ်းသာကြွယ်ဝမှု၊ မေမေ့ရဲ့ စည်းစိမ်ဥစ္စာ အရှိန်အဝါနဲ့လိုက်အောင် မေမေ့ကို အခမ်းအနားဆုံး သင်္ဂြိုဟ်ရမယ်။ အဲဒါဟာ တို့မိသားစု အားလုံးရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်"
[မရဏသွားတောလား]

"ငါ့ ညီမလေး … အမိုက်မလေး … ငါတို့နဲ့ ခဏပဲ ခွဲရမယ် မှတ်တာ … အခုတော့ နင် တကယ်ပဲ အပြီးအပိုင် ခွဲသွားတော့မယ်ပေါ့"
"တကယ်လို့သာ နောင်ဘဝဆိုတာများ ရှိခဲ့ရင် ဒီပုံစံနဲ့တော့ လောကကြီးထဲ လူလာမဖြစ်ပါနဲ့တော့ မိန်းကလေးရယ်"
[ချစ်ခြင်းနဲ့ အပြိုင်]

ယူတတ်ရင် … ပညာ
ပွားတတ်တော့ … ဘာဝနာ
ဒါပေမယ့် …
မဖတ်တတ်တော့ မျက်ရည်ကျခဲ့ရတယ်။ လူမော စိတ်မောကြီးပါလား ဆရာမ ရယ်။

Aung Thiha


Publisher Name: Aung Publishing House

Publisher Address: အမှတ် ၇၄၆ / ၇၄၇ ၊ သရဖီလမ်း ၊ ၄၇ ရပ်ကွက် ၊ မြောက်ဒဂုံ ၊ ရန်ကုန်မြို့ ။

Publisher Phone Number: ဖုန်း - 09 420051158 , 09 5078418


Related Books

Book Review Image

အတာ

သာဓု
Book Review Image

မီ

ကြည်အေး
Book Review Image

ခုနစ်အိမ်တန်းကမဂျမ်းဘုံ

ချစ်ဦးညို
Book Review Image

တောင်ပံမဲ့ငှက် လေထဲပျော်

မောင်ထွန်းသူ
Book Review Image

တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့

စမ်းစမ်းနွဲ့(သာယာဝတီ)
Book Review Image

လရိပ်ပိုးမျှင်

သော်တာအေးလဲ့
Book Review Image

မစပ်သောငရုတ်

မစန္ဒာ
Book Review Image

Rosella

မယ်လွင့်
Book Review Image

မြစိမ်းပြာကမာရွတ်

နုနုရည်အင်းဝ
Book Review Image

အချစ်များစွာနဲ့ပါ ဆရာ

တင်မောင်မြင့်
Book Review Image

ရယ်​​မောခြင်​းလက်​ကျန်​

မင်းလူ
Book Review Image

ဘိုင်စကယ်သူခိုးများ (ရုပ်ရှင်ဇာတ်ညွှန်း)

မြသန်းတင့်
Book Review Image

မင်းသုဝဏ်၏ ဝတၳုတိုများ

မင်းသုဝဏ်
Book Review Image

ဝီလျံဆွန်မာဆက်မွန်၏ ဝတ္ထုတိုသုံးပုဒ်

ဦးဘသန်း(မဟာဝိဇ္ဇာ)
Book Review Image

ဘ၀ဟူသည်​

နတ်နွယ်
Book Review Image

အညတရရုပ်ပုံလွှာများ

မြသန်းတင့်
Book Review Image

ကိုယ်​​တွေ့ဝတ္ထုတိုများ

ဦးဖိုးကျား
Book Review Image

ရင်ထဲကဆောင်းရာသီ

မင်းလူ
Book Review Image

သူစိမ်းတွေကြားမှာ

နုနုရည်အင်းဝ
Book Review Image

နေခြည်ဖြာ၍ လင်းစေသား

ချစ်ခိုင်စံ