ဆရာသာဓုကိုယ်တိုင် အကြိုက်နှစ်သက်ဆုံးနှင့် ရေးခဲ့သမျှဝတ္တုများတွင််လက်ရာ အမြောက်ဆုံးဟု စာပေပညာရှင်များက သတ်မှတ်ခဲ့ကြသည်။
ဝတ္တုတစ်ပုဒ်အနေဖြင့် ဖတ်ကောင်းရုံသာမက ကလေးလူငယ် လူကြီးမိဘများအတွက် သင်ခန်းစာယူရမည့် အကျိုိုးပြုစာအုပ်ဖြစ်သည်။
							 
							
																"မေမေဟာ စာမတတ်လို့ ဆိုးတာမိုက်တာဆိုတော့ ဒေါသကြီးတာလည်း စာမတတ်လို့ပေါ့နော် …"
"အေးပေါ့ကွ"
"ဒါဖြင့် မေမေက ကျွန်တော့်ကိုမချစ်တာကော စာမတတ်လို့ဘဲလားဟင်"
"အတာဝတ္တုဟာ ဆရာ့ဘဝအကြောင်းလို့ ပြောကြပါတယ် ဟုတ်ပါသလား ဆရာ"   -  ဝင်းငြိမ်း
"ဟုတ်ပါတယ် အတာဝတ္တုဟာ ဆရာ့အကြောင်း ကိုးဆယ်ရာနှုန်းလောက်ပါတယ် … တစ်ခုတော့ရှိတယ် အတာနှင့်ပတ်သက်ပြီးဝေဖန်ခံရတာရှိတယ်။ အမေအရင်းက သားအရင်းပေါ်မှာ ဒါလောက်တောင်မှ စိတ်သဘောထား စေတနာ မေတ္တာမဲ့နိုင်ပါ့မလား၊ ဆိုးနိုင်ပါ့မလားလို့ဝေဖန်ကြတယ် …
ဆရာ့ကိုလည်း မေးကြတယ်။ ဆရာက တစ်ခွန်းတည်းပဲပြောလိုက်တယ်။ 
"ဒီထက် ဆိုးတာတွေတောင်ရှိသေးတယ်။ ရေးမကောင်းလို့ ရေးမဖြစ်လို့ မရေးတာလို့ … တစ်ခုတော့ရှိတယ်။ အမေအရင်းက ကိုယ့်သားသမီးအပေါ်မှာ ဒါလောက်တောင်ဆိုးရသလားဆိုတာက ဒီသားသမီးရဲ့ အကုသိုလ်က  ဘယ်လောက်တောင်မှ ကြီးခဲ့မှန်းမှ မသိတာ။ ဝဋ်ခံရတာပါလို့ …သဘောကတော့ အဲဒါပါပဲ …"
                                                         
သာဓု
ဆရာသာဓုကိုယ်တိုင် အကြိုက်နှစ်သက်ဆုံးနှင့် ရေးခဲ့သမျှဝတ္တုများတွင် လက်ရာအမြောက်ဆုံးဟု စာပေပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ ဝတ္တုတစ်ပုဒ်အနေဖြင့် ဖတ်ကောင်းရုံသာမက ကလေးလူငယ် လူကြီးမိဘများအတွက်  သင်ခန်းစာယူရမည့် အကျူိိးပြုစာအုပ်ဖြစ်သည်။ (အမှာစာမှ)
သုမောင်ရဲ့ ခလုတ်တိုက်မိသောစရိုက်များ စာအုပ်မှာ အတာဝတ္တုမျက်နှာဖုံးပန်းချီကို လပေါင်းများစွာ စောင့်ခဲ့ရပြီး တကယ်ဟပ်စပ်တဲ့ ပန်းချီကို ရခဲ့တယ်လို့ ဖတ်မိရာက အတာကိုပါ ဖတ်ချင်စိတ်ဖြစ်သွားပါတယ် …
ကလေးကိုချစ်တတ်ရင် … အတာ့ကိုချစ်မယ် 
ကလေးကို သနားတတ်ရင် … အတာ့ကိုသနားမယ် 
ကလေးကို မုန်းတတ်ရင် .… အတာ့ကိုပိုမုန်းလိမ့်မယ်
တန်ဖိုး - ၃၅၀၀ ကျပ်
ဖတ်ညွှန်း -  #မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်
 
															
							 
							
																Publisher Name:  စိတ်ကူးချိုချို စာပေ 
																								Publisher Address:  ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅  
																								Publisher Phone Number:  01546845