Book Image

အညတရရုပ်ပုံလွှာများ

မြသန်းတင့်

မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/30/show


အညတရရုပ်ပုံလွှာများ

မြသန်းတင့် 
တန်ဖိုး ကျပ် ၆၀၀၀။
တတိယအကြိမ်၊ ဇူလိုင်လ ၂၀၁၈
တိုးမြစ်စာအုပ်တိုက်။ 

တစ်ဦးချင်း အိမ်တိုင်ရာရောက် မှာယူသူများ
Book Hunter - 09795969686 သို့ဆက်သွယ်မှာယူနိုင်သည်


ဆရာမြသန်းတင့်ရဲ့ ပင်ကိုရေး အထင်ကရ စာပေလက်ရာ
တစ်ခုဖြစ်ပါတယ်။ ဒုတိယအကြိမ် ထုတ်ဝေစဉ် စာပေစိစစ်က
ဖြုတ်ပယ်တဲ့ ' သဇင်သင်းပြီ မာရီယာ' နဲ့ ' . . . တစ်ဦး၏ ဖွင့်ဟ ဝန်ခံချက်' ဆိုတဲ့ နှစ်ပုဒ် ကို ပြန်လည် ထည့်သွင်းထားပါတယ်။ 
ပထမ နဲ့ ဒုတိယ ထုတ်ဝေစဉ်ထက် အခုတစ်ကြိမ် ထူးခြားမှုက 
ဆရာမြသန်းတင့် ကိုယ်တိုင် ပြောတဲ့ #မြသန်းတင့်ရဲ့မြသန်းတင့် အကြောင်း စာမူကို ထည့်သွင်း ပုံနှိပ်နိုင်တာ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်မှာ White Orchid press က အခု စာအုပ်ကို 
Road to Mandalay အမည်နဲ့ အင်္ဂလိပ် ဘာသာပြန် ထုတ်
ပါတယ်။ အဲဒီမှာ The Author ခေါင်းစဉ်နဲ့ ဆရာက သူ့ ဘဝ
အကြောင်း အကျဉ်းချုပ်နဲ့ အခုလို မြန်မာပြည် ဒေသအနှံ့က 
မတူကွဲပြားတဲ့ ဘဝပုံစံအမျိုးမျိုး ရှိသူ လူတွေ အကြောင်းကို
ဘာကြောင့် ရေးရတယ် ၊ ရေးဖြစ်တယ် ဆိုတဲ့ အကြောင်းကိုလည်း ပြောပြထားပါတယ်။ 
ဒါကိုပဲ ဆရာမြသန်းတင့်ရဲ့ သား စာရေးဆရာဖိုးသော်တာက
မြန်မာဘာသာသို့ ပြန်ဆိုပေးထားတာ ဖြစ်ပါတယ်။ 

ဒီ အညတရ ရုပ်ပုံလွှာများ ဟာ မြန်မာပြည် ဒေသအသီးသီးက သာမာန်လူတွေရဲ့ ဘဝတွေ၊ အတန်းစား အသီးသီးက လူတွေရဲ့ ဘဝတွေအကြောင်းကို သိစေချင်လို့ ရေးတာလို့ 
ဆရာက အခုလို ပြောထားပါတယ်။

' ကျနော်တို့ လူမှု အဖွဲ့အစည်းက အပိတ်ကြီး ။ တစ်ယောက် အကြောင်း တယောက် နားမလည်ကြဘူး။ 
ကျနော်တို့ ရန်ကုန် က လူတွေဟာ နယ်ဘက် ကျေးဘက်က လူတွေ ဘယ်လို ခံစားနေရတယ်။ ဘယ်လို ပင်ပင်ပန်းပန်း 
လုပ်ကိုင်ရတယ် ဆိုတာ မသိကြဘူး။ ဘာလို့ဆို အစိုးရမီဒီယာကိုပဲ အားကိုးနေရတာကိုး။ (သတင်းစာမှာ ) သူတို့အကြောင်း
တွေလည်း မယ်မယ်ရရ ပါတာ မဟုတ်ဘူးလေ။ 
နယ်ဘက်ကျေးဘက်က လူတွေကလည်း ရန်ကုန်တို့ ဘာတို့
 မြို့က လူတွေဘဝကို မသိကြဘူး။ 
ကျနော် ရေးတာ ပြင်ပ ကမ်ဘာက သူတွေအတွက် မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံက သူတွေအတွက်ပါ' 

ဒီစာအုပ်မှာ နယ်ပယ် အသီးသီး နေရာဒေသ မျိုးစုံက 
ဘဝအဖုံဖုံကို ဖြတ်သန်းကြတဲ့ လူ ၃၈ ဦး အကြောင်း 
ပါဝင်ပါတယ်။ 
အင်္ဂလိပ် ၊ ပြင်သစ်၊ ထိုင်းဘာသာ များနဲ့ ဘာသာပြန်ဆိုခြင်းခံရတဲ့ ဆရာမြသန်းတင့်ရဲ့ အထင်ကရ စာပေလက်ရာ တစ်ခု
ဖြစ်ပါတယ်။ ။
#တိုးမြစ်


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books

Book Review Image

အတာ

သာဓု
Book Review Image

မီ

ကြည်အေး
Book Review Image

ခုနစ်အိမ်တန်းကမဂျမ်းဘုံ

ချစ်ဦးညို
Book Review Image

တောင်ပံမဲ့ငှက် လေထဲပျော်

မောင်ထွန်းသူ
Book Review Image

တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့

စမ်းစမ်းနွဲ့(သာယာဝတီ)
Book Review Image

လရိပ်ပိုးမျှင်

သော်တာအေးလဲ့
Book Review Image

မစပ်သောငရုတ်

မစန္ဒာ
Book Review Image

Rosella

မယ်လွင့်
Book Review Image

မြစိမ်းပြာကမာရွတ်

နုနုရည်အင်းဝ
Book Review Image

အချစ်များစွာနဲ့ပါ ဆရာ

တင်မောင်မြင့်
Book Review Image

ရယ်​​မောခြင်​းလက်​ကျန်​

မင်းလူ
Book Review Image

ဘိုင်စကယ်သူခိုးများ (ရုပ်ရှင်ဇာတ်ညွှန်း)

မြသန်းတင့်
Book Review Image

မင်းသုဝဏ်၏ ဝတၳုတိုများ

မင်းသုဝဏ်
Book Review Image

ရေဝေး ထိန်ပင် ထားဝယ်ချောင်

သန်းမြင့်အောင်
Book Review Image

ဝီလျံဆွန်မာဆက်မွန်၏ ဝတ္ထုတိုသုံးပုဒ်

ဦးဘသန်း(မဟာဝိဇ္ဇာ)
Book Review Image

ဘ၀ဟူသည်​

နတ်နွယ်
Book Review Image

ကိုယ်​​တွေ့ဝတ္ထုတိုများ

ဦးဖိုးကျား
Book Review Image

ရင်ထဲကဆောင်းရာသီ

မင်းလူ
Book Review Image

သူစိမ်းတွေကြားမှာ

နုနုရည်အင်းဝ
Book Review Image

နေခြည်ဖြာ၍ လင်းစေသား

ချစ်ခိုင်စံ