Book Image

တောင်ပံမဲ့ငှက် လေထဲပျော်

မောင်ထွန်းသူ

ကွယ်လွန်ရှာပြီး ဖြစ်သည့် စာရေးဆရာကြီး မောင်ထွန်းသူကို စာဖတ်သူအများက ထင်ရှားသော ဘာသာပြန် စာရေးဆရာကြီးဟု အသိအမှတ်ပြု သိရှိပြီးဖြစ်ကြသလို သူ၏ တောင်ပံမဲ့လျက် လေထဲပျော် စာအုပ်များကို ဖတ်ရှုဖူးသူတို့ကလည်း ဘဝသရုပ်ဖော် အဖွဲ့အနွဲ့ကောင်းသော၊ လူငယ်ဘဝကို စာနာစိတ်အပြည့်ဖြင့် ခံစားရေးဖွဲ့တတ်သော ပင်ကိုရေး ဘဝသရုပ်ဖော် စာရေးဆရာကြီးအဖြစ်ပါ အသိအမှတ်ပြုထားကြမည် ထင်ပါသည်။ ယခုဝတ္ထုများမှာ အဆိုပါစာအုပ် ၂ အုပ်မှ ဝတ္ထုများအားလုံးကို ပေါင်းစုလျက် စီစဉ်ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။


ကျွန်တော့်အနေဖြင့် ဆရာမောင်ထွန်းသူကို ဘာသာပြန်စာရေးဆရာကြီး အဖြစ်သာ သိထားပါသည်။ စာအုပ်ဆိုင်ရောက်တော့ စာရေးသူ၏ ပင်ကိုရေး လူငယ်ဘဝနှင့် စရိုက်ဖွဲ့ ဝတ္ထုတိုပေါင်းချုပ်ဟ ခေါင်းစဉ် တပ်ထားသည့်အတွက် စိတ်ဝင်စားမိသည်။ မဖတ်မဖြစ် ဖတ်ကို ဖတ်ရမည့် စာအုပ်တစ်အုပ်ဟု ဆုံးဖြတ်ချက်ချပြီး ဝယ်ဖြစ်ခဲ့သည်။ အမှာစာတွေကိုတော့ သိပ်စိတ်မဝင်စား။ အမှာစာများကို ကျော်ပြီး အမိမဲ့သားဆိုသည် ဝတ္ထုတိုကို တစ်ခါတည်း ဖတ်ဖြစ်သည်။ လက်က မချနိုင်တော့ ဝက်ကုတ်၊ သားကောင်၊ တောင်ပံမဲ့လျှက် လေထဲပျော်၊ ရွာကျော်၊ ရွာကျော်၏ ရွာကျော်၊ စိုးမရ ... စသည်ဖြင့် ဆက်တိုက် ဖတ်ဖြစ်သွားသည်။ ဆရာကြီးက ဝတ္တုတိုများ၏ အစတွင် လူငယ်တစ်ဦးစီနှင့် မိတ်ဆက်ပေးသည်။ ထိုနောက် ဆရာကြီး ကိုယ်တိုင် ထိုလူငယ်၏ ရင်ထဲ တိုးဝင်သွားသည်။ Sympathy (စာနာ သနားမှု) နှင့် Empathy (ထပ်တူခံစား နားလည်မှု) ဟူ၍ နှစ်မျိုးရှိသည်ဟု ကြားဖူးသည်။ တစ်မျိုးက စာနာရုံသာ၊ သနားရုံသာ။ နောက်တစ်မျိုးက ထပ်တူ ခံစားနိုင်မှု၊ နားလည်မှု ပိုခက်သည် ပိုလေးနက်သည်ဟု ကျွန်တော် ထင်သည်။ ဆရာကြီး ရေးသွားသော ဝတ္ထုတိုများသည် ဆရာကြီး ထပ်တူခံစားနားလည်နိုင်စွမ်း၊ မေတ္တာထားနိုင်စွမ်း စသည့် အစွမ်းသတ္တိတို့နှင့် ပြည့်ဝ နေသည်။ 

ဆရာကြီးနှင့်အတူ သားကောင်ဖြစ်သွားသော မရင်မေ၏ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်ကို ထပ်တူခံစား စာနာမိသည်။ နောက်တော့ အစိုးမရသော စိုးမရအကြောင်း၊ ဆပ်ကပ်အဖွဲ့ထဲလိုက်ရင်း ဝက်ကုတ်ခံရသော ဝက်ကုတ်၊ သစ်ပင်ပေါ်မှ လိမ့်ကျသဖြင့် ခြေနှစ်ဖက် သိမ်သွားပြီး လမ်းမလျှောက်နိုင်တော့သည့် ဖင်ကို ဒရွတ်ဆွဲသွားရသည့် ရွာကျော် အကြောင်း (အခု ဖတ်ညွှန်းကို ရေးသည့်အချိန်တွင် ရွပိုးစိန်ဆိုသည့် ဝတ္ထုတိုကို ဖတ်နေသည့် အချိန် ဖြစ်ပါသည်) ဖတ်ရင်းဖတ်ရင်း ဆရာကြီး၏ အလုပ်အကိုင်ကို စိတ်ဝင်စားလာသည်။ ဘာကြောင့် ဒီလောက်အထိ ထပ်တူခံစားနားလည်နိုင်စွမ်း ပြင်းထန်ရပါသနည်း။ အဲဒီတော့မှ အမှာစာကို ဖတ်ဖြစ်တော့သည်။ အဲဒီတော့မှ ဆရာကြီးသည် လူမှုဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးရသည့် အရာရှိတစ်ဦး အဖြစ်သိရသည်။ ယခုဝတ္ထုတိုများကို ရေးသားရသည့် ဆရာကြီး၏ မွန်မြတ်လှသော မူရင်း ရည်ရွယ်ချက်များကိုပါ သိလာပါသည်။ လေ့လာ၍ ရခဲ့သမျှကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဘာသာရေးတွင် အားသန်သလောက် လူမှုရေးတွင် အားနည်းလွန်းလှသော ကျွန်တော်တို့လူမျိုးများ အာရုံဝင်စားလာအောင် တင်ပြမည်ဟု ရေးသားထားသည်။ အဆိုပါ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည့် အနေဖြင့် ယခုဝတ္ထုတိုများကို ဆရာကြီး ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

ဆရာကြီးငွေဥဒေါင်းက စာကြေးမုံကဏ္ဍတွင် သနားစဖွယ် ကလေးသူငယ် ၇ ဦး၏ ကြောင်းရပ် ခုနှစ်ခုကို တင်ပြထားသော မှတ်တမ်းဝတ္ထု ခုနှစ်ပုဒ်ဖြစ်သည်။ တကယ့်ဖြစ်ရပ်များကို ဖတ်ချင်စဖွယ် ပြုပြင် ရေးသားထားသောကြောင့် မှတ်တမ်းဝတ္ထုဟု ဆိုရမည်။ အားလုံးကောင်းသည်။ တွယ်ရာမဲ့ လူငယ်တို့၏ ဘဝကို စာနာစိတ်ပေါ်လာစေနိုင်သော ဖြစ်ရပ်များဖြစ်သည် ဟု ဝေဖန်ထားပါသည်။

ကျွန်တော်ကတော့ ဆရာကြီး၏ ဝတ္ထုတိုများကို ဖတ်ရင်း အဲဒီအခန်းဖြတ်ဆိုသည့် ဗီဒီယိုအတိုလေးကို သတိရမိသည်။ ယခုလို သနားစရာ လူငယ်ကလေးများ၏ တကယ့်အဖြစ်အပျက်များကို ရုပ်ရှင် (သို့) ဗီဒီယို ရိုက်မည်ဆိုလျှင် ဆင်းရဲသားခန်း မထည့်ရဟု ပိတ်ပင်ထားသည့် ခေတ်မဟုတ်တော့သည့်အတွက် ရိုက်လျှင်ဖြစ်နိုင်သည်ဟု။ သို့သော် ကလိထိုးပေးမှ ကြည့်ကြသော မြန်မာရုပ်ရှင် ဗီဒီယိုများကြားတွင် ဘဝသရုပ်ကို ကွက်ကွက်ကွင်း ပုံဖော်ထားသော ရုပ်ရှင်၊ ဗီဒီယိုများ အလုပ်ဖြစ်မဟုတ်ဟုလည်း တွေးမိသည်။ ရုပ်ရှင်၊ ဗီဒီယို လောကတွင် ထုတ်လုပ်သူ လူမိုက်တစ်ယောက်၊ ဒါရိုက်တာ လူမိုက်တစ်ယောက် ပေါ်လာပြီး ရိုက်ရင် ကောင်းမှာပဲဟု ဆုတောင်းမိပါသည်။

ဖတ်ညွှန်းရေးသားသူ - စိုးသီဟနောင်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

အတာ

သာဓု
Book Review Image

မီ

ကြည်အေး
Book Review Image

ခုနစ်အိမ်တန်းကမဂျမ်းဘုံ

ချစ်ဦးညို
Book Review Image

တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့

စမ်းစမ်းနွဲ့(သာယာဝတီ)
Book Review Image

လရိပ်ပိုးမျှင်

သော်တာအေးလဲ့
Book Review Image

မစပ်သောငရုတ်

မစန္ဒာ
Book Review Image

အရိုင်းစံပယ်

အောင်လင်း
Book Review Image

ရေစုန်နှင့်ရေဆန်

ဦးလှဝင်း(လေသူရဲတစ်ဦး)
Book Review Image

Rosella

မယ်လွင့်
Book Review Image

မြစိမ်းပြာကမာရွတ်

နုနုရည်အင်းဝ
Book Review Image

အချစ်များစွာနဲ့ပါ ဆရာ

တင်မောင်မြင့်
Book Review Image

ရယ်​​မောခြင်​းလက်​ကျန်​

မင်းလူ
Book Review Image

ဘိုင်စကယ်သူခိုးများ (ရုပ်ရှင်ဇာတ်ညွှန်း)

မြသန်းတင့်
Book Review Image

မင်းသုဝဏ်၏ ဝတၳုတိုများ

မင်းသုဝဏ်
Book Review Image

ရေဝေး ထိန်ပင် ထားဝယ်ချောင်

သန်းမြင့်အောင်
Book Review Image

ဝီလျံဆွန်မာဆက်မွန်၏ ဝတ္ထုတိုသုံးပုဒ်

ဦးဘသန်း(မဟာဝိဇ္ဇာ)
Book Review Image

ဘ၀ဟူသည်​

နတ်နွယ်
Book Review Image

အညတရရုပ်ပုံလွှာများ

မြသန်းတင့်
Book Review Image

ကိုယ်​​တွေ့ဝတ္ထုတိုများ

ဦးဖိုးကျား
Book Review Image

ရင်ထဲကဆောင်းရာသီ

မင်းလူ
Book Review Image

သူစိမ်းတွေကြားမှာ

နုနုရည်အင်းဝ
Book Review Image

နေခြည်ဖြာ၍ လင်းစေသား

ချစ်ခိုင်စံ