Book Image

လရိပ်ပိုးမျှင်

သော်တာအေးလဲ့

လရိပ်ပိုးမျှင်

ရေးသူ - #သော်တာအေးလဲ့
ပထမအကြိမ် - ၂၀၁၇၊ မေ
ကံ့ကော်ဝတ်ရည်စာပေ
တန်ဖိုး - ၃၅၀၀
စာမျက်နှာ - ၂၆၉
မျက်နှာဖုံးပန်းချီ - မြင့်မောင်ကျော် 

ကိုယ်ရေးအကျဥ်းနှင့်စာစုစာရင်း


ကံ့ကော်ဝတ်ရည်က ယခုလမှာ ထုတ်ဝေလိုက်တဲ့ စာအုပ်အသစ်တစ်အုပ်ကတော့ လရိပ်ပိုးမျှင် ဖြစ်ပါတယ်။ စာအုပ်ကလည်း အသစ် ဖြစ်သလို စာရေးသူကလည်း အသစ်ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ရသမြောက်တဲ့ လုံးချင်းဝတ္ထုရှည်တွေ ရှားပါးချိန်မှာ အခုလို အမျိုးသမီး ဝတ္ထုရေးသူအသစ် ပေါ်ထွက်လာတာဟာ ကြိုဆိုဖို့ကောင်းလှပါတယ်။ 


ဒီစာအုပ်ရဲ့ နောက်ခံထားတဲ့ အချိန်ကာလကတော့ နာဂစ်မုန်တိုင်းအပြီးကာလဖြစ်ပြီး ပျက်ဆီးရှုံးဆုံးခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ထူထောင်ဖို့ ရပ်ရွာဖွံ့ဖြိုးရေးလုပ်သား( Community worker)  တာဝန်နဲ့ ရောက်ရှိလာခဲ့တဲ့ ရှယ်လီနဲ့ သူမရဲ့. လုပ်ငန်းခွင်အဖြစ်အပျက်တွေ၊ နာဂစ်ဒဏ်ခံစားရတဲ့ ဒေသခံတွေရဲ့ အခက်အခဲတွေကို နောက်ခံထားပါတယ်။ နာဂစ်မုန်တိုင်းအပြီး ၉နှစ်အကြာ ယခုချိန်မှာ ထွက်လာတဲ့ ဒီစာအုပ်ထဲမှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စများကို ဖတ်သူတိုင်း ခံစားသိရှိရဦးမှာပါ။


ရှယ်လီ အတူလက်တွဲလုပ်ကိုင်ခွင့်ရတဲ့ မမလို့ ရှယ်လီခေါ်တဲ့ ဒေါ်မြမြမောင်း။ ဖခင်ဖြစ်သူနဲ့ အတူမနေချင်လောက်အောင် အဆင်မပြေမှုတွေကြောင့် မိဘရိပ်ကို စွန့်ခွာပြီး ရပ်ရွာဖွံ့ဖြိုးရေးလုပ်သား အဖြစ် ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာခဲ့တဲ့ ရှယ်လီဟာ မမရဲ့ မေတ္တာရိပ်မှာ အေးမြခဲ့ပါတယ်။ ဇာတ်လမ်းထဲက မှဲ့စိမ်းနဲ့ လူသားတစ်ဦး ပေါ်မလာခင်အထိပေါ့။ အချိန်ကာလ ကြာသွားတဲ့အခါ အဖြစ်အပျက်တွေ များစွာ ဖြစ်ပျက်ခဲ့ပြီး ရှယ်လီနဲ့ မြမြမောင်းတို့ဟာ ဝေးကွာခဲ့ကြရပါတယ်။

 ဒီဇာတ်လမ်းကိုလည်း အဝေးက မြမြမောင်းကို ရှယ်လီ လှမ်းရေးတဲ့ တတိယမြောက် စာတစ်စောင်နဲ့ပဲ စတင်လိုက်ပါတယ်။ ရှစ်နှစ်တာကာလအတွင်းဖြစ်ပျက်ခဲ့တာတွေကို အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်ကို ပိုးချည်တစ်ထည် ရက်လုပ်သလို ကူးချည်သန်းချည်နဲ့ ဒီ မေတ္တာဘွဲ့ဇာတ်လမ်းထဲကို စာရေးသူ သော်တာအေးလဲ့က ဖတ်သူကိုပါ ဆွဲခေါ်သွားပါတယ်။ မြမြမောင်းနဲ့ ဝေးကွာပြီးနောက်မှာ ရှယ်လီရောက်ရှိခဲ့တဲ့ မသန်စွမ်းကလေးတွေကို စောင့်ရှောက်ပညာသင်ပေးတဲ့ ကရုဏာတော်ဆိုတဲ့ ကျောင်းကလေးမှာ ကလေးတွေအပေါ် ရှယ်လီရဲ့ မေတ္တာ ၊ ကျောင်းအုပ်ကြီး အနူးရဲ့ မေတ္တာနဲ့ ပြုစုထားတဲ့ ပန်းကလေးတွေ၊ ရှယ်လီ့ကို အတိတ်ဆီ ပြန်ခေါ်သွားတဲ့ နော်အဲမူဆိုတဲ့ ကလေးမလေးရဲ့ ရင်နင့်ဖွယ် အဖြစ်။ 

ရှယ်လီဟာ မေတ္တာတရားကို ရယူခဲ့သူလည်း ဖြစ်သလို၊ ပြန်လည်ဝေငှသူလည်း ဖြစ်ပါတယ်။ သူလည်းလေ လောကီသားပေမို့ ချစ်ကြိုက်မိတဲ့ သူ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာလည်း ဒီ ပိုးချည်ခင်ထဲမှာ ပါပါရဲ့ လရိပ်ပိုးမျှင် ဆိုတဲ့ ဝတ္ထုရေးသူအသစ်ရဲ့ အသစ်စက်စက် လုံးချင်းဝတ္ထုရှည်ကို ကံ့ကော်ဝတ်ရည်က ယခု ထုတ်ဝေလိုက်ပါပြီ။ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) နဲ့ ဆရာမ ခင်မြဇင်တို့က အမှာစာ ရေးထားပါတယ်။ ဆရာမ သော်တာအေးလဲ့ရဲ့ ကိုယ်ရေးအကျဉ်းနဲ့ သူနဲ့ လရောင် ထိတွေ့မှု အမှာစာလည်း ပါပါတယ်။

#ကံ့ကော်ဝတ်ရည်စာပေ

Avalible Now @
Myittaryeik MibileLibrary


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

အတာ

သာဓု
Book Review Image

မီ

ကြည်အေး
Book Review Image

ခုနစ်အိမ်တန်းကမဂျမ်းဘုံ

ချစ်ဦးညို
Book Review Image

တောင်ပံမဲ့ငှက် လေထဲပျော်

မောင်ထွန်းသူ
Book Review Image

တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့

စမ်းစမ်းနွဲ့(သာယာဝတီ)
Book Review Image

မစပ်သောငရုတ်

မစန္ဒာ
Book Review Image

Rosella

မယ်လွင့်
Book Review Image

မြစိမ်းပြာကမာရွတ်

နုနုရည်အင်းဝ
Book Review Image

အချစ်များစွာနဲ့ပါ ဆရာ

တင်မောင်မြင့်
Book Review Image

ရယ်​​မောခြင်​းလက်​ကျန်​

မင်းလူ
Book Review Image

ဘိုင်စကယ်သူခိုးများ (ရုပ်ရှင်ဇာတ်ညွှန်း)

မြသန်းတင့်
Book Review Image

မင်းသုဝဏ်၏ ဝတၳုတိုများ

မင်းသုဝဏ်
Book Review Image

ရေဝေး ထိန်ပင် ထားဝယ်ချောင်

သန်းမြင့်အောင်
Book Review Image

ဝီလျံဆွန်မာဆက်မွန်၏ ဝတ္ထုတိုသုံးပုဒ်

ဦးဘသန်း(မဟာဝိဇ္ဇာ)
Book Review Image

ဘ၀ဟူသည်​

နတ်နွယ်
Book Review Image

အညတရရုပ်ပုံလွှာများ

မြသန်းတင့်
Book Review Image

ကိုယ်​​တွေ့ဝတ္ထုတိုများ

ဦးဖိုးကျား
Book Review Image

ရင်ထဲကဆောင်းရာသီ

မင်းလူ
Book Review Image

သူစိမ်းတွေကြားမှာ

နုနုရည်အင်းဝ
Book Review Image

နေခြည်ဖြာ၍ လင်းစေသား

ချစ်ခိုင်စံ