စာအုပ်။ ။ ရင်ထဲကဆောင်းရာသီ
စာအုပ်တိုက်။ ။ ကံ့ကော်ဝတ်ရည်စာပေ(စတုတၳအကြိမ်)
တန်ဖိုး။ ။ ၂၅၀၀ ကျပ်
ဆရာမင်းလူကို စသိခဲ့ရတဲ့ ဝတၳုပါ
ဆရာ့အရေးအသားတွေကို စပြီးသဘောကျခဲ့ရတာ ရင်ထဲကဆောင်းရာသီ လို့ ပြောရင်မမှားပါဘူး။
ဇာတ်လမ်းအကျဉ်း
ငယ်ငယ်လေးတည်းက အနှိမ်ခံအပြောခံ ဘဝနဲ့ ဘဝကို ပင်ပန်းကြီးစွာ ဆင်းရဲ နွမ်းလျစွာ ဖြတ်သန်းခဲ့ရတဲ့ ခင်ခိုင်
ရိုးရိုးအေးအေး ရုံးဝန်ထမ်းလေး ကိုငြိမ်းမောင်
နှစ်ယောက် မေတ္တာမျှခဲ့ကြပါတယ်။
မတူညီတဲ့ ဘဝကနေလာတဲ့အတွက် မတူညီတဲ့အတွေးအခေါ် မတူညီတဲ့တန်ဖိုးထားမှူတွေရှိနေတဲ့ ငြိမ်းမောင်နဲ့ ခင်ခိုင်ဟာ သားမောင်မွေးဖွားပြီးချိန်ကစလို့ ဝိဝါဒကွဲ ပြားမှူတွေ ဝိရောဓိတွေ မကျေနပ်မှုတွေရှိလာခဲ့ပါတယ်။
ရုပ်ရှင်အဖြစ်လည်း အောင်မြင်ခဲ့ ပြီး အကယ်ဒမီ သုံးဆုရခဲ့တဲ့ ဝတၳုပါ
Review
ဆရာမင်းလူရဲ့ ရေးနေကျ အချစ်ဝတၳုပုံစံမျိုးမဟုတ်ပဲ မိသားစု အဖွဲ့ပုံစံမျိုးပါ။
လောကကြီးမှာ ရှိတတ်တဲ့ ဝိဝါဒ ကွဲ ပြားမှု၊ ဆုံးဖြတ်ရခက်မှုတွေကို ပြတယ်ဆိုလည်းမမှားပါ။
အဓိကကတော့ ခင်ခိုင်ရဲ့ ကြီးပွားအောင်မြင်လိုစိတ်နဲ့ မိခင်မေတ္တာအကြား လွန်ဆွဲနေမှု သရုပ်ဖော်ပုံတော်တော်လေး အသက်ဝင်ပါတယ်။
တော်တော်လေးနင့်နင့်နဲနဲ ခံစားရတဲ့ဝတၳုပါ
အစွဲအလန်းကြီးလှတဲ့သားမောင်ရယ် ငယ်ဘဝရဲဒဏ်ရာဟောင်းတွေကြောင့်ဘဝနာနေတဲ့ ခင်ခိုင်ရယ် သားအတွက်ဆိုအရာရာပေးဆပ်ရဲတဲ ငြိမ်းမောင်ရယ် သူတို့သုံးယောက်ကြား ပတ်သက်မှုက ဇာတ်ရှိန်ကို တော်တော်လေးဆွဲတင်ပေးပါတယ်။
ငှက်ကလေးနဲ့ ရင်ထဲကဆောင်းရာသီ ဟာ ကျွန်တော်တော်တော်သဘောကျရတဲ့ ဆရာ့ရဲ့ မိသားစုအဖွဲ့ လက်ရာမွန်တွေပါ
# Ye Pyae Phyo
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137