ဆရာမင်းလူ၏ "ရယ်မောခြင်းလက်ကျန်"
စာအုပ်၏ အမှာစာတွင် " ကျွန်တော်သည် သဘာ၀ နှင့် ဟာသ၀တ္တုကလေးများကို ရေးသားပြီး စာအုပ်အဖြစ်ထုတ်ေ၀ခဲ့သည်။ ထိုစာအုပ်များတွင်မပါဘဲ ကျန်ခဲ့သော သီးခြားဇာတ်လမ်း တစ်ပုဒ်စီအဖြစ် ရေးထားသော ၀တ္တုများကို "ရယ်မောခြင်းလက်ကျန်"
ဟုအမည်ပေးကာ စုစည်းတင်ဆက်လိုက်
ပါသည် " ဟု ဖော်ပြထားပါသည်။
ဤစာအုပ်တွင်....
_ နေပူမိုးရွာ
_ ကူညီပါရစေ
_ ဘုန်းကြီးပါးစပ်
_ ဒုံရင်း ဒုံရင်း ဟူသည့် ၀တ္တုလေးပုဒ်ပါ၀င်
သည်။
× × × × × × ×
၁။ [ နေပူမိုးရွာ ]
"သူတို့ကိုယ်သူတို့ ငတက်ပြား အုပ်စုဟု
ခေါ်ကြသည်။ ဟိုးရှေးရှေးက စူပါသူခိုးကြီး
ငတတ်ပြားကို အားကျပြီး မှည့်ခေါ်ထားခြင်း
ဖြစ်သည်။ "
ဤ၀တ္တုတွင် ....
ဘကြိုင်
မဟာကာဘောလိပ်
စူဠကာဘောလိပ်
မှော်ဆရာ
ပုရစ်
ကြောင်လိမ်လှေကား
အုန်းဆံနီ
ကြွက်စုတ် ဟူသည့် အကျဉ်းကျနေသော
သူခိုး ၆ယောက်သည် သူတို့ သူခိုးဘ၀တုန်းက
သူများအိမ်တွေမှာ ၀င်ခိုးရာတွင် ကြုံခဲ့ရ
သောအတွေ့အကြုံအလွဲများ၊ ငိုအားထက်
ရယ်အားသန်ခဲ့ရသော အဖြစ်အပျက်များကို
အခြင်းခြင်း အပြန်အလှန်ပြောပြ နေပုံကို
ရေးသားထားသည်။
ဆရာ ရေးသားနေကြ ပုံစံအတိုင်းပင်
အပျော် အမြူးကလေးများနှင့် ခပ်သွက်သွက်
ရေးထားသဖြင့် သူတို့ ၆ယောက်၏ အဖြစ်အပျက်များသည် စာဖတ်သူတို့အား ပျော်ရွှင်စေ၊
လန်းဆန်းစေ မည်မှာအမှန်ပင်ဖြစ်သည်။
[ ရယ်စရာမောစရာစာအုပ် ၁၉၈၇ဒီဇင်ဘာ
၁၉၉၅ဇွန် ]
× × × × × × ×
၂။ [ ကူညီပါရစေ ]
" တချို့လူများသည် စောရနက္ခတ်ခေါ် သူခိုး
နက္ခတ်နှင့် ယှဉ်ပြီးမွေးေသာကြောင့် သူများ
ပစ္စည်းကို မခိုးရလျှင် မနေနိုင်ဟုဆိုသည်။
အောင်ဘာလေကတော့ ဘာနဲ့ယှဉ်ပြီး
မွေးခဲ့သလဲမသိ။ ကူညီနက္ခတ်ဆိုတာ ရှိလျှင်
တော့ အဲဒါနှင့် ယှဉ်ပြီးမွေးတာဟု ပြောရ
ပေလိမ့်မည်။ "
ဤ၀တ္တုတွင် ....
အောင်ဘာလေဆိုသော လူငယ်လေးသည်
မကူညီရမနေနိုင်ဟုပင် ပြောရလောက်အောင်
လူတိုင်းကို အကူအညီပေးချင်နေသော
သူတစ်ယောက်။ ကူညီစရာမရှိရင်တောင်
တွေ့အောင်ရှာတတ်သူ တစ်ယောက်
ဖြစ်သည်။
သူအကူအညီပေးလိုက်လျှင်
အဆင်ပြေသွားတာရှိသလို အလွဲတွေဖြစ်သွား
တတ်တာလည်း မကြာခဏပင်။
ဘယ်လိုပင် လွဲချော်သွားပါစေ
ကူညီရတာကြိုက်တဲ့ သူ့ဗီဇကို မစွန့်
လွှတ်နိုင်ပေ။
ခုနှစ်ရက် သားသမီး တွေကိုကူညီရင်း
ဘယ်လို အလွဲတွေ ဖြစ်မလဲ။
သူ့အတွက် ဘာတွေ အဆင်ပြေသွားမလဲ
ဆိုတာကို ရယ်မော ပျော်ရွှင်စွာ
ဖတ်ရမှာဖြစ်သည်။
[ ငိုအားနှင့်ရယ်အားစာအုပ်
၁၉၉၆ခုနှစ်၊ ဇွန် ]
× × × × × × ×
၃။ [ ဘုန်းကြီးပါးစပ် ]
" ဦးလင်္ကာကျောင်းမှာ စာသင်သားအဖြစ်
နေရတာ လွယ်တယ်များမှတ်နေလား။
ခပ်ချောင်ချောင်နေရ စားရမယ်မှတ်လို့
၀င်လာတဲ့သူတွေတော့ သုံးလေးရက်လောက်
နဲ့ လူထွက်ပြီး ပြေးမှာအမှန်ပဲ။ "
ဤ၀တ္တုတွင်...
ဆရာမင်းလူက ဘုန်းကြီးတစ်ပါး နေရာမှ
၀င်ရောက်ရေးသား ထားခြင်းဖြစ်သည်။
သူတို့ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့
စာချဆရာတော် ဦးလင်္ကာနှင့် ဒကာဒကာမ
များ၏ သဟဇာတမဖြစ်မှုတွေ၊ ဆရာတော်ရဲ့
စေ့စပ်သေချာပုံတွေကို ဟာသနှော၍ ရေး
ထားသည်။
ထိုမျှမကသေး...
ဆရာတော်ဦးလင်္ကာထံတွင် တပည့်
လက်ထောက်အဖြစ် အတော်နေခဲ့ပြီး ဆရာ
တော်၏ မိန့်ကြားမှုဖြင့် ကျောင်းတစ်ကျောင်းတွင် တစ်နှစ်လောက် ကျောင်းသွားထိုင်ရာ သူနှင့် ထိုရွာခံများ၏ ခွကျကျ အဖြစ်အပျက်များကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး
ဖတ်ရမည် ဖြစ်သည်။
[ ငိုအားနှင့်ရယ်အားစာအုပ်
၁၉၉၆ခုနှစ်၊ ဇွန် ]
× × × × × × × ×
၄။ [ ဒုံရင်း ဒုံရင်း ]
" သူတို့သုံးယောက်မှာ နာမည်တွေကိုက
တလွဲတချော် ဖြစ်နေကြ၏။
အကြီးဆုံးဘိုကေ ဆိုတာက ကတုံးနှင့်
အလတ်ကောင် တတ်ပုက
အရပ်အရှည်ကြီး။ အငယ်ကောင်
သက်ရှည်ကတော့ ပုပုလေး။ "
ဤ၀တ္တုတွင်...
ဘိုကေ တတ်ပု နှင့် သက်ရှည်တို့
ညီအစ်ကို သုံးယောက်ဟာ အိမ်သာကျင်း
တူးရင်း ရတနာမြေပုံတစ်ခုကို မထင်မှတ်ဘဲ
တွေ့ခဲ့ရသည်။ ထိုအခါ ထိုမြေပုံအတိုင်း
ရတနာ ရှာဖွေရန် မန္တလေးကို တတ်ခဲ့ကြ
သည်။
မြို့ရောက်သောအခါ တောသားမြို့တတ်
ဆိုသည့်အတိုင်း မြို့နှင့်သဟဇာတ မဖြစ်မှု
တွေကြုံကြရပုံ များနှင့် မသမာသူ
တို့နှင့် ရင်ဆိုင်ကြရပုံတွေကို ဟာသနှော၍
ရေးထားသည်။[ ရယ်မောခြင်းနှင့်ရယ်စရာ
စာအုပ် ၁၉၉၇ ဒီဇင်ဘာ ]
#မောင်
#၀တ္တုတိုဖတ်ညွှန်း
#Savethelibrary