Book Image

ဝီလျံဆွန်မာဆက်မွန်၏ ဝတ္ထုတိုသုံးပုဒ်

ဦးဘသန်း(မဟာဝိဇ္ဇာ)

ဝီလျံဆွန်မာဆက်မွန်၏ ဝတ္ထုတိုသုံးပုဒ် 

( Three Short Stories by William Somerset Maugham) 
ဘာသာပြန်သူ - ဦးဘသန်း (မဟာဝိဇ္ဇာ) 

ဝတၳုတိုတွေရေးဖွဲ့ရာမှာ သတင်းကြီးလှတဲ့ Somerset Maugham ရဲ့ The Fall of Edward Bernad, Honolulu နဲ့ The Mother တို့ကို ဆရာကြီး ဦးဘသန်းရဲ့ ပြေပြစ်ချောမွေ့တဲ့ မြန်မာပြန်စကားပြေအရေးအသားနဲ့ ဖတ်ရှုခွင့်ရပါတယ်။ သုံးပုဒ်စလုံးက တစ်မျိုးလေးနဲ့ ရသတစ်မျိုးစီပေးတယ်။


ပထမတစ်ပုဒ်က အက်ဒွပ်ဘားနက်၏ ကျဆုံးခြင်းပါ။ အက်ဒွပ်ဘားနက်ဆိုတဲ့လူတစ်ယောက် ရုပ်ဝတၳုစည်းစိမ်ချမ်းသာတွေရဲ့ နှောင်ဖွဲ့သွေးဆောင်မှုတွေက ရုန်းထွက်လို့ ဘဝရဲ ့အလှတရားအမှန်ကို ရှာဖွေခံစားရင်း ပိုင်ဆိုင်မှုနည်းနည်း အပူအပင်နည်းနည်းနဲ့ ဖြတ်သန်းနေထိုင်သွားဖို့ ရွေးချယ်လိုက်တဲ့အကြောင်းလေး။ ဒါကို ဂုဏ်သိမ်တွေနဲ့ အက်ဒွပ်တို့ အသိုင်းအဝိုင်းက " သနားစရာအက်ဒွပ် " လို့ တစ်မျိုး စာရေးဆရာက " အက်ဒွပ်ကျဆုံးခြင်း " လို့ တစ်ဖုံ အသီးသီး ခေါင်းစဉ်တပ်ကြပေမယ့် အက်ဒွပ်တစ်ယောက် တကယ်ကျဆုံး၏ မကျဆုံး၏ဆိုတာကိုတော့ ကျနော်တို့စာဖတ်သူတွေ အတွေးပွားရမှာပါ။


ဒုတိယတစ်ပုဒ်ကတော့ ဟိုနိုလူလူ။ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုကို သမမျှတစွာရောနှောဖြစ်တည်နေတဲ့ ဟိုနိုလူလူမြို့မှာ ဇာတ်အိမ်တည်ထားတယ်။ သဘောၤကပ္ပတိန် တစ်ဦးဖြစ်တဲ့ ဘတ္တလာမှာ ပူပူနွေးနွေး ဇနီးချောလေးတစ်ယောက်ရှိလေတယ်။ အဲ့ဒီဇနီးချောလေးကို သူ့ရဲ့သဘောၤပဲ့နင်း ဘနားနားဆိုသူက ကြိုက်ပါလေရော။ ဒီလိုနဲ့ ဘတ္တလာနဲ့ ဘနားနား ကွိုင်တွေတင်။ ဘနားနားက ဘတ္တလာကို အောက်လမ်းနည်းနဲ့ သေတဲ့အထိ ကျိန်စာတိုက်လေတယ်။ အနောက်တိုင်းအယူအဆအရဆိုရင်တော့ ကျိန်စာတွေဘာတွေဆိုတာ အာပလာပဲ။ ဘတ္တလာသည်လည်း အိပ်ရာပေါ် ဗုန်းဗုန်းလဲ။ စားမဝင် အိပ်မပျော် သေလုမျောပါးဖြစ်လာသည်အထိ ဒါတွေကို မယုံကြည်ဘူး။ ဆရာဝန်ဆီသွားပြတော့လည်း သူ့ရောဂါကို အဖြေရှာမရခဲ့ပြန်ဘူး။ တစ်ခုခုတော့ ထူးနေပြီ။

နောက်ဆုံး အပုဒ်က အမေ။ တစ်ဦးတည်းသော သားကို သဲသဲလှုပ်ချစ်တဲ့အမေ။ သားအတွက်နဲ့ ဆိုးပေတဲ့ လင်ယောကျ်ားကို ဒုက္ခခါးစည်းခံပြီးပေါင်းခဲ့တဲ့ အမေ။ သားကို သဲကြီးမဲကြီးရိုက်နေတာမြင်ရတော့ နှလုံးသားတွေကြေမွရတဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံး လင်ကိုသတ်ပြီး ထောင်ထဲဝင်ခဲ့တဲ့အမေ။ အဲ့ဒီ မေမေ့နာမည်က အန်တိုနီယာဆန်ချေ။ 

ဝတၳုတိုသုံးပုဒ်က အရသာတစ်မျိုးစီပါ။ ဖတ်ပြီးသွားတဲ့အခါ ရင်ထဲတွေးစရာလေးတွေ ကျန်ခဲ့တာကလည်း ဆရာကြီး Somerset Maugham ရဲ့ အနုပညာအစွမ်းဖြစ်ပါလိမ့်မယ်။

#Savethelibrary
#ဘာသာပြန်၀တ္တုတိုဖတ်​ညွှန်​း
#MmPt


Publisher Name: Black Swam


Related Books

Book Review Image

အတာ

သာဓု
Book Review Image

မီ

ကြည်အေး
Book Review Image

ခုနစ်အိမ်တန်းကမဂျမ်းဘုံ

ချစ်ဦးညို
Book Review Image

တောင်ပံမဲ့ငှက် လေထဲပျော်

မောင်ထွန်းသူ
Book Review Image

တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့

စမ်းစမ်းနွဲ့(သာယာဝတီ)
Book Review Image

လရိပ်ပိုးမျှင်

သော်တာအေးလဲ့
Book Review Image

မစပ်သောငရုတ်

မစန္ဒာ
Book Review Image

Rosella

မယ်လွင့်
Book Review Image

မြစိမ်းပြာကမာရွတ်

နုနုရည်အင်းဝ
Book Review Image

အချစ်များစွာနဲ့ပါ ဆရာ

တင်မောင်မြင့်
Book Review Image

ရယ်​​မောခြင်​းလက်​ကျန်​

မင်းလူ
Book Review Image

ဘိုင်စကယ်သူခိုးများ (ရုပ်ရှင်ဇာတ်ညွှန်း)

မြသန်းတင့်
Book Review Image

မင်းသုဝဏ်၏ ဝတၳုတိုများ

မင်းသုဝဏ်
Book Review Image

ရေဝေး ထိန်ပင် ထားဝယ်ချောင်

သန်းမြင့်အောင်
Book Review Image

ဘ၀ဟူသည်​

နတ်နွယ်
Book Review Image

အညတရရုပ်ပုံလွှာများ

မြသန်းတင့်
Book Review Image

ကိုယ်​​တွေ့ဝတ္ထုတိုများ

ဦးဖိုးကျား
Book Review Image

ရင်ထဲကဆောင်းရာသီ

မင်းလူ
Book Review Image

သူစိမ်းတွေကြားမှာ

နုနုရည်အင်းဝ
Book Review Image

နေခြည်ဖြာ၍ လင်းစေသား

ချစ်ခိုင်စံ