" ငရုတ်သီးဖြစ်ပြီး မစပ်ရင် ဒီငရုတ်သီးဟာ တာဝန်မကျေတဲ့ ငရုတ်သီးပဲ "
ဒုက္ခဆိုတဲ့ဖွားဖက်တော် လောကဒဏ်ကို ကြံကြံခံရင်၊ မပြည့်စုံသော ဘဝမှကြီးပြင်းလာခဲ့သည့် . . . မနွဲ့ရည် . . .
ဖခင်ကျောင်းဆရာ ကျေးဇူးကြောင့် " မရှိတာ ရှက်စရာမဟုတ် " ဆိုတဲ့ သဘာဝရဲ့လက်ဆောင်နှင့်အတူ
မာန၊ သတ္တိ၊ အားမာန်၊ ယုံကြည်မူ ဆိုတဲ့ မိတ်ဆွေစစ်တွေနဲ့ ကြီးပြင်ခွင့်ရသည့် . . . မနွဲ့ရည် . . .
ဇာတ်ဆရာအလိုကျ စက်မူ ( စိုက်ပျိုးရေး )တတ်ပြီး၊
ကျောင်းမပြီးခင်မှာပင် နှစ်ဖက်မိဘတွေ သဘောမတူသည့်ကြားက အိမ်နီးချင်း (၂)နှစ်လောက်မျှငယ်သူ ထွန်းထွန်းနှင့် အိမ်ထောင်ကျသည်။
ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နှင့် ချဉ်ပေါင်ဟင်းထဲ ရှားရှားပါးပါး ပါသော ပုစွန်ကိုကျော့ပြီး ထွန်းထွန်းစား နွဲ့ရည်စားနဲ့ ပုစွန်က ဟိုဘက်ရာက် ဒီဘက်ရောက်တာကို ကြည့်နူးပျော်နေရရှာတဲ့ ဘဝ...
ကလေးနို့တိုက်ကာ စာကျက်ရင်း နောက်ဆုံးနှစ် စာမေးပွဲကို ပထမ ရအောင်ဖြေခဲ့သည် . . . နွဲ့ရည် . . .
သစ္စာမရှိသူတို့သွားရာလမ်း လျှောက်တဲ့ ထွန်းထွန်းသည် သမီးတစ်ယောက် လက်ဆောင်ပေးပြီးထားခဲ့သော်လဲ . . .
ကီလီဈေး ငါးစိမ်းတန်းတွင် ငါးပွဲစားလုပ်ရင် မိသာစုတာဝန်းထမ်းခဲ့သည်။
အရင်တုန်းကတော့ အင်ဂျီနီယာ မနွဲ့ရည် . . .
အခုတော့ ငါးပွဲစား မနွဲ့ရည် . . .
ဘယ်သူ ဘာပြောချင်သေးလဲ . . .
ဘာဖြစ်သေးလဲ . . . ကဲ . . .
" ဦးနှောက်ကို အကန့်လုပ် အခန်းဖွဲ့ပြီး သင်းခဲ့တဲ့ပညာတွေကို သိမ်းထားပါတယ်၊ အခွင့်အခါသင့်ရင် အခြေအနေပေးရင် ထုတ်ပြီး အသုံးချချင်းပါသေးတယ်" ဆိုတဲ့
နွဲ့ရည်လို မစပ်တဲ့ငရုတ်တွေ မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေဦးမှာလဲ . . . #
စာဖတ်သူသာ နွဲ့ရည် ဖြစ်သွားမယ်ဆို . . .
ငိုမှာလား ရယ်မှာလားနဲ့ သုတတွေ ပေးမဲ့စာအုပ်ကောင်းလို့ပဲ ပြောပါရစေ . . . #
. . . ကျောင်းဆရာလခနဲ့ မိသာစုစားဝတ်နေရေ မလောက်ငှကြောင်း . . .
. . . ဗိုလ်ချူပ်ဆိုတာ ဘယ်သူလဲမေးမဲ့အခြေအနေတွေ . . .
. . . ကျောင်းပြီးဘွဲ့ရ တတ်တဲ့ပညာနဲ့ အသက်မွေးဝမ်းကြောင်းခွင့်မရှိတဲ့ အခြေအနေတွေ . . .
ဆရာမက ကြိုးတင်မှန်ဆပြီး ကလောင်းစွမ်းလေးနဲ့ တီခေါက်ပြသွားတယ်ဆိုတာကို စာဖတ်သူတွေ ကွက်ကွက်ဖမြင်ရမယ်လို့ ယုံကြည်ပါတယ်ပြောရက် ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ . . . #
#မောင်လမ်း( ဧရာဝတီ )
#မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်တွင် ငှါးဖတ်နိုင်ပါသည်