တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့
တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့ပါလို့ဆိုတဲ့ မိန်းကလေးတစ်ဦး၏ ဘဝအခက်အခဲ လောကဓံကို ကြံ့ကြံ့ခံ၍ ရင်ဆိုင်ဖြတ်သန်းခဲ့ပုံများ
ဆယ်တန်းမှာထူးချွန်စွာအောင်မြင်ခဲ့သော မေမေခင်
သာမန်စက်ချူပ်သမလေးဘဝနှင့်ရပ်တည်နေရာမှ
စာရေးဦးဖုန်းမြင့်နဲ့ ချစ်ကြိုက်သည်
လက်ထပ်ခါနီးမှ တခုလပ်ယောကျ်ားမှန်းသိသွားပြီး ရှက်စိတ်မွှန်ကာ မွေးရပ်မြေကိုစွန့်ခွာလာခဲ့သည်
ရန်ကုန်သို့သွားသော ရထားပေါ်တွင် ခါးပိုက်နှိုက်ခံရပြီး လက်မှတ်မဲ့စီးနင်းမှုနှင့် ထောင်ထဲရောက်လုဆဲဆဲတွင် ကယ်တင်သူပေါ်လာ၍ ဘဝတစ်ဆစ်ချိူးခဲ့ပြန်သည်
ကျေးဇူးရှင်၏လုပ်ငန်းကို ကြိုးစားလုပ်ကိုင်ပြီး အဆင်ပြေချောင်လည်လာသည်
ဘဝကိုကြိုးကြိုးစားစား ရပ်တည်နေသော်လည်း
ထောင်ထဲသို့ တဖန် ရောက်ရပြန်၏
ထိုမှ ဂျင်မ်အာလီဆိုသော လူမျိုးခြားတစ်ယောက်၏ သိမ်းပိုက်မှုကို ခံလိုက်ရပြီး မယားငယ်ဘဝသို့သက်ဆင်းသွားရရှာသည်
မေမေခင်သည် မယားငယ်မဖြစ်ချင်၍ အိမ်ပြေးလုပ်လာခဲ့သော်လည်း လူမျိူးခြားနဲ့မှစော်ကားခံရကာ မယားငယ်ဘဝသို့ရောက်ရပြန်သည်
မေမေခင်သည် ကျောင်းပညာအတန်အသင့်ပြည့်စုံထားပြီးသူ
ဘဝနေနည်းပညာကို အသုံးချပြီး
သူမ ရွံရှာလှသော
လူမျိုးခြား၏ မယားငယ်ဘဝမှ ရအောင်ရုန်းထွက်ပြသည်
ယခုဝတ္တုမှ မေခင့်ဇာတ်ရုပ်မှာ လှုပ်ခတ်လွန်း၍
စာဖတ်သူမှာ မေခင်ကံကောင်းလျှင် ရယ်ရမလို
မေခင်ကံဆိုးတဲ့အခိုက် မောရသလို ခံစားရပေလိမ့်မည်
ဘဝကိုအရှုံးမပေးဘဲ ရပ်တည်သွားသော မေခင်၏စကားတစ်ခွန်းသည် အခရာပင်ဖြစ်သည်
"တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့ပါ"
တန်ဖိုး-၂၅၀၀ကျပ်
စာအုပ်တိုက်-အလင်းသစ်စာပေ
ထုတ်ဝေသည့်ခုနှစ် - ၂၀၁၂ တတိယအကြိမ်
စာမျက်နှာ-၃၀၈ မျက်နှာ
#မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်
#IP