Book Image

နေခြည်ဖြာ၍ လင်းစေသား

ချစ်ခိုင်စံ

နေခြည်ဖြာ၍ လင်းစေသား 

စာရေးသူ - ချစ်ခိုင်စံ
တန်ဖိုး - ၆၀၀၀ ကျပ်
စာမျက်နှာ - ၂၇၂ မျက်နှာ

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် မှာယူလိုသူများအတွက်လင့်ကိုနှိပ်ပြီးမှာယူနိုင်ပါသည်

ဖုန်း - 09757624855 ၊ 09795969686



ဆရာ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည် လို့ ဆိုပါတယ်။ ပြီးတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ .. စတဲ့ နာ ၃ နာနဲ့ ပြည့်စုံမှ ဆရာကောင်းလို့ ဆိုကြပါတယ်။ စာရေးဆရာ ချစ်ခိုင်စံရဲ့ နေခြည်ဖြာ၍ လင်းစေသား ဝတ္ထုမှာ ၂၁ ရာစု ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရသမြောက်စွာ ဖတ်ရှုရမှာပါ။ 

.
.
ကိုမျိုးချစ်ဟာ မြို့လေးတစ်မြို့က စီးပွားရေးသမားတစ်ဦးရဲ့ သား။ ဖခင်က သားတော်မောင်ကို သူ့ရဲ့ အလုပ်ကို ဆက်လက်ဦးစီးစေချင်တယ်။ အခြေခံပညာအဆင့် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်လာသူ၊ စီးပွားရေး လုပ်ငန်းရှိတဲ့ မိသားစုကနေ ဆင်းသက်သူ မျိုးချစ်ဟာ ဖခင်ဆန္ဒကို လွန်ဆန်ကာ ဝါသနာရဲ့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ပြီး ကျောင်းဆရာဖြစ်လာခဲ့တယ်။ နာ ၃ နာကို အခြေခံပြီး ဝါသနာပါလွန်းလို့ ကျောင်းဆရာဖြစ်လာတဲ့ မျိုးချစ်တစ်ယောက် ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းမှာတင် လက်တွေ့ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါရောလား။ 
.
.
မျိုးချစ်ဟာ ဝါသနာပါလွန်းတဲ့ ကျောင်းဆရာ အလုပ်ကို လုပ်နေရတဲ့အတွက် ပထမဆုံး ဝင်ရတဲ့ မြို့ပေါ်က ကျောင်းမှာတင် ဆရာ ဆရာမချင်း မာနပြိုင်ပွဲ၊ အထက်လူကြီးနဲ့ အလျှော့အတင်း၊ ကျောင်းသားကို ဆုံးမတာ မိဘက မကျေနပ်တဲ့ ကိစ္စ၊ ကျူရှင်နဲ့ ဆရာ၊ ကျောင်းအားကစား၊ အုပ်ချုပ်ရေးနဲ့ ဆရာ၊ စတာတွေကို ရင်ဆိုင်ခဲ့ရတယ်။ မျိုးချစ်ဟာ နာ ၃ နာကို အခြေခံပြီး ပထမဆုံး ကျောင်းဆရာဘဝမှာ ကြုံရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့လျားပြီး မျိုးချစ်တစ်ယောက် ရာထူးတိုးလျှောက်တာ အောင်မြင်လို့ ပဲခူးရိုးမ အစပ်နား ရွာတစ်ရွာဖြစ်တဲ့ ...ထ(ခွဲ)ဝါးစိမ်းတော ကျောင်းမှာ အထက်တန်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ အဲ့ဒီရွာလေးဟာ ပဲခူးရိုးမရဲ့ အစပ် ခေါင်လွန်းတဲ့နေရာဖြစ်ပြီး ငှက်ဖျားကြမ်းတယ်။ တစ်ခါတရံ တောဆင်ရိုင်းတွေ မျက်စိလည်ပြီး ရောက်လာတတ်တာမျိုး ဖြစ်တဲ့အထိ ခေါင်တဲ့ ဒေသ။ ဒီလိုဒေသကို မြို့ပေါ်က စာပေဝါသနာရှင် တဖြစ်လည်း စာရေးဆရာပေါက်စ ကိုမျိုးချစ်ဟာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ 
.
.
နေခြည်ဖြာ၍ လင်းစေသားမှာ စာရေးဆရာ ချစ်ခိုင်စံ ရေးဖွဲ့တဲ့ ၂၁ ရာစု ကျောင်းဆရာ ကိုမျိုးချစ်ရဲ့ ကျောင်းဆရာဘဝကို စာဖတ်သူတို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်ဟာ စာရေးဆရာ ချစ်ခိုင်စံရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုဖြစ်သလို ပထမဝတ္ထုဖြစ်တဲ့ ရွက်ခြောက်တုန်းကလိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို အပေါ်ယံ မဟုတ်ဘဲ ရင်ဘတ်ထဲထိ မြင်ရအောင် ရသမြောက် ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

အညွှန်း - မဟာစာပေ


Publisher Name: မဟာစာပေ

Publisher Address: အမှတ်​ (၆၃_B)၊ ၅_လွှာ (A)၊ အင်​ကြင်​းလမ်​း၊ သု၀ဏ္ဏ၊ သင်္ဃန်​းကျွန်​းမြို့နယ်​၊ ရန်​ကုန်​မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။

Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။


Related Books

Book Review Image

အတာ

သာဓု
Book Review Image

မီ

ကြည်အေး
Book Review Image

ခုနစ်အိမ်တန်းကမဂျမ်းဘုံ

ချစ်ဦးညို
Book Review Image

တောင်ပံမဲ့ငှက် လေထဲပျော်

မောင်ထွန်းသူ
Book Review Image

တစ်ကောင်တည်းပဲ ဒါပေမဲ့ခြ င်္သေ့

စမ်းစမ်းနွဲ့(သာယာဝတီ)
Book Review Image

လရိပ်ပိုးမျှင်

သော်တာအေးလဲ့
Book Review Image

မစပ်သောငရုတ်

မစန္ဒာ
Book Review Image

Rosella

မယ်လွင့်
Book Review Image

မြစိမ်းပြာကမာရွတ်

နုနုရည်အင်းဝ
Book Review Image

အချစ်များစွာနဲ့ပါ ဆရာ

တင်မောင်မြင့်
Book Review Image

ရယ်​​မောခြင်​းလက်​ကျန်​

မင်းလူ
Book Review Image

ဘိုင်စကယ်သူခိုးများ (ရုပ်ရှင်ဇာတ်ညွှန်း)

မြသန်းတင့်
Book Review Image

မင်းသုဝဏ်၏ ဝတၳုတိုများ

မင်းသုဝဏ်
Book Review Image

ရေဝေး ထိန်ပင် ထားဝယ်ချောင်

သန်းမြင့်အောင်
Book Review Image

ဝီလျံဆွန်မာဆက်မွန်၏ ဝတ္ထုတိုသုံးပုဒ်

ဦးဘသန်း(မဟာဝိဇ္ဇာ)
Book Review Image

ဘ၀ဟူသည်​

နတ်နွယ်
Book Review Image

အညတရရုပ်ပုံလွှာများ

မြသန်းတင့်
Book Review Image

ကိုယ်​​တွေ့ဝတ္ထုတိုများ

ဦးဖိုးကျား
Book Review Image

ရင်ထဲကဆောင်းရာသီ

မင်းလူ
Book Review Image

သူစိမ်းတွေကြားမှာ

နုနုရည်အင်းဝ