Book Image

ကကြီးခခွေးကစားပေး

တင်မိုး

တင်မိုး

(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/286/show

ကကြီးခခွေးကစားပေး

စာမျက်နှာ ၈၆မျက်နှာ

အရွယ်အစား ၁၈ x ၂၆ စင်တီမီတာ
အတွင်းပန်းချီ ကာလာ ၃၄ပုံ
ပန်ချီဆရာမောင်ဒီ
စာအုပ်တန်ဖိုး (၃၀၀၀) ကျပ်

စာကြည့်တိုက်ဝန်ဆောင်မှုနှင့်စာအုပ်ထုတ်ဝေရေးတိုက်Pageများစုစည်းထားတဲ့ ဗဂျီအိမ်စာပေ လင့်





ကကြီးခခွေးကစားပေး

တင်မိုး

အမေ့ရင်ခွင်က ကျောင်းခန်းရင်ခွင် လှမ်းဝင်စ ကလေးသူငယ်တွေအဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ သူ့ခမျာမှာလည်း အကူးအပြောင်းကာလပေကိုး။
ဒီအခက်အခဲတွေကို ပျော်ပျော်ရွှင်ရွှင် ကျော်လွန်နိုင်အောင် "ကကြီးခခွေးကစားပေး" စတဲ့ ကဗျာကလေးတွေနဲ့ အကူအညီပေးလိုက်ပါတယ်။
ကစားရင်း၊ တေးဆိုရင်း အက္ခရာတွေရဲ့ ပုံပန်းမှတ်မိအောင် ရေးတတ်အောင် စာကိုခင်မင်လာအောင် ရည်ရွယ်ပြီး ရေးပေးထားပါတယ်။ လက်တွေ့အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
တင်မိုး

ကလေးတွေကို အထင်သေးလို့ မဖြစ်ပါဘူး။ ကလေးဆိုတာ အလွန်ဉာဏ်ကောင်းသကိုး။ ကျောင်းစိမ်းနေတဲ့ အချို့ကလေးတွေတောင် ဆရာမရှေ့မှာ ကဗျာကို လိုက်မဆိုပေမဲ့ အိမ်ကျတော့ ပြန်ဆိုပါသတဲ့။ ဒီလိုနဲ့ ကဗျာလည်းရ စာလည်းရ စာလည်းမသိမသာတတ်ပြီး အများနဲ့လည်း ရောနှောတတ်သွားတာပါပဲ။ ကျောင်းဆိုတဲ့နေရာလေးကို ခင်လာတာပေါ့။
နောက်တော့ ဆရာမက မေးစရာတောင်မလိုတော့ပါဘူး။ ကျောက်သင်ပုန်းပေါ် စာလုံးရေးလိုက်တယ်ဆိုရင်ပဲ ဝိုင်းအော်ဆိုကြသကိုး။ တစ်လလောက်နဲ့ပဲ အက္ခရာတွေကိုမှတ်မိလာပြီ။ မျက်စိယဉ် နားယဉ်လာပြီ။ ဒီလိုယဉ်ပါးနေပြီဆိုရင် လက်ကလည်း ရေးချင်လာတော့တာပါပဲ။ အလိုလို စိတ်ပါလာတော့တာပဲ။
ပုံဆွဲ ဝါသနာပါတဲ့ကလေးတို့၊ ပုံဆွဲ အလေ့အကျင့်ရှိတဲ့ကလေးတို့ဆိုရင် ခဲတံနိုင်ပြီး။ လက်ရဲပြီးမို့ စာအရေးပိုမြန်ပါတယ်။ "ကကြီးခခွေးကဗျာ"တွေဟာ သူတို့အဖို့ အိမ်မှာရော ကျောင်းမှာရော ဆိုချင်စရာ ကစားချင်စရာ ကဗျာ အဖော်ကောင်းတွေ ဖြစ်သွားတော့တာပါပဲ။
မြင့်မြင့်စန်း
အမေ့ကျောင်း မူလတန်းပျိုးခင်း



Publisher Name: the key collection press

Publisher Address: ၅(ခ) ၅လွှာ ဒဂုံတာဝါ ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်။ ဖုန်း ၀၁-၅၅၈၁၆၁၊၀၉-၂၅၂၆၅၇၆၅၂

Publisher Phone Number: 01558161,09252657652


Related Books

Book Review Image

အတာ

သာဓု
Book Review Image

ဂျေရုဆလင်

ကျော်စိုးလွင်
Book Review Image

အဖေထိန်း ကရိယာ

လင်းထိုက်
Book Review Image

ဘာသာပြန်ကလေးစာအုပ် ၄ အုပ်

လင်းသုအိမ်
Book Review Image

ဥယျာဉ်မှူး

ဖိုး၀လုံး
Book Review Image

ငတိလေးရဲ့ ဒိုင်ယာရီ

သန့်ရှင်း
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၁

ဦး​အောင်​
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၃

ဦး​အောင်​
Book Review Image

ဆရာရ​သေ့၏တမာရွက်​ဥပမာ

Dr.Min Le Yi
Book Review Image

​ဒေါင်​း​ယောင်​​ဆောင်​​သောကျီး

Dr.Min Le Yi
Book Review Image

အ​နော်​ရထာမင်​း

Dr.Min Le Yi
Book Review Image

လှျို့ဝှက်ခုနစ်ဖော်

သီရိ