Book Image

အဖေထိန်း ကရိယာ

လင်းထိုက်

#အဖေထိန်းကိရိယာ

ဒီကလေးကဗျာ(ဘာသာပြန်)စာအုပ်ကလေးကို မိဘတွေက စိတ်ဝင်စားသင့်တယ်နော်။ 

ကလေးတွေအတွက် ဝယ်ပေးသင့်တယ်။ 
ကလေးနဲ့အတူတူ ဖတ်သင့်တယ်။

ဒီစာအုပ်ကလေး စာမူကြမ်းဘဝမှာတင် ကျွန်တော်ဖတ်မိပြီး ကြိုက်သွားလို့ နိုဘယ်-မြန်မာစာပေပွဲတော်(၂၀၁၆) ကိုရောက်တာနဲ့ အရင်ဦးဆုံး ဒီစာအုပ်ကို ရှာဝယ်ခဲ့တာ။ 

ဒီကဗျာစာအုပ်ကို ဖန်တီးတဲ့ Shel Silverstein(1930-1999) က အမေရိကန်(ဂျူး) စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ သီချင်းရေးဆရာ၊ ပြဇာတ်ရေးဆရာ ဖြစ်ပါတယ်။ 

သူ့စာအုပ်တွေကို ဘာသာစကားပေါင်း ၃၀ ကျော်နဲ့ ဘာသာပြန်ဆိုထားပြီး စာအုပ်ပေါင်း သန်း ၂၀ ကျော် ရောင်းချခဲ့ပြီးပါပြီ။

ဒီကဗျာစာအုပ်က Shel Silverstein ရဲ့ Falling Up ( ၁၉၉၆ ခုနှစ်ထွက်ရှိ) နဲ့ A Light in the Attic (၁၉၈၁ ခုနှစ်ထွက်ရှိ) ကဗျာစာအုပ်နှစ်အုပ်ထဲက သင့်ရာကောက်နုတ်စုစည်း
လင်းထိုက် ဘာသာပြန်ထားတဲ့စာအုပ်ပါ။ 
ရောင်းဈေး - ၁၀၀၀ ကျပ်

ကဗျာလေးတွေနဲ့ ပုံလေးတွေက ဆက်စပ်နေလို့ ခွဲခြားဖတ်ရှုရင် အရသာမပေါ်လွင်ဖြစ်သွားတတ်ပါတယ်။ ကဗျာကို သူကိုယ်တိုင် ရေးပြီး ပုံလေးတွေကိုလည်း သူကိုယ်တိုင် ဆွဲထားတာပါ။

Cover မှာ ပြထားတဲ့ #အဖေထိန်းကိရိယာ ဆိုတဲ့ကဗျာရဲ့သရုပ်ဖော်ပုံလေးကိုပဲ ကြည့်လိုက်ပါဦး။ အဖေကို ဘယ်လိုထိန်းမလဲ။ အဖေကို ဘာကြောင့်ထိန်းထားချင်တာလဲ။ အဖေထိန်းကိရိယာမှာ ခလုတ်အမျိုးအစား ဘယ်လောက်ပါမလဲ။ ဒီကဗျာဖတ်ပြီးရင် ကိုယ့်ကလေးကကော နောက်ထပ် ဘယ်လိုခလုတ်အမျိုးအစားတွေ ထပ်ဖြည့်စွက်ချင်နေမလဲ။ အဖေ အရက်မသောက်တဲ့ခလုတ်တို့၊ အဖေနဲ့အတူ လမ်းလျှောက်ချင်တဲ့ခလုတ်တို့၊ အဖေ အိမ်ကို စောစောပြန်လာတဲ့ခလုတ်တို့ စသဖြင့်ပေါ့လေ . . . ။ ဆက်တွေးရင် တွေးသလောက် ကျယ်ပြန့်သွားစေမယ့် အိုင်ဒီယာစမ်းသပ်ချက်ကလေးတွေကို ရရှိလာပါလိမ့်မယ်။ 

ကလေးနဲ့ အတူဖတ်ပါ။ ကလေးကို တွေးတတ်လာအောင် လမ်းပြပေးပါ။ ဆရာမလုပ်ပါနဲ့။ ကိုယ့်အမြင်ကို အရင် မပြောပါနဲ့။ ကလေး ပြောလာနိုင်အောင်သာ လမ်းပြပေးပါ။ ကလေးကို ဆရာမလုပ်ဖို့ မိတ်ဆွေတို့ကို ကျွန်တော် ဆရာလုပ်လိုက်ပါတယ် ဟဲဟဲ . . . ။

ဒီတော့ . . . 
ဒီစာအုပ်ထဲက နောက်ထပ်ကဗျာ သုံးပုဒ်ကို ကျွန်တော် ရွေးချယ်ဖော်ပြထားပါသေးတယ်။ မြည်းသွားပါဦး။ နောက်တစ်အုပ် ကျွန်တော် ဆက်ညွှန်းပါဦးမယ်။

#မဝင်ရအိမ် တဲ့။

သူက ဘာဖြစ်လို့ 'မဝင်ရ' အိမ်ကို ဆောက်တာပါလိမ့်။
ဘာလို့ တစ်ယောက်တည်း သီးသန့်နေချင်တာလဲ။
လူစိမ်းတွေ တံခါးလာခေါက်တာကို သူ မကြိုက်ဘူး။ 
အိမ်ကို လာချောင်းတာလည်း သူ မကြိုက်ဘူး။
တံခါးလည်း လုပ်မထား၊ ပြတင်းပေါက်တွေလည်း လုပ်မထားတဲ့ အိမ်။
အဲ . . . 
အဲ . . . သူကော သူ့အိမ်ထဲ ဘယ်လိုဝင်မလဲဗျ။
သူ့အိမ်ကိုလည်း တစ်ချက်ကြည့်ပါဦး။ 

ဖတ်ညွှန်း -လူသာမာန်

Publisher Name: စာနဒီ စာအုပ်တိုက်

Publisher Address: အမှတ်-၉၇၃၊ ပျဉ်းမမြိုင်လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Publisher Phone Number: 095071196, 095071197

Related Books

Book Review Image

အတာ

သာဓု
Book Review Image

ဂျေရုဆလင်

ကျော်စိုးလွင်
Book Review Image

ဘာသာပြန်ကလေးစာအုပ် ၄ အုပ်

လင်းသုအိမ်
Book Review Image

ဥယျာဉ်မှူး

ဖိုး၀လုံး
Book Review Image

ငတိလေးရဲ့ ဒိုင်ယာရီ

သန့်ရှင်း
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၁

ဦး​အောင်​
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၃

ဦး​အောင်​
Book Review Image

ဆရာရ​သေ့၏တမာရွက်​ဥပမာ

Dr.Min Le Yi
Book Review Image

​ဒေါင်​း​ယောင်​​ဆောင်​​သောကျီး

Dr.Min Le Yi
Book Review Image

အ​နော်​ရထာမင်​း

Dr.Min Le Yi
Book Review Image

လှျို့ဝှက်ခုနစ်ဖော်

သီရိ
Book Review Image

ကကြီးခခွေးကစားပေး

တင်မိုး