Book Image

လှျို့ဝှက်ခုနစ်ဖော်

သီရိ

စာအုပ်အမည် - #လှျို့ဝှက်ခုနစ်ဖော်

ဘာသာပြန် - #သီရိ
မူရင်း - #Secret_Seven_Win_Through by #Enid_Blyton
စာအုပ်တိုက် - #ကံ့ကော်ဝတ်ရည်
ပုံနိှပ်မှတ်တမ်း - ၂၀၁၈၊ စက်တင်ဘာ (ပထမအကြိမ်)
စာမျက်နှာ - ၁၁၈
တန်ဖိုး - ၂၀၀၀ ကျပ်
မျက်နှာဖုံးဒီဇိုင်း - #ကိုရဲ



အနောက်နိုင်ငံထုတ် ကလေးစာအုပ်များထဲတွင် အတော်ရောင်းကောင်းသော စာအုပ်တွဲများအနက် အပါအဝင်ဖြစ်သည့် စာအုပ်။ သူတို့နိုင်ငံတွင် ဆယ့်ငါးအုပ်တိတိ ထုတ်ဝေခဲ့သော အဆိုပါစာအုပ်တွဲ၏ ခုနစ်အုပ်မြောက်စာအုပ်ကို မြန်မာပြန်ထွက်လာသည့်အခါ ကျွန်တော် စူးစမ်းချင်စိတ်ဖြင့် ဖတ်ကြည့်မိသည်။ ဇာတ်လမ်းက မဆိုးလှ။ ကလေးတို့အတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ (လူကြီးစာဖတ်သူတို့ကမူ နှစ်သက်နိုင်မည်မဟုတ်သည်မှာ အသေအချာ။)

လှျို့ဝှက်ခုနစ်ဖော် ဆိုသည်မှာ (ပီတာ၊ ဂျဲနက်၊ ဂျက်၊ ပင်မ်၊ ဘာဘရာ၊ ကောလင်း၊ ဂျော့) ကလေးခုနစ်ယောက်၏ စုပေါင်းအဖွဲ့ကလေး ဖြစ်သည်။ ယောကျ်ားလေးက လေးယောက်၊ မိန်းကလေးက သုံးယောက်။ သူတို့ခုနစ်ယောက်က စုရပ်တစ်ခု သတ်မှတ်ပြီး တွေ့ဆုံ ဆော့ကစားလေ့ရိှကြသည်။ စုရပ်ဆီသို့ သူတို့ပိုင်ပစ္စည်းများကိုလည်း ယူလာကာ ထားလေ့ရိှသည်။ စာအုပ်များ၊ စားစရာများ၊ ထိုင်စရာ ကူရှင်များ၊ ဓာတ်မီးများကအစ ယူလာတတ်ကြသည်။ ယခုစာအုပ်တွင်မူ သူတို့ စုရပ်အဖြစ် အသုံးပြုနေသော ဂိုထောင် အဆောက်အအုံကို ဆေးပြန်သုတ်နေသဖြင့် စုရပ်လုပ်ရန် နေရာအသစ်တစ်ခု ရှာခြင်းဖြင့် ဇာတ်လမ်းကို စထားသည်။ အမယ်... ထိုသို့ နေရာရှာသည့်ကိစ္စကိုပင် မဲပေးကာ ရွေးချယ်ကြရသေးသည်။ တစ်ယောက်ချင်းစီ အဆိုပြုသော နေရာများကို မဲခွဲဆုံးဖြတ်ပြီးနောက် မဲအများဆုံးနေရာဖြစ်သည့် ကျောက်ဂူတစ်ခုထဲတွင် စုရပ်လုပ်ရန် အတည်ပြုကြသည်။ 

သို့ဖြင့် စုရပ်နေရာသစ်သို့ သူတို့ခုနစ်ဦး ချီတက်ကာ မိမိတို့အသီးသီး ထားရိှလိုကြသည့် ပစ္စည်းများကိုလည်း တစ်ပါတည်း ယူဆောင်လာကြသည်။ သူတို့ဇာတ်လမ်းတွင် ခွေးကလေးစကမ်ဘာကလည်း စကားမပြောတတ်သောဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်အသုံးတော်ခံထားသေးသည်။ ထိုခွေးလေးမှအပ စုရပ်သို့လာသူတိုင်း စကားဝှက်မှန်အောင်ပြောနိုင်မှ ဂူထဲ ဝင်ခွင့်ရသည်။ ပထမနေ့က အဆင်ပြေသည်။ သူတို့လူစု တူတူပုန်းတမ်း ကစားကြသည်မှာ ပျော်စရာအတိ။ နောက်တစ်နေ့မှာတော့ ထိုသို့မဟုတ်။ ပထမနေ့က ဂူထဲသို့ သူတို့ယူဆောင်လာခဲ့သည့် ပစ္စည်းများ ပျောက်သည့်ဟာပျောက်ကာ ခြေရာလက်ရာပျက်နေ၏။ တန်တော့ သူတို့အပြင် လူစိမ်းတစ်ဦး ဂူထဲသို့ ရောက်ခဲ့ပေပြီ။ ပထမတော့ ဂျက်၏ညီမ ဆူဇီကို သူတို့ထင်ကြသေးသည်။ ဒီကောင်မလေးကလည်း သူတို့အဖွဲ့ကို စပ်စပ်စုစု လုပ်တတ်သည် မဟုတ်လား။

သို့သော် တကယ့်တကယ်တွင် ဂူထဲ ရောက်လာသူမှာ သူတို့ ထင်ထားသလို ဆူဇီ မဟုတ်သောအခါ...

ဂူထဲသို့ လူဝင်လှျင် ဒုက္ခရောက်အောင် ထောင်ချောက်ဆင်ထားသော်လည်း ထိုထောင်ချောက်များ အခြေအနေမပျက်ဘဲ ဂူထဲရိှ သူတို့၏ ပစ္စည်းများသာ ထပ်မံလျော့ပါးလာသောအခါ...

ကျူးကျော်သူကို စုံစမ်းရင်း အမွုအခင်းတစ်ခုကိုပါ ဖော်မိရက်သား ဖြစ်သွားသောအခါ...

စာကို သွက်သွက်ဖတ်နိုင်သည့်အရွယ် ကလေးများနှင့် အထူးသင့်လျော်သည့်အကြောင်း ညွွန်းလိုက်ရပါသည်။

ဤစာအုပ်သည် မြန်မာပြန်သူ၏ ပထမဆုံးလက်ရာဖြစ်ကြောင်း သိရပါသည်။ နောက်စာအုပ်များတွင် ယခုထက်ပို၍ ဖတ်ရချောလာလိမ့်မည်ဟုလည်း မေှျာ်လင့်မိပါ၏။ 

#ကျော်စွာ
၁၈:၅ရ နာရီ
၁၃.၉.၂၀၁၈


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

အတာ

သာဓု
Book Review Image

ဂျေရုဆလင်

ကျော်စိုးလွင်
Book Review Image

အဖေထိန်း ကရိယာ

လင်းထိုက်
Book Review Image

ဘာသာပြန်ကလေးစာအုပ် ၄ အုပ်

လင်းသုအိမ်
Book Review Image

ဥယျာဉ်မှူး

ဖိုး၀လုံး
Book Review Image

ငတိလေးရဲ့ ဒိုင်ယာရီ

သန့်ရှင်း
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၁

ဦး​အောင်​
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၃

ဦး​အောင်​
Book Review Image

ဆရာရ​သေ့၏တမာရွက်​ဥပမာ

Dr.Min Le Yi
Book Review Image

​ဒေါင်​း​ယောင်​​ဆောင်​​သောကျီး

Dr.Min Le Yi
Book Review Image

အ​နော်​ရထာမင်​း

Dr.Min Le Yi
Book Review Image

ကကြီးခခွေးကစားပေး

တင်မိုး