Book Image

ဂျေရုဆလင်

ကျော်စိုးလွင်

ဒီတစ်ခါလည်း Graphic Novel 

ကာတွန်းရုပ်ပြဆရာ Guy Delisle ရဲ့ Chronicles from the holy city ဆိုတဲ့ စာအုပ်ကို ညွှန်းပါရစေ

စာအုပ်အမည်-ဂျေရုဆလင် 
ဘာသာပြန် - ကျော်စိုးလွင်
NDSP (ပထမအကြိမ်)
တန်ဖိုး - 3500 ကျပ်

MSF အဖွဲ့နဲ့ လိုက်ပါခဲ့သူ ဂီးဒလေတစ်ယောက် ဂျေရုဆလင်ကို ရောက်သွားရာကနေ သူ့ထုံးစံအတိုင်း အသောအနှော အနှက်ကလေးတွေနဲ့ ရွှင်စရာ မောစရာ တွေးစရာတွေဖြစ်အောင် ရေးချလိုက်တဲ့ ကာတွန်းရုပ်ပြပါပဲ … ဘားမားခရိုနီကယ်စာအုပ်နဲ့ စပြီးဖတ်ဖူးကတည်းက သူ့လက်ရာတွေကို 
မရမက လိုက်ဖတ်နေမိတော့တယ် 
"ကာတွန်းရုပ်ပြဆိုတာ 
ကလေးတွေအတွက်သက်သက်မဟုတ်ဘူး" 
(ဂီးဒလေ)


ဂျေရုဆလင်အကြောင်း ဖတ်ဖူး သိဖူးတဲ့ လူတွေအတွက် ပိုပြီး ခံစားလွယ်မှာ

နားလည်လွယ်မှာ ဖြစ်သလို ဘာသာရေးပဋိပက္ခတွေနဲ့ အစွန်းရောက်သမားတွေ ဖုံးကွယ်ထားတဲ့ သမိုင်းစာမျက်နှာတွေအကြောင်း သာသာလေးနှက်ထားတာ တွေ့တယ် 

"ခရစ်ယာန်တွေပိုင်တာလား ဂျူးတွေပိုင်တာလား
အစ္စလာမ်တွေပိုင်တာလား ဘယ်သူပိုင်တဲ့ဂျေရုဆလင်လဲ"'

ဂျေရုဆလင်မှာ ဘာသာကြီးသုံးခုဆုံတဲ့နေရာရှိပါတယ်
*မြင့်မြတ်ရာလှိုဏ်ဂူတော်(သခင်ယေရှုရဲ့အုတ်ဂူ)(ခရစ်ယာန်)
*ငိုညည်းရာနိုင်ငံတော်
(ဒုတိယမ္မိကျောင်းတော်ရဲ့အုတ်မြစ်) (ဂျူး)
*သန့်ရှင်းရာဌာနတော်(သို့)ဗိမ္မာန်တော်ကုန်းမြင့်
(တမန်တော်မိုဟာမက် ကောင်းကင်ဘုံသို့ မြင်းပျံကြီးနဲ့ကြွတဲ့နေရာ)
(မွတ်ဆလင်) 

ဂိုဏ်းဂဏကွဲနေတဲ့ ခရစ်ယာန်တွေ အစွန်းရောက်အခြေချနေထိုင်နေတဲ့ ဂျူးတွေ
နယ်မြေကျူးကျော်ခံနေရတဲ့ ပါလက်စတိုင်းတွေနဲ့
အာဏာကုန်ယူထားတဲ့ အစ္စရေးတွေအကြောင်း
လူမျိုးစုပြသနာ ဘာသာရေးပြသနာတွေနဲ့ အမြဲရင်ဆိုင်နေရပြီး 
လက်နက်ကိုင်အဖွဲ့တွေ ဆူပူသောင်းကျန်းတဲ့ လူအုပ်ကြီးတွေထဲ ကာတွန်းဆရာရောက်ခဲ့တယ် … 

ပါလက်စတိုင်းတွေနဲ့ ဂျူးတွေက ရန်စောင်လွန်းလို့ ကောင်းကင်ပိုက်ကွန်လုပ်ထားရတယ် 
ခဲလုံးတွေ တွေ့ကရာတွေနဲ့ပေါက်ရင် လမ်းသွားလမ်းလာတွေကို ထိမှာစိုးလို့ပါတဲ့ … 
နိုင်ငံရေးပဋိပက္ခတွေမှာ အာရုံနည်းလွန်းတဲ့ ကိုယ့်အတွက် မနည်းလိုက်ဖတ်နေရပေမယ့် 
ဖတ်မိသလောက် ကျန်ခဲ့တယ်လို့ ပြောပါရစေ

ဂါဇာကမ်းမြှောင်ဒေသရဲ့ စစ်ပွဲတွေအကြောင်းနဲ့ စစ်အာရုံမြင်ကွင်းတွေနဲ့ ယဉ်ပါးနေတဲ့
ပြည်သူတွေလည်း
လက်နက်ကိုင်ပြီး ပြောင်ပြောင်တင်းတင်း လူအုပ်ကြားမှာ ကော်ဖီဆိုင်မှာ သွားလာနေကြတာ သူ မြင်ခဲ့ရတယ် 

ဂျေရုဆလင်ရဲ့ မွန်မြတ်သန့်စင်မှုဟာ လူ့အသက်စတေးမှုတွေနဲ့ မဆုံးနိုင်တော့တဲ့ ရန်ငြိုးတွေကြား သူ့အတွက် စိတ်ညစ်ညူးစရာဖြစ်ခဲ့ပုံပဲ 

အို အဖဘုရားသခင်
ဘာသာမဲ့တစ်ယောက် ဖြစ်ခွင့်ရလို့ ကျေးဇူးတော်ကိုချီးမွမ်းပါ၏ (ဂီးဒလေ)

ကမ္ဘာ့အနောက်ခြမ်းမှာ ဘာဖြစ်နေလဲဆိုတာ ကမ္ဘာ့အရှေ့ခြမ်းက သိဖို့ မြန်ဆန်နေတဲ့ ခုခေတ်ကြီးမှာ ဒီစာအုပ်လေးလည်းဖတ်ကြစေချင်ပါတယ် 
တွေးစရာတစ်ခုခု ဒါမှမဟုတ် အများကြီး ကျန်ခဲ့မှာပါ

ငှားဖတ်ချင်ရင်တော့ 
မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်မှာ ရပါတယ်
Yangon Book Plaza 
NDSP ရဲ့ စာအုပ်ငှားတဲ့နေရာမှာလည်း ငှားဖတ်နိုင်ပါတယ်တဲ့
ဖတ်ညွှန်းရေးသူ - မေသူထွန်းမြင့်


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

အတာ

သာဓု
Book Review Image

အဖေထိန်း ကရိယာ

လင်းထိုက်
Book Review Image

ဘာသာပြန်ကလေးစာအုပ် ၄ အုပ်

လင်းသုအိမ်
Book Review Image

ဥယျာဉ်မှူး

ဖိုး၀လုံး
Book Review Image

ငတိလေးရဲ့ ဒိုင်ယာရီ

သန့်ရှင်း
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၁

ဦး​အောင်​
Book Review Image

အိပ်​ရာဝင်​ပုံပြင်​များ ၃

ဦး​အောင်​
Book Review Image

ဆရာရ​သေ့၏တမာရွက်​ဥပမာ

Dr.Min Le Yi
Book Review Image

​ဒေါင်​း​ယောင်​​ဆောင်​​သောကျီး

Dr.Min Le Yi
Book Review Image

အ​နော်​ရထာမင်​း

Dr.Min Le Yi
Book Review Image

လှျို့ဝှက်ခုနစ်ဖော်

သီရိ
Book Review Image

ကကြီးခခွေးကစားပေး

တင်မိုး