Book Image
သန်းမြင့်အောင်

သန်းမြင့်အောင်
        အဖ ဦးချစ်အောင်၊ အမိ ဒေါ်ရင်ရွှေတို့မှ ၁၉၅၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ သန်းသန်းမြင့်ဖြစ်ပြီး အ.ထ.က(၁) တာမွေတွင် ဒသမတန်းထိ ပညာ သင်ကြားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဦးမင်းနိုင်နှင့်လက်ထပ်ခဲ့ပြီး သမီး ၂ ဦး မွေးဖွားခဲ့ပါသည်။
၁၉၇၈ ခုနှစ်မှ စတင်၍ စာရေးသားခဲ့ပါပြီး ၀တၳုတိုပေါင်းချုပ် (၁၁)အုပ်၊ လုံးချင်း၀တၳု (၄)အုပ်၊ ဆောင်းပါးပေါင်းချုပ် (၁)၊ အခြားစာရေး ဆရာများနှင့်တွဲ၍ ၀တၳုလတ်(၁၅)အုပ်ခန့် စသည်တို့ကို ရေးသားထုတ်ေ၀ခဲ့ပါသည်။
      ၂၀၀၀ ပြည့်နှစ်တွင် အောင်မြေပညာဒါနကျောင်းဖွင့်လှစ်ကူညီခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နာရေးကူညီမှုအသင်း၊ ရန်ကုန်တွင် စတင်ပါ၀င်ကာ (ယခု ဒု/ဥက္ကဋ္ဌ)အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ် တွင် “သုခရိပ်မြုံ” HIV ပိုးကူးစက်ခံ မိဘမဲ့ကလေးဂေဟာ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် “ဆည်းဆာရိပ်” ဂိလာနဘိုးဘွားရိပ်သာတည်ထောင်သည်။ ၂၀၁၀ ပြည့်နှစ်တွင် “အောင်” ဖောင်ဒေးရှင်း လူမှု၀န်းကျင်နှင့် ပရဟိတသင်တန်းကျောင်းတည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၀ ပြည့် နှစ်တွင် မလေးရှားနိုင် ကွာလာလမ်ပူမြို့တွင် “နှလုံးလှ” ပရဟိတလူငယ်သွေးလှူရှင်အဖွဲ့ ဖွဲ့စည်း၍ သွေးလှူဒါန်းပွဲများ ကျင်းပလျက်ရှိသည်။
      ယခုအခါ အမှတ် ၂၆၁/ ဗညားဒလလမ်း၊ အရိုးကုန်းရပ်ကွက်၊ တာမွေမြို့နယ်တွင် နေထိုင်ပါ သည်။

 
  
 

Written Books

Book Review Image

ရေဝေး ထိန်ပင် ထားဝယ်ချောင်

သန်းမြင့်အောင်
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်