"နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်" နှင့် အခြား၀တ္ထုတိုများ
စာရေးဆရာမ- နုနုရည်အင်း၀
ဒုတိယအကြိမ် - ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ။
စိတ်ကူးချိုချို စာပေမှ ထုတ်ဝေသည်။
မျက်နှာဖုံး ပန်းချီ - မင်းဇော်
အုပ်ရေ ၅၀၀
တန်ဖိုး- ၄၅၀၀ ကျပ်
စာမျက်နှာ အရေအတွက် ၃၀၄ မျက်နှာ
ဒီစာအုပ်လေး ထွက်တော့ အပြေးအလွှားသွား၀ယ်တာ ကုန်သွားတာနဲ့မရ ဖြစ်လိုက်ဘူး။ ခုမှ အကြောင်းတိုက်ဆိုင်ပြီး၀ယ်ဖြစ်သွားတော့ အရောင်းရဆုံး စာရင်းထဲမှာ Top (6) ၀င်နေမှန်းတောင် မသိခဲ့ဘူး။
ဒီစာအုပ်လေးကတော့ ၀ တ္ထုတိုပေါင်း (၂၆) ပုဒ် နဲ့ စုစည်းထားပါတယ်။စာအုပ် နာမည်က ဖတ်ဖူးရင်းနှီးဖူးတဲ့ ခေါင်းစည်းဖြစ်နေတာမို့ ဆရာမ ဘယ်စာအုပ်ထဲမှာ ၀ တ္ထုတို အနေနဲ့ ရေးထားတာဖတ်ဖူးသလဲ ပြန်စဉ်းစားကြည့်တော့ ပြန်လည်စုစည်းထုတ်ဝေထားတဲ့ ဆရာမ နုနုရည်အင်း၀ ရဲ့
၁) ထဘီလေး တစ်ထည် နှင့် အခြား၀ တ္ထုတိုများ စာအုပ်ထဲက လား
၂)ချစ်တဲ့သူ သခင်မြင်လာအုန်း မဂ္ဂဇင်း ၀ တ္ထုရှည် များ စာအုပ်ထဲကလား ဆိုတာ ဝေခွဲမရ ဖြစ်နေတော့ လည်း ဒီတိုင်းပဲ ၀ယ်ပြီးဖတ်လိုက်ပါတယ်။
ဒါပေမယ့် (၂၆) ပုဒ် သော ၀ တ္ထု တို ထဲမှာ ကျွန်တော် အတွက်တော့ မှတ်မိတာ မမှားဘူးဆိုရင် ဖတ်ဖူးပြီးသား အပေါ်က စာအုပ်နှစ်အုပ်ထဲက ၀ တ္ထုတို (၅)ပုဒ်လောက်က ပြန်လည်ပါဝင်လာပါတယ်
၁) နှင်းပြောင်းတဲ့ နွေငယ်မှာလေ
၂)နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်
၃)ထားခဲ့ပါဆရာ
၄)ခွေးသရဲ
၅)ကျွန်မ နဲ့ ဖုန်းဖြေစက် စတာတွေ
ပြန်ပါလာတော့ လည်း ပြန်ဖတ်ရတာပေါ့လေ ????။
(၂၆)ပုဒ်သော ဝ တ္ထု တို ထဲ က အကြောင်းလေးတွေ သောင်းပြောင်းထွေလာ အောက်ခြေ လူတန်းစား ကျေးလက် လူမှု ဘ၀ရဲ့ စိတ်သဘောထား အသွားအလာလေးတွေ၊ စကားပြောဟန်တွေ၊ ခေတ်စနစ် ရဲ့ အခြေအနေ တွေက လူတန်းစား တချို့ကို ဘယ်လိုထင်ဟပ်ပြီး ဒီလို လူတွေရဲ့ ဘ၀ ကျင်လည်မှု ဖြစ်စဉ်တွေ ၊ရုန်းကန်မှု ပုံစံတွေ၊ ထွေလီပွေလီ နိစ္စဓူ၀ အဖြစ်အပျက်တွေထဲက မှတ်မှတ်ရရ အချိုးအကွေး တွေကို ရိုးရိုးရှင်းရှင်း စာဖတ်သွက်သွက် အတွေးကြာကြာ နဲ့ ဖတ်ရမယ့် ၀ တ္ထုတိုလေးတွေပါ။ ပြန်လည်စုစည်းထားတဲ့ စာစဉ် ၀ တ္ထုတိုလေးတွေမို့ မဖတ်ဖူးသူ အတွက်တော့ အကုန်နီးပါး အသစ်တွေချည်းပါပဲ။ ဖတ်ဖူးသူ အနေနဲ့ကျတော့ တစုတစည်းတည်း စုစည်းထားတဲ့ အတွေးခံစားမှုရသ စာစု ဖြစ်တာမျိုး တစိမ့်စိမ့်နဲ့ ပြုံးရင်း၊ တွေးရင်း၊ ငေးရင်း နဲ့ နွေးထွေးစေမယ့် စာအုပ်လေးပါဗျာ။
စာဖတ်ခြင်းမှာ အချိန်ပေးပြီး မွေ့လျော်နိုင်ပါစေ
N????
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845