ဒီစာအုပ်က ဖတ်ပြီးတာကြာပါပြီ
အခုမှ Review ရေးချင်စိတ်ပေါ်လာတာနဲ့ ရေးလိုက်တာ။
အမှန်ဆိုကျနော်စာအုပ် Review မရေးဖူးပါဘူးဒါပထမဆုံးပါ။
ဒီစာအုပ်အကြောင်းပြောရတာဟာ ဒီစာအုပ်ကိုရေးတဲ့ သူအကြောင်းပြောပြရတာနဲ့ အတူတူပါပဲ။
လူတစ်ယောက်၊ဘ၀တစ်ခုမှာ ကြုံတွေခဲ့ရတဲ့ ပျော်ရွှင်စရာတွေ၊၀မ်းနည်းစရာတွေ၊နာကျဉ်းစရာတွေ၊မပြေလည်မှုတွေ၊အလွမ်းတွေ၊အချစ်တွေပါပဲ။
ဘ၀အချိုးအကွေ့အရမ်းများတဲ့ လူတစ်ယောက် ပါပီယွန်ပေါ့။
စာပို့သများဖြစ်ချင်တဲ့ပါပီယွန်၊
ကလပ်စစ်ကယ် ဂီတာကို အင်မတန်နှစ်သက်တဲ့ပါပီယွန်၊
ဘွဲ့လက်မှတ်တစ်ခုအတွက် တိုင်းတပါးကို ထွက်သွားတဲ့အခါ ဘယ်လို အခက်အခဲတွေ၊ဘယ်လို အမှတ်တရတွေနဲ့ ကြုံတွေ့ရမှာလဲ။
တစ်ခုထူးခြားတာကပေါ့
ဒီစာအုပ်ထဲမှာ သူနှစ်သက်တဲ့ ၀တ္ထုအကြောင်းတွေ၊သူအားကျတဲ့ လူတွေရဲ့ အကြောင်းတွေ ကို ထည့့်သွင်းရေးပြထားတာပါပဲ။ရသစာအုပ်သက်သက်မဟုတ်သလို သုတစာအုပ်လည်း မဟုတ်ပြန်ဘူး။
ခင်ဗျားတို့ဖတ်ကြည့်ရင်တွေ့လိမ့်မယ်
"သူငယ်သင်ကား ဘားမားက လာသည်ကိုး"
"သမီးတစ်ယောက်ရှိရင် ပေါ့လေ"
"၂၀တန်များအကြောင်း ၀တ္ထု"
"ရေပွက်ပမာ"
စသည့် ရသအခန်းတွေပါသလို
"Mob Mentality"
"ဟစ်တလာရဲ့ ဂျူးဆန့်ကျင်ရေးဆိုသည်မှာ"
"Individualism"
စသည့် ဗဟုသုတရစရာ အခန်းတွေလည်းပါ၀င်ပါတယ်။
တကယ့်ကို ဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပြီး
ဖတ်နေတဲ့အချိန်မှာ သင့်ကို လွန်ခဲ့တဲ့
နှစ် ၃၀ လောက်ကို ပြန်လည် ခေါ်သွားနိင်တဲ့ စာအုပ်ဖြစ်ပါတယ်။
နောက်ဆုံးပြောရရင်တော့
ပါပီယွန်ပြောနေကျ စကားလေး
"ပြင်သစ်သေနာပတိ
နပိုလီယန်သည် ကော်ဖီကြိုက်သည်။
ဗြိတိသျှဗိုလ်ချုပ် ၀ယ်လင်တန်သည်
လက်ဖက်ရည် ကြိုက်ခဲ့သည်။
ဝါးတားလူးတိုက်ပွဲတွင် နပိုလီယန် အရေးနိမ့်ခဲ့သည်"ဆိုတဲ့
စာပိုဒ်လေးဟာ ဘယ်လို အမှတ်တရတွေကို ထုပ်ပိုးသိမ်းစည်းပေးထားမှာလဲပေါ့။
နှစ်အုပ်ပေါင်းတစ်အုပ်ဖြစ်ပါတယ်။
#KarYar KZ