Book Image

အချစ်၊ မြစ်နှင့် လှေကလေးတွေ ( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )

မောင်ဒေါင်း

မောင်ဒေါင်း
အချစ်၊ မြစ်နှင့် လှေကလေးတွေ
( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )
နှစ်ကာလများ စာပေ၊
ပထမအကြိမ်၊ ဖေဖော်ဝါရီ ၂၀၂၀။
မျက်နှာဖုံးပန်းချီ - ရိုးမြေ။
၁၃.၇ စင်တီမီတာ x ၂၀.၈ စင်တီမီတာ။
စာမျက်နှာ - ၁၀၄ ၊ တန်ဖိုး - ကျပ် ၂၅၀၀။

၁၉ အောက်တိုဘာ ၂၀၁၉ ရက်စွဲဖြင့်ရေးသားထားသော ဆရာ အောင်ဝေး၏ '' ဗီသိုဗင် ရေရောင်အရက် 
( အတ္ထုပ္ပတ္တိဟန် အမှာ ) ပါရှိသည်။




'' ဒီလို လွမ်းတတ်တဲ့နေရာမှာတော့ မောင်ဒေါင်းက ကျွန်တော့်ထက် သာသည်။ သူက သူ့ဘဝကြီးထဲမှာ အမြဲတမ်း လွမ်းနေတတ်သူဖြစ်သည်။ သူ လူဖြစ်လာ တာကိုက လွမ်းဖို့၊ လွမ်းနေဖို့ ဖြစ်သည်။ ငြိမ်းချမ်းရေး ကိုသာလွမ်း။ ပြည်တွင်းစစ်ကြီး မပြီးဆုံးမချင်း သူ လွမ်းနေဦးမည်။ သူက သေသူတွေကိုလည်း လွမ်းသည်။ ရှင်သူတွေကိုလည်း လွမ်းသည်။ မသေ မရှင်တွေကိုလည်း သူ လွမ်းမှာပါပဲလေ။ သူလွမ်းလိုက်ပြီဆိုလျှင် 
ကျွန်တော်တို့ သူနှင့်အတူ လိုက်မလွမ်းဘဲ နေလို့မရတော့။ သူ့အလွမ်းက ကူးစက်သည်။ '' ( ဆရာအောင်ဝေး၏ အမှာ၊ စာမျက်နှာ ၁၇ မှ )

အတ္ထုပ္ပတ္တိဟန် ဝတ္ထုတို ၆ ပုဒ်ပါရှိပြီး '' အချစ် မြစ်နှင့် လှေကလေးတွေ၊ မိုးတွေညို့ရင် မျက်ရည်စို့တယ်၊ နေဝင်ရီတရော၌ ငေးရီခြင်း၊ တဖွေ့ဖွေ့လူ၊ ခုလောက်ဆို မောင်ပြည့်မင်းတစ်ယောက် နှင်းတွေ ဝေရောပေါ့ 
( မောင်ချောနွယ် )၊ မက်မောရာ ရေနှင့် ကြေကွဲလွမ်း ဆွတ်ခြင်းများ '' စသည့် ဝတ္ထုတိုများ ဖြစ်သည်။

'' သူသည် နှင်းမှုန်ထုကြီးထဲ ဆက်လို့သာ ငေးသွားနေ ပြန်တော့။ သူက နှင်းကို ချစ်ဟန်တူလေသည်။ သို့မဟုတ် သဘာဝတရားကို ချစ်တတ်သူဟု  ဆိုရမည် ထင်ပါသည်။ လရောင်၊ လေတိုးကြီးထဲက သစ်ရွက်ချင်း ထိခတ်သံ တဖျောဖျောကြီးတွေ။ ယုတ်စွအဆုံး နှင်းကလေးတစ်မှုန်၊ မိုးစက်ကလေးတစ်စ၊ ရွက်ကြွေလေးတစ်ရွက် စတာတွေအတွက် သူရင်ခုန်တတ်တာ ကျွန်တော် သိတာကြာပါပြီ။ ''
( အချစ်၊ မြစ်နှင့် လှေကလေးတွေ၊ စာမျက်နှာ ၂၁ မှ )

'' ကျွန်တော် ငေးနေလိုက်မိသည်။
ကိုအောင်ဇင်မင်းကို တွေ့ရပါသည်။ သူပြောသော ' မမြဲ ' ဆိုတာကို ကျွန်တော်သတိရမိပါသည်။ သူပြောသော 
' မမြဲ ' ဆိုတာတွေထဲ အဆုံးသတ်တစ်ခုခုကို တွေ့တွေ့နေရသလို ကျွန်တော် ခံစားနေရပါသည်။ မြစ်ရေတွေ စီးသွားသလို ပြောင်းလဲမှုကတော့ မဆုံး။
ကျွန်တော်ကား ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ချင်ပါသေးသည်။ 
( မိုးတွေညို့ရင် မျက်ရည်စို့တယ်၊ စာမျက်နှာ ၄၇ မှ )

'' 'ဟေ့လူ .....ခင်ဗျားက ကဗျာဆရာ၊လိပ်ပြာသန့်တယ်။ သူက  ဗိုလ်ချုပ်၊ လိပ်ပြာလန့်တယ်။'
သူ ဘာမှ ပြန်မပြောပါ။
ဆိုင်းသံ ဗုံသံတွေကြား နွေတစ်ညသည် တိတ်ဆိတ်လို့ သွားပြန်လေသည်။ ကျွန်တော်သည် နွေတစ်ည၌ သူ၏ တိတ်ဆိတ်သော ဥပေက္ခာကို တွေ့လိုက်ရတာ ဖြစ်ပါ သည်။ ''
( နေဝင်ရီတရော၌ ငေးရီခြင်း၊ စာမျက်နှာ ၅၉ မှ )

'' သေနတ်သံများ။ မုန်တိုင်းတိုက်ခတ်သံများ။ လှိုင်းလုံး ကြီးများ။ လူတွေအော်ဟစ်ပြေးလွှားနေသံများ။ ကလေး ငိုသံများ။ သေနတ်သံများ။ ' ရဟတ်ယာဉ်ပေါ်က ပစ်ချ လိုက်တဲ့ အုန်းပင်စုမှာ ....' ကျွန်တော် ငေးသွားနေမိ သည်။ ကျည်ဆန်များ။ လူတွေကို မှန်သွားတာဖြစ်ပါ သည်။ စိမ်းလန်းသောအိပ်မက်ကို ထိမှန်သွားတာဖြစ်ပါ သည်။ နေကြာအဝါတောကြီးကို ထိမှန်သွားတာဖြစ်ပါ သည်။ ခေါင်းလောင်းသံကို ထိမှန်သွားတာဖြစ်ပါသည်။ သမ္မာကျမ်းကို ထိမှန်သွားတာဖြစ်ပါသည်။ ထို့အတူ လူနှင့် သူ၏ Identity ကို ထိမှန်သွားတာလည်း ဖြစ်နေ ပြန်ပါသည်။ '' ( မက်မောရာ ရေနှင့် ကြေကွဲလွမ်းဆွတ်ခြင်းများ၊ စာမျက်နှာ ၁၀၁ မှ )

ဆရာမောင်ဒေါင်း၏ အရေးအသားတို့အား '' တသိမ့် သိမ့် အလွမ်း၊ တငြိမ့်ငြိမ့်အလွမ်း၊ တစိမ့်စိမ့်အလွမ်း '' ဟု ဆရာအောင်ဝေးက ဆိုပါသည်။ 

ဆရာမောင်ဒေါင်း၏ အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများမှာ နိုင်ငံရေး၊ အနုပညာနှင့် ဝေဒနာတို့၏ အဆက်အထုံး တို့ကို  နင့်နင့်နဲနဲ လွမ်းမောတသ ဖော်ကျူးထားသည့် အရေးအသားများဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၅ မတ် ၂၀၂၀


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

ရွှေဖနောင့်_ဝတၳုတိုများ

ဂျိုဇော်
Book Review Image

အာဆီယံ၀တ္ထုတိုများ

စောလူ
Book Review Image

တတိယမြစ်ကမ်းပါး

မြသန်းတင့်
Book Review Image

ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ

စိုးသိဏ်း
Book Review Image

၀တၳုတိုပေါင်းချုပ်

နေမျိုး
Book Review Image

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်
Book Review Image

ကျနော့် ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်

ရေအေး
Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

အာမိတ်

သိပ္ပံမောင်ဝ
Book Review Image

အာရပ်ဝတ္ထုတိုများ

တင့်ဇော်
Book Review Image

မက္ကဇင်(မ)ဂေါ်ကီ ၏ မာလ်ဗာနှင့်ဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ပရက်ရှပ်စ်မန်မို

ချိုပိန်းနောင်
Book Review Image

ကြုံတောင့်ကြုံခဲ သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့

မြူပါးရ်
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်
Book Review Image

မြေဇာပင်

စိုးထိုက်(ဖဒို)
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်
Book Review Image

ကောင်းကင်စားကျက်

မောင်ရဲခိုင်
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

အာဆီယံဝတ္ထုတိုများ

စောလူ
Book Review Image

စူထုံ ၏ ဝတ္ထုတိုများ

မြင့်သန်း
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်
Book Review Image

မြို့ပိုင်မောင်ပြုံးချို

မန်းတင်
Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်
Book Review Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်
Book Review Image

ဝတ္ထုအကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက

ရေအေး