Book Image

မြို့ပိုင်မောင်ပြုံးချို

မန်းတင်

မြို့ပိုင်မောင်ပြုံးချို

မန်းတင်
တန်ဖိုး - (၁၂၀၀၀)ကျပ် 
စိတ်ကူးချိုချို

မန်းတင်ကိုယ်ရေးအကျဥ်းနှင့်စာစုစာရင်း
စာအုပ်ဝယ်ယူလိုပါက
စိတ်ကူးချိုချို စာအုပ်တိုက်မှာ ရနိုင်သောစာအုပ်များ

ဒီစာအုပ်အကြောင်း ပြောပြဖို့ကတော့
အကြောင်းအရာက ခပ်များများပဲရယ် ...
ရေးချင်တာတွေများနေလို့ နည်းနည်းရှည်ပါမယ်နော် 
စာဖတ်သူဟာ ဆရာကြီးသိပ္ပံမောင်ဝရဲ့ မောင်လူအေးဆောင်းပါးများကို 
ကြိုက်နှစ်သက်သူဆိုရင် ဒီစာအုပ်ကိုလည်း ကြိုက်နှစ်သက်မှာအမှန်ပဲဖြစ်တယ် 
သိပ္ပံမောင်ဝဆိုတာ ကျနော်အကြိုက်ဆုံး စာရေးဆရာများထဲကတစ်ဦးပါ .. 
ဆရာကြီးဟာ ခေတ်စမ်းစာပေကို ဦးဆောင်သူများထဲမှတစ်ဦးဖြစ်တယ် ... 
ကျနော် ငယ်ငယ်က ကာတွန်းစာအုပ်တွေဖတ်တဲ့အရွယ်ကျော်လွန်လာသယောင် 
အသက်အပိုင်းအခြားတစ်ခုမှာ 
အဖေဝယ်လာပေးခဲ့တဲ့ ဦးဖိုးကျားကိုယ်တွေ့ဝတ္ထုများ နဲ့ သိပ္ပံမောင်ဝရဲ့ မောင်လူအေးဆောင်းပါးပေါင်းချုပ်ကို 
တစ်သက်မေ့နိုင်တော့မှာ မဟုတ်လောက်အောင် ကြိုက်နှစ်သက်စွာ ဖတ်ရှုခဲ့တယ် 
ကျနော့်ကို စာပေအဆင့်အတန်းတစ်ခုကို မြင့်တက်ပြီး ဖတ်ရှုလာစေအောင် 
ဆွဲဆောင်နိုင်ခဲ့တဲ့ စာအုပ်(၂)အုပ်ဆိုရင် မမှားပါဘူး 
ကြီးကြီးကျယ်ကျယ်ပြောကြေးဆို ဒီစာအုပ်(၂)အုပ်ကို အရမ်းကြိုက်ခဲ့တဲ့ ကျနော်ဟာ အဲ့ဒီခေတ်ရဲ့ ခေတ်ပေါ်ဝတ္ထုတွေကို ဖတ်မရတော့ပါဘူး
ပြီးတော့ ကိုလိုနီခေတ်/ဂျပန်ခေတ်/လွတ်လပ်ရေးခေတ်စတဲ့ 
ကိုယ်မမီလိုက်တဲ့ ခေတ်တွေကို ပိုစိတ်ဝင်စားတဲ့သူမို့လို့လားမသိ ခေတ်ပေါ်ဝတ္ထုတွေကို ဖတ်ကိုမဖတ်ဖြစ်တော့တာပါ 

မောင်လူအေးဆောင်းပါးတွေကို နှစ်သက်စွာဖတ်ရှုသူတွေဟာဆိုရင် စာဖတ်သူတွေဟာ 
မောင်လူအေးကို သံယောဇဉ်ဖြစ်မယ်
မင်းလတ်သင်္ဘောနဲ့ရင်းနှီးခဲ့မယ် 
မောင်လူမွှေးရဲ့ တီတီတာတာကို ချစ်တတ်လာမယ်
အင်းသူကြီးတွေ ၊ လယ်သမားကြီးတွေ နဲ့ ရိုးသားလှတဲ့ရွာသားတွေကို သနားမိလာမယ် 
အာမိတ် နဲ့ လွေ​ဇောရဲ့ ဆောင်းပါးမှာ မျက်ရည်စို့တက်လာမယ် 
ကိုယ်မထင်ထားလောက်အောင် ရသမျိုးစုံကို ခံစားသက်ဝင်စေခဲ့တဲ့ စာအုပ်ဖြစ်တယ် 
မြို့ပိုင်၊ နယ်ပိုင် ၊ ဝန်ထောက် ၊ အရေးပိုင်အဖြစ်နဲ့
အမြို့မြို့ အနယ်နယ်မှာ အမှုထမ်းခဲ့တဲ့ မောင်လူအေးရဲ့ ဘဝရေယာဉ်ကြောမှာ မြောခဲ့ကြမယ် 


ဆရာမန်းတင်ရဲ့ မြို့ပိုင်မောင်ပြုံးချိုမှာဆိုရင်လည်း ထိုကဲ့သို့ပါပဲ 
ဆရာမန်းတင်ဟာ မြို့ပိုင် ၊ နယ်ပိုင်၊ ခရိုင်ဝန် ၊ အတွင်းဝန် ၊ တိုင်းမင်းကြီး စသဖြင့် မြန်မာပြည်အရပ်ရပ်မှာ 
အမှုထမ်းခဲ့တာဖြစ်လို့ သူ့ရဲ့ ဘဝရေယာဉ်ကြောကလည်း အရှည်ကြီးပါပဲ 
ဆရာကြီးသိပ္ပံမောင်ဝဟာ ၁၉၂၉-၁၉၄၂မှာ အမှုထမ်းအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်လို့ မောင်လူအေးဆောင်းပါးတွေမှာဆိုရင်
အဲ့ဒီအပိုင်းအခြားကာလတစ်ခုရဲ့ အငွေ့အသက်တွေကို သိမြင်ခံစားရမယ် 
၁၉၄၂မှာ ဓားပြတွေရဲ့ သတ်ဖြတ်ခြင်းခံရလို့ သိပ္ပံမောင်ဝဟာ အမှုထမ်းအတွေ့အကြုံ ဆောင်းပါးတွေ ဆက်မရေးနိုင်တော့တာဟာ 
ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ 
ကျနော်တို့လည်း မဖတ်ရတော့ဘူးပေါ့ဗျာ 

တိုက်ဆိုင်စွာပဲ ဆရာမန်းတင်ဟာ ဆရာသိပ္ပံမောင်ဝဆုံးတဲ့ ၁၉၄၂မှာ အမှုထမ်းစဖြစ်တယ် 
ဆရာမန်းတင်ဟာ မြို့ပိုင်မောင်ပြုံးချိုဆိုတဲ့ 
ဇာတ်ကောင်တစ်ခုကို ဖန်တီးပြီး 
သူ့ရဲ့ အမှုထမ်းဘဝအတွေ့အကြုံများကို 
စာစီကုံးရေးသားခဲ့တာဖြစ်တယ် 

ဆရာကြီး တာဝန်ထမ်းဆောင်ခဲ့တာဟာ
အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ် ၊ လွတ်လပ်ရေးခေတ် ၊ ရောင်စုံသူပုန်ခေတ် စသဖြင့် 
ခေတ်ပေါင်းစုံကို ကျော်ဖြတ်ခဲ့ရသူမို့
အတွေ့အကြုံ စုံလင်မှုကတော့ 
ပြောစရာတောင်လိုမယ်မထင်ပါ
ဆောင်းပါးပေါင်း (၉၆)ပုဒ်ပါဝင်ပါတယ်
အချို့ဆောင်းပါးများကိုအထေ့၊ အငေါ့၊ သရော်တော်တော်တွေနဲ့ တန်ဆာဆင်ရေးဖွဲ့ထားတာမို့ 
​စာဖတ်ရင်း ခဏခဏပြုံးယောင်ယောင် ဖြစ်မိသေးတယ်

ဆရာကြီးဟာ အင်္ဂလိပ်ရဲ့လခစားအမှုတော်ထမ်းသူတစ်ယောက် ... 
ဆရာကြီးဟာ ဗြူရိုကရက်တော့ ဗြူရိုကရက်ပဲ
ဒါပေမယ့် ဆရာကြီးဟာ သူကျင်လည်ခဲ့တဲ့ နယ်မြို့ရွာများရဲ့ ရွာသားတွေ၊လယ်သမားတွေ၊အင်းသားတွေရဲ့ နေရာကနေ မျှဝေခံစားတတ်ခဲ့သူ ဖြစ်တယ်
အင်္ဂလိပ်ခေတ်မှာဆို ရွာသူရွာသားတွေ အခွန်ဆောင်တဲ့အခါမှာ ကြုံရတဲ့ဒုက္ခတွေ ၊
အမတော်ကြေးချေးစဉ် နဲ့ ပြန်ဆပ်ရစဉ်မှာ ကြုံတွေ့ရတဲ့အခြေအနေတွေ ၊ 
အင်းလေလံဆွဲတဲ့အခါမှာ တွေ့ကြုံရတဲ့ ဖြစ်စဉ်အရပ်ရပ်တွေကို မျှဝေခံစားနားလည်တတ်ခဲ့သူဖြစ်တယ် 

အင်္ဂလိပ်အပြေး ဂျပန်အဝင်မှာဆိုရင်လည်း 
ဂျပန်တွေနဲ့ ဆက်ဆံရေးခိုင်မာနားလည်မှုရအောင် တည်ဆောက်ရတဲ့ မောင်ပြုံးချိုရဲ့ ဘဝကလည်း လွယ်ကူမနေခဲ့ပါဘူး 
သခင်များနဲ့ မြို့နယ်တိုးတက်ရေး လက်တွဲလုပ်ဆောင်ခဲ့ရတဲ့ အခြေအနေတွေ ၊
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့ ကင်ပေတိုင်ရဲ့ လုပ်ရပ်များကလည်း ကြောက်မက်စဖွယ်ပါ
လေယာဉ်ဗုံးကြဲတဲ့ရက်များမှာ အသက်လုပြေးရတဲ့ မောင်ပြုံးချိုရဲ့ ဖြစ်စဉ်များကလည်း စိတ်ဝင်စားစရာအတိနဲ့ ... 

လွတ်လပ်ရေးရအပြီး ရောင်စုံသူပုန်သောင်းကျန်းတဲ့ ခေတ်ကာလများကတော့ မောင်ပြုံးချိုအတွက် အခက်အခဲဆုံးကာလများပါပဲ
ဖနောင့်နဲ့တင်ပါး တစ်သားထဲကျအောင် ပြေးလွှားပုန်းအောင်းခဲ့ရတာတွေ 
သူပုန်လက်ထဲအမိခံရလို့ စိုးရိမ်စရာအခြေအနေကနေ လွတ်မြောက်ခဲ့ရပုံတွေ 
သူပုန်အောက်ကျရောက်ခဲ့ရတဲ့ နယ်မြို့များကနေ ရန်ကုန်အရောက် ပြန်ပြေးခဲ့ရပုံတွေက ကျနော်တောင် မောင်ပြုံးချိုနေရာ ဝင်ခံစားမိပြီး မောဟိုက်ခဲ့ရပါသေးတယ် 

ကျနော်ရေးထားတဲ့အကြောင်းအရာတွေဟာ စာအုပ်ရဲ့ တစ်စိတ်တစ်ပိုင်းမျှသာပါ
နယ်မြို့ရွာများရဲ့ ထိုခေတ်ကအခြေအနေအရပ်ရပ် ၊ လူထုရဲ့ စိတ်သဘောထား၊ 
ခေတ်တစ်ခုရဲ့ ပုံရိပ်အနေအထား၊ အုပ်ချုပ်မင်းလုပ်သူလူတန်းစားရဲ့ အုပ်ချုပ်မှုဆိုင်ရာစီမံခန့်ခွဲမှုတွေ ၊ 
ကျင်လည်ခဲ့ရာ မြို့ရွာများရဲ့ အလှတရား နဲ့ လူတန်းစားဘဝအထွေထွေ စသဖြင့် 
အကြောင်းအရာစုံလင်လှတဲ့ စာအုပ်ကြီးဖြစ်တယ် 

စာမျက်နှာ (၆၂၆)မျက်နှာရှိတဲ့ စာအုပ်ကြီးတစ်အုပ်အကြောင်းကို ပြည့်စုံအောင်ပြောပြဖို့ကတော့ ခက်ခဲလှပါတယ်ဗျာ
ကျနော်ပြောပြထားတာလေးတွေ စိတ်ဝင်စားမယ်ဆိုရင်တော့ ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်
စာအုပ်ကြီးက တကယ်လည်းကောင်းလွန်းလို့ပါ 

ဖတ်ညွှန်းရေးသူ - Goden Gollii




Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ရွှေဖနောင့်_ဝတၳုတိုများ

ဂျိုဇော်
Book Review Image

အာဆီယံ၀တ္ထုတိုများ

စောလူ
Book Review Image

တတိယမြစ်ကမ်းပါး

မြသန်းတင့်
Book Review Image

ဂျက်ဖရီအာချာ_လက်ရွေးစင်ဝတၳုတိုများ

စိုးသိဏ်း
Book Review Image

၀တၳုတိုပေါင်းချုပ်

နေမျိုး
Book Review Image

အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်
Book Review Image

ဝတ္ထုတိုများ

မောင်ဝဏ္ဏ
Book Review Image

ပြောလို့မကုန်သောဝတ္ထုများ

သန်းမြင့်အောင်
Book Review Image

ကျနော့် ခန္ဓာကိုယ်ထဲမှာ မိန်းမတစ်ယောက် ကျူးကျော်နေထိုင်

ရေအေး
Book Review Image

ဝတ္ထုတိုပေါင်းချုပ်

ဇော်ဇော်အောင်
Book Review Image

အာမိတ်

သိပ္ပံမောင်ဝ
Book Review Image

အာရပ်ဝတ္ထုတိုများ

တင့်ဇော်
Book Review Image

မက္ကဇင်(မ)ဂေါ်ကီ ၏ မာလ်ဗာနှင့်ဝတ္ထုတိုများ

မြသန်းတင့်
Book Review Image

ပရက်ရှပ်စ်မန်မို

ချိုပိန်းနောင်
Book Review Image

ကြုံတောင့်ကြုံခဲ သီးခြားဆန်သော အဖြစ်အပျက် ဘ၀ပုံရိပ် နှင့် ကိစ္စတချို့

မြူပါးရ်
Book Review Image

နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်

နုနုရည်အင်းဝ
Book Review Image

ဂျီဩမေတြီဂေါဝိန်

သိုက်ထွန်းသက်
Book Review Image

မြေဇာပင်

စိုးထိုက်(ဖဒို)
Book Review Image

မက္ကဇင်ပါပီ၏ ထရော်မာများ

ပါပီယွန်
Book Review Image

ပယ်ရီပယ်ရီ ချစ်ကန်း

ပါပီယွန်
Book Review Image

ကောင်းကင်စားကျက်

မောင်ရဲခိုင်
Book Review Image

ယန်းပေါလ်ဆာဒ်ရဲ့ နံရံ ၀တ္ထုတိုများ

ဒီနိုဗို
Book Review Image

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ နောက်ထပ် အချက်အလက်များ: စဉ်, ဇာတ်ကားအမည် ... စဉ် ဇာတ်ကားအမည် ပြသခဲ့သည့်နှစ် မှတ်ချက် ၁ နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂ ၂ မောင်တို့ချယ်ရီမြေ ၁၉၆၃ ၃ ဆောင်းအိပ်မက် ၁၉၆၇ ၄ တိမ်လွှာမို့မို့လွင် ၁၉၆၇ ၅ မှုံရွှေရည် ၁၉၇၀ ၆ မုန်းပါ

ဝင်းဦး
Book Review Image

ထိုသုံးဦး ဤကိုးပုဒ်

နုနုရည်အင်းဝ
Book Review Image

အာဆီယံဝတ္ထုတိုများ

စောလူ
Book Review Image

အချစ်၊ မြစ်နှင့် လှေကလေးတွေ ( အတ္ထုပ္ပတ္တိဟန် ဝတ္ထုကလေးများ )

မောင်ဒေါင်း
Book Review Image

စူထုံ ၏ ဝတ္ထုတိုများ

မြင့်သန်း
Book Review Image

အိမ်ကလေး ၁၆ လုံး

နေဝင်းမြင့်
Book Review Image

ဝတ္ထုတိုတစ်ပုဒ် ဖန်တီးခြင်း

မောင်အေးကို (ပေါင်တလည်)
Book Review Image

မုဆိုးချည်တဲ့ကြိုး ၀တ္ထုတိုစု

မောင်အေးကို (ပေါင်တလည်)
Book Review Image

ရန်ကုန်မြစ်၏ တစ်နေရာ

မိုးကျော်ဇင်
Book Review Image

မပျော်ရွှင်နိုင်သေးတဲ့မြို့

မိုးကျော်ဇင်
Book Review Image

ဝတ္ထုအကြောင်း ပြောတဲ့အခါ ပြောဖြစ်တာတွေက

ရေအေး