ဒီစာအုပ်က ဆရာမောင်ဝဏ္ဏပရိသတ်တွေအတွက်
ဝယ်ကိုဝယ်ထား သိမ်းထားသင့်တဲ့စာအုပ်ဖြစ်ပါတယ်..
ဆရာမောင်ဝဏ္ဏကို ပန်းတွေနဲ့ဝေ ဝတ္ထုနဲ့ကျွန်တော်စသိခဲ့ပါတယ်
ဆရာဟာ ဝါကျတည်ဆောက်ပုံ ရှုပ်ထွေးမှုမရှိဘဲ
ဖတ်လိုက်တာနဲ့ ဒါကိုဆိုလိုပါလားဆိုတာကို
ဒိုးခနဲ ဒေါက်ခနဲ သိအောင် ရေးနိုင်တဲ့ကလောင်ပိုင်ရှင်ဖြစ်ပါတယ်
ဒီ ဝတ္ထုတိုများစာအုပ်ထဲက
ကျွန်တော့်ချစ်သူများ ၁..၂..၃..၄(လေးပုဒ်)
ဒါ့အပြင် ဆရာမောင်ဝဏ္ဏရဲ့ အနုပညာအတွေ့အကြုံ
ဒါရိုက်တာ ဖြစ်မလာခင်က ဖခင်ဦးသာဓုရဲ့ နောက်လိုက်အဖြစ်နဲ့
အောက်ခြေက စပြီး တက်ခဲ့ရပုံ...
ဆရာမောင်ဝဏ္ဏရဲ့ နောက်ထပ်နာမည်ကြီး
ဝတ္ထုတိုဇာတ်ကောင်များဖြစ်တဲ့ မောင်စိန်သောင်း မနှင်းရည်
ဝတ္ထုထဲကလို ဆရာမောင်ဝဏ္ဏနဲ့ သူ့အမျိုးသမီး သူတို့နေထိုင်ရာ
ရပ်ကွက်ထဲက ဖြစ်တတ်တဲ့အလွဲလွဲအချော်ချော်လေးတွေကို
ဟာသနှောပြီးရေးထားတဲ့ အပုဒ်လေးတွေ ပါပါတယ်..
ဝတ္ထုတစ်ပုဒ်ဖတ်ပြီးတိုင်း တွေးစရာတစ်သီတစ်တန်းကြီး
ပေးတာမျိုးမဟုတ်ဘဲ
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ်ဖြစ်နေကျ အဖြစ်အပျက်တွေ
အလွဲအချော်လေးတွေ...ဒါတွေကိုပဲ ဆရာက ပါးပါးလေး
ထောက်ပြသွားတာမျိုးဖြစ်ပါတယ်...
ကျွန်တော် ဒီစာအုပ်ကို နှစ်ရက်နဲ့ ပြီးအောင်ဖတ်ခဲ့ပါတယ်..
ခေါင်းစဉ်တွေကအစ စိတ်ဝင်စားဖို့ကောင်းတာဖြစ်လို့
စာမျက်နှာငါးရာကျော်ဟာ ဘယ်လို ကုန်သွားမှန်းတောင်
မသိခဲ့ရအောင်ပါပဲ....
#Linn Yate Nyo
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543